Part 6 (Uni/ZG)

15.1K 351 2
                                    

အပိုင်း    ၆

ရုတ်တရတ် ဆောင့်ဆွဲခံလိုက်ရတော့
တေး တစ်ယောက် ဘောစ့်ရဲ့ရင်ခွင်ထဲ
အလိုလိုရောက်သွားရသည်..
ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ ပို၍တင်းကျပ်စွာ
ဖက်လာသည့် လက်တစ်စုံကြောင့်..
တေး ဘောစ့်ရဲ့ရင်ဘတ်ကြီးနှင့်
ထိကပ်လျက် ဖြစ်သွားခဲ့သည်..

" ကိုယ်မင်းကို သဘောကျတယ်.."

" ဟင်.."

ရုတ်တရတ် ပြောထွက်လာသည့်
စကားကြောင့်တေးတစ်ယောက်
ခဏတာ မှင်သက်သွားခဲ့သည်..
တေးတစ်ယောက် ဘောစ့်ထံမှ
ဒီလိုစကားကို ကြားရလိမ့်မည်ဟု..
မထင်ထားပေမဲ့ ခုတော့..ဘောစ့်ရဲ့
ဆွဲဆောင်မှုအပြည့် ရှိတဲ့ နှခမ်းက
ထွက်လာသည်က..သဘောကျတယ် တဲ့

တေး တစ်ယောက် ဘောစ့်ကို
အံ့အားသင့်စွာ ကြည့်နေတုန်း..
တေးရဲ့ နှဖူးလေးကို ငုံ့နမ်းလာသူက
ဘောစ့်ပင်..

"ကိုယ် ဘယ်မိန်းကလေးကိုမှ ..
သဘောမကျဖူးဘူး...
မင်းတစ်ယောက်ကိုဘဲ..
ကိုယ်သဘောကျတာ
ခုကစပြီး မင်းကကိုယ့်ရဲ့အပိုင်ဘဲ "

တေးတစ်ယောက် ကြားလိုက်စကားကို
မယုံနိုင်..
ရင်ထဲကို နွေးထွေးသွားသည်ဟု
ခံစားလိုက်ရသည့် ဒီခံစားချက်က..
တေးရင်ထဲ အမည်မသိစွာဖြစ်ပေါ်လျက်..

မဟာ သူမကိုကြည့်လိုက်တော့..
ငြိမ်သက်စွာဖြင့် သူ့ရင်ခွင်ထဲတွင်
မလှုပ်မယှက်ပင်..
မဟာ မနေနိုင်လွန်းလို့ သူမကို
မြတ်နိုးစွာသူမနှဖူးလေးကို ဖွဖွလေး
နမ်းရှိုက်လိုက်တော့..ပါးတွေရဲကာ..
ခေါင်းလေးငုံ့နေသော သူမ..

"အဟွန်း..."

မဟာ သူမကိုကြည့်ရင်း
သဘောကျစွာ ပြုံးလိုက်သည်...

"ဒီနေ့တော့..
ကိုယ်ဒီလောက်ဘဲပြောတော့မယ်
မင်း နေရတာခက်မှာစိုးလို့..
ပြန်ကြမယ်လေ...
မင်း ပင်ပန်းနေလိမ့်မယ်.."

မဟာ ပြောရင်း သူမလက်ကိုဆွဲကာ..
ဟိုတယ်သို့ ပြန်လာခဲ့သည်..

တေးတစ်ယောက် ဘောစ့်ရဲ့အပြုအမူကြောင့်
တေးတစ်ယောက် ပါးတွေပူလွန်းလို့..
နီရဲနေမှာအမှန်ပင်..
တေးလည်း ဘာမှမပြောဘဲ..
ခေါင်းလေးငုံ့ကာ..ဘောစ့်နောက်သာ..
လိုက်လာခဲ့သည်..

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Dove le storie prendono vita. Scoprilo ora