🌺 မင်းတစ်ယောက်သာ 🌺
အပိုင်း ၂၀
ရွှေရောင်မင်္ဂလာခမ်းမကြီးထဲတွင်
သတိုးသားနှင့် သတိုးသမီးက
လက်စွပ်လယ်လှယ်ခြင်း ပြုလုပ်ပြီးနောက်
အရောင်တလက်လက်တောက်ပနေသော
ရွှေရောင် လက်ထပ်စာချုပ်လေးပေါ်သို့
လက်မှတ်ရေးထိုးလိုက်ကြသည်..." ခုကစပြီး သား နဲ့ သမီးတို့က
အကြင်လင်မယား ဖြစ်သွားပြီးနော်
သမီးက ဆိုးတာဖြစ်ဖြစ် ကောင်းတာဖြစ်ဖြစ်
သားလေးက ခွင့်လွှတ်ပေးပါနော်...."" သမီးလေးက ခုအိမ်ထောင်ရှင်မလေး
ဖြစ်သွားပြီးဆိုတော့..သမီးရဲ့
ခင်ပွန်းနောက် လိုက်နေရတော့မယ်..
အဲ့တော့ သမီးက လိမ်လိမ်မာမာနေနော်.."..ဒေါ်ရွေစင် လှပလွန်းသော သမီးမျက်နှာကို
ကြည့်ကာ..သက်ပြင်းလေးချရင်း
အမှာစကားများ မှာကြားလို့နေ၏" ဟုတ်..."
မေမေရဲ့စကားကြောင့် တေးခေါင်းလေးငြိမ့်
ပြလိုက်သည်..
မဟာ လှပလွန်းသောသူမလေးကို
တစ်ချက်ကြည့်ရင်း..
သေးသွယ်လွန်းသော သူမလက်လေးကို
ဆုတ်ကိုင်လိုက်ကာ.." စိတ်ချပါ ကျွန်တော် တေးကို
ပျော်ရွှင်အောက်ထားမှာပါ..
မျက်နှာလေးတောင် မညိုးစေရပါဘူး..""ဟုတ်ပါပြီကွယ်..အဟင်း.."
တေးလည်းခန့်ညားလွန်းသည့်
ဘောစ့်ကိုတစ်ချက်ကြည့်လိုက်ရင်း
ပြုံးလိုက်မိသည်..
ဒီနေ့ဟာ တေးရဲ့အပျော်ဆုံး
နေ့တစ်နေ့ဆိုလည်း မမှား..မင်္ဂပွဲကြီး ပြီးသွားတော့..
ရွှေရောင်လက်ထပ်စာချုပ်လေးကို
ရင်မှာပိုက်ကာ..ဘောစ့်ရဲ့လက်မောင်းကြီးကို
ဖက်တွယ်ရင်း နှင်းဆီပန်းတို့ဖြင့်
အလှဆင်ထားသည့် ပြောင်လက်နေသော
ကားအဖြူလေး၏ နောက်ခန်းထဲသို့
ဘောစ့်နှင့် အတူ ဝင်ထိုင်လိုက်၏တစ်လမ်းလုံးမှာလည်း တေးတစ်ယောက်
ရွှေရောင်လက်ထပ်စာချုပ်လေးကို
ခဏခဏငုံ့ကြည့်နေမိသည်" ဘာဖြစ်လို့လဲ ခလေး..
လက်ဖျားတွေလည်း အေးစက်နေတာဘဲ.."သူမကိုစိတ်ပူစွာဖြင့် နှဖူးလေးစမ်းလိုက်
ပါးလေးစမ်းလိုက် လုပ်နေသည့်သူက
သူမသိပ်ချစ်ရတဲ့ ဘောစ့်ပင်
စိတ်ပူစွာဖြင့် ကြည့်နေသည့်ဘောစ့်ရဲ့
မျက်ဝန်းတွေက အကြင်နာရိပ်လေးတွေ
သန်းလို့နေ၏..
တေးလည်း ဘောစ့်ကိုကြည့်ရင်း
ခေါင်းလေးရမ်းလိုက်ကာ..
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...