အပိုင်း ၂
"ဝါး...ဒီစားပွဲလေးက အရမ်းမိုက်တာဘဲ"
"ညီမတေး..ညီမ ဘာတွေလုပ်ထားလို့
ဒီလောက်ထိကံကောင်းနေရတာလဲဟင်.."တေးရဲ့ ပတမဆုံးအလုပ်ဝင်သည့်
အချိန်မှာ အမှားတွေဖြစ်မှာ တခြားသူတွေနဲ့
အဆင်မပြေမှာကို တွေးပြီး ကြောက်နေပေမဲ့
ခုတော့ အားလုံးစိတ်အေးသွားရသည်
တေးကုမ္ပဏီထဲ ဝင်ဝင်ချင်း
ကုမ္ပဏီက.မမ တွေက တေးကို
လာကြိုပြီး စကားတွေပြောကြ
အဖော်လုပ်ပေးတာ..တေးဖြင့်ကြောက်စိတ်တောင်မရှိတော့ပါ.."ညီမက ချစ်တေးပျိုမို့လား.."
"လာ..လာ..အမတို့မျှော်နေတာ.."
"ညီမက မနေ့ကဘောစ့်ရဲ့
အတွင်းရေးမှူးဖြစ်သွားတဲ့သူမို့လား..""ဟုတ်ကဲ့..."
"အမတို့ ၃ ယောက်က ညီမကို
မျှော်နေတာ..အမက ဝတ်ရည် သူက
ဖြိုးဖြိုး..သူက ပြည့်စုံ...""ဟုတ်..ဒါနဲ့အမတို့က တေးကို
ဘာလို့မျှော်နေတာလဲဟင်..""ဘာလို့ကမှာလဲ..တေးရဲ့
စားပွဲကိုလိုက်ပို့မို့လေ.."မမ ဝတ်ရည်ဆိုသူက
ပြောလည်းပြော တေးရဲ့လက်ကိုဆွဲကာ
ကုမ္ပဏီထဲဝင်ခဲ့သည်..
ပြီးတာနှင့် တေးအတွက်လိုအပ်မဲ့
ပစ္စည်းတွေကို အမတို့က ကူသယ်ကာ
တေးထိုင်ရမဲ့
ဘောစ့်ရဲ့အခန်းရှေ့ထိလိုက်ပို့သည်..
ခုလည်း ရုတ်တရတ် တေးကို
ဘာတွေလုပ်ထားလို့ ကံကောင်းနေတာလဲတဲ့"ဘာမှ မလုပ်ထားပါဘူးမမရဲ့
ဘာလို့လဲဟင်..""ညီမသိလား..ဘောစ့်ကလေ
အရင်က အတွင်းရေးမှူးရာထူးကို
ဖြုတ်ထားတာကြာပြီ..
ခုကြမှ တေးကို ဘာလို့အတွင်းရေမှူး
ခန့်တာလဲမသိဘူး
တေးနဲ့ ဘောစ့်က... သိနေတာလား "ဖျတ်ခနဲမော့ကြည့်လာသည့်
မျက်ဝန်းဝိုင်းဝိုင်းလေးတွေ
ချစ်စရာကောင်းနေပြီး
နှခမ်းလေးကလည်း ဘာမှမဆိုးထားဘဲ
နီရဲနေ၏.."မဟုတ်ပါဘူး..."
"တေး!..."
ရုတ်တရတ် ဆိုသလို
ဘောစ့်ရဲ့ရုံခန်းတံခါးက ပွင့်လာကာ
ဘောစ့်ရဲ့အသံကြောင့် တေးလည်း
ဘောစ့်ကို လှည့်ကြည့်လိုက်ကာ..
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...