🌺 မင်းတစ်ယောက်သာ 🌺
အပိုင်း ၁၈
မနက်ခင်းနေရောင်ခြည်လေးက
မှန်တံခါးလေးကနေ အခန်းငယ်လေးထဲ
ထိုးဖောက်ဝင်လာတော့..
တေးတစ်ယောက် မှန်ရှေ့တွင်
ခန္ဓာကိုယ်လေးကို ဟိုလှည့်ဒီလှည့်ဖြင့်
ကြည့်နေမိသည်..ပန်းရောင်ဖျော့ဖျော့ ဂါဝန်လေးကို
ဝတ်ထားကာ ဖြောင့်ဆင်းနေသော
ဆံနွယ်လေးကို မြောက်စီးထားတော့..
မျက်နှာလေးက ပို၍ပေါ်လွှင်နေကာ
အိစက်ပြီး ပန်းရောင်းသန်းနေသော
ပါးမို့မို့လေးက ကိုက်ဆွဲချင်စရာအတိ
ပန်းဆီရောင်ဖျော့ဖျော့လေး ဆိုးထားသည့်
နှခမ်းဖူးဖူးလေးက နမ်းချင်ရာပင်" ကုမ္ပဏီကို ဒီလိုကြီးသွားတာ
အဆင်ပြေပါ့မလား.."တေးတစ်ယောက်ထူးထူးဆန်းဆန်းပင်
မနက် ၅ ထိုးခနဲက ထကာ
ကိုယ့်ဘာသာ ပြင်ဆင်ပြီး
မှန်ထဲတွင်ကြည့်၍ တစ်ခုခုကို
စိတ်ထဲက စိုးရိမ်နေသလိုလိုပင်" ဟူး...."
နောက်ဆုံးမှန်လေးကို တစ်ချက်ကြည့်ကာ
သက်ပြင်းလေးသာ ချလိုက်ရင်း
လွယ်နေကျ အိတ်လေးကို
ယူကာ အခန်းထဲမှ ထွက်လာခဲ့သည်..
အိမ်ထဲကနေပင် မထွက်ရသေး
လက်ကဝတ်ထားသည့် စိန်လက်စွပ်လေးကို
ကြည့်ကာ..ရင်တုန်လာသလိုလို
စိတ်တွေကထိန်းသိမ်း၍မရချင်..ကိုယ့်ဘာသာတွေးရင်း အလိုလို
ပြုံးမိသွားကာ အိမ်ထဲကထွက်လာတော့..
မကြာပါ..အိမ်ရှေ့ကိုတောက်ပြောင်နေသော
အနက်ရောက်ကားတစ်စီးက
ထိုးရပ်သွားသည်မို့
ကြည့်နေတုန်းမှာပင်..ကားရှေ့ခန်းထဲမှ
ထွက်လာသူက ဘောစ့်ပင်ဘောစ့်ကိုမြင်သည်နှင့် စိတ်တွေက
ထိန်းသိမ်မရ..ရောက်ယှက်ခက်နေ၏
ဘောစ့်ကို တစ်ချက်သာကြည့်ရင်း
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်
အကြည့်တွေလွဲလိုက်ကာ..
ထွက်သွားဖို့ ပြင်လိုက်ပေမဲ့.." အိုး..ဘောစ့်..."
အနောက်ကနေ သိမ်းကျုံးဖက်ခံလိုက်ရတော့
တေးရဲ့ ခန္ဓာကိုယ်လေးက ဘောစ့်ရင်ခွင်ထဲ
မြုတ်တော့မည့်မတတ်ပင်..
လူကိုဆွဲဖက်ပြီး..နားနားလေးသို့ကပ်လာကာ
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...