အပိုင်း ၁၀
"အိုး..အမေ့..အွန့်.."
လက်ကနေ ဆတ်ခနဲ ဆွဲခံလိုက်ရတော့..
အရှိန်ဖြင့် တေးရဲ့ကိုယ်လုံးလေးက
ဘောစ့်ရင်ဘတ်ပေါ်တည့်တည့်ကျသွားရကာ တေးနှခမ်းနှင့် ဘောစ့်ရဲ့နှခမ်းက
ထိကပ်သွားရသည်..
တေးလည်း ရှက်လည်းရှက် သည်မို့
ချက်ချင်း ထဖို့ကြိုးစားလိုက်ပေမဲ့..
လက်မောင်းကနေပြန်လည်ဆွဲချခံလိုက်သည်မို့" အွန့်..."
မဟာတစ်ယောက် သူမရဲ့
လက်မောင်းလေးကနေ ဖိချထားရင်း
သူမရဲ့ နှခမ်းဖူးဖူးလေးကို မြတ်နိုးစွာ
ဖိကပ်နမ်းရှိုက်လိုက်သည်" မင်းကြောင့် ကိုယ်ရူးတော့မယ် သိလား "
" ဟင်.... "
" မင်းကို အရမ်းလည်းချစ်တယ်
အရမ်းလည်း မြတ်နိုးတယ်....
ကိုယ်မင်းကို ပိုင်ဆိုင်ချင်လွန်းလို့
ရူးတော့မယ်
အဲဲဒါ ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ..."" အိုး.."
ဘောစ့်ရဲ့ စကားကြောင့် တေး
မျက်လွှာလေးကို အသာချထားလိုက်မိသည်..
ရှက်လွန်းလို့ ပါးလေးတွေ ပူတက်လာရကာ
နှလုံးခုန်သံတွေလည်း မြန်လာရသည်..
ဘောစ့်ရဲ့ အကြည့်တွေအောက်မှာ
တေးတစ်ယောက် ကျရှုံးနေပါပြီ.." ....."
သူပြောလိုက်တော့ ရဲ့တက်လာသည့်
ပါးမို့မို့လေးကို ကြည့်ရင်း..
မဟာတစ်ယောက် သဘောကျစွာ
ပြုံးလိုက်သည်..." အဟွန်း.."
သူ့ရင်ဘတ်ကို သူမရဲ့
လက်သေးသေးလေးတွေက တွန်းဖယ်ရင်း
ရုန်းထွက်ဖို့ လုပ်နေသည့် သူမကြောင့်" တခြားသူတွေသာ မြင်သွားရင်
မကောင်းပါဘူး လွှတ်ပါ.."ပြောနေရင်း အတင်းရုန်းထွက်နေသည့်
သူမကြောင့် သူမရဲ့နောက်ကျောပြင်
လေးကနေ ဆွဲဖက်လိုက်တော့..
အလိုက်သင့်လေး..သူ့ရင်ခွင်ထဲကို
သူမရဲ့ ကိုယ်လုံးလေးက တည့်တည့်မတ်မတ်
ဝင်လာ၏.." အိုး...ဘောစ့်"
သူလည်း သူမရဲ့ မျက်နှာလေးကို
စိုက်ကြည့်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်လေးကို
ထိန်းလိုက်ရင်း တစ်ပတ် လိမ့်လိုက်တော့..
အလိုက်သင့်စွာဖြင့် သူမခန္ဓာကိုယ်လေးက
သူ့ရင်ခွင်အောက် ရောက်သွားရသည်..
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...