Part 11 (Uni/ZG)

13.3K 263 4
                                    

အပိုင်း        ၁၁

" မင်းကိုယ့်ကို ကို လို့မခေါ်ရင်
တစ်ခါဖက်နမ်းပစ်မယ်.."

'ဟင်..'
ဘောစ့်ရဲ့ စကားကြောင့်..
တေး မျက်နှာတွေပူလွန်းလို့
ဘယ်လိုလုပ်ရမည်ပင်မသိတော့..
ဘောစ့်ရဲ့ အပြုအမူအထိအတွေ့
အပြုံးတွေအောက်မှာ တေးတစ်ယောက်
အရည်ပျော်နေပါပြီ..
တကယ်လို့ ဘောစ့်ပြောသလို မခေါ်ရင်လည်း
ဖက်နမ်းခံရမှာကိုလည်း ကြောက်သေးသည်

" ဟုတ်.."

" ဘာကို ဟုတ်တာလဲ.."

" ဘောစ့်ပြောသလို ခေါ်မယ်လို့...အွန့်.."

သူမရဲ့စကားပင် မဆုံးသေးပါ..
သူမရဲ့ မေးဖျားကနေ ဆွဲမော့ပြီး
နွေထွေးသော နှခမ်းတစ်စုံက..
အတင်းဖိကပ်နမ်းရှိုက်ခြင်းခံလိုက်ရသည်

" ကိုယ်မင်းကို ပြောတယ်လေ
ကိုယ့်ကို ဘောစ့်လို့ခေါ်ရင် တစ်ခါနမ်းမယ်လို့"

" အိုး.."

အနမ်းခံလိုက်ရသည့် နှခမ်းလေးကို
လက်နှင့်ပွတ်သတ်နေရင်း
ဘောစ့်ကို တစ်ချက်ပြန်ကြည့်လိုက်မိသည်..
ရှက်ရှက်ဖြင့် ဘာမှမပြောတော့ဘဲ..
ထိုနေရာကနေ ထွက်လာခဲ့သည်..

" ဟာ.."

သူကို တစ်ချက်လေးသာ ပြန်ကြည့်ရင်း
ထွက်သွားသော သူမကြောင့်..
သူမနောက်ကို ခပ်မြန်မြန်ပြေးလိုက်ရင်း
သူမရဲ့ လက်မောင်းလေးကို ဆွဲလိုက်ကာ

" ဘာလဲ..ကိုယ့်ကိုစိတ်ဆိုးသွားတာလား.."

" တေးက စိတ်ဆိုးချင်ရင်တောင်
ဆိုးလို့ရလို့လား..."

သူ့ကိုမျက်စောင်းလေးထိုးကာ..
ပြောနေသော သူမကြောင့်
သူမစိတ်ဆိုးသွားမှန်း သိလိုက်ရတော့
မဟာတစ်ယောက် ဟွန်းခနဲ့ပြုံးလိုက်ကာ..
သူမလက်မောင်းကို ဆုတ်ကိုင်ထားသော
လက်ကို လွှတ်လိုက်ပြီး..
သူမရဲ့ ခါးသိမ်သိမ်လေးကနေ
ဆွဲဖက်လိုက်ကာ..

" ကိုယ်တောင်းပန်ပါတယ်..
ကိုယ့်ကို စိတ်မဆိုးပါနဲ့တော့နော်.ကလေး.."

" အိုး.. ဘောစ့်တေးကိုအဲ့လိုကြီး
မခေါ်ပါနဲ့..တေးမနေတတ်ဘူး.."

ဘောစ့်ရဲ့စကားကြောင့်
တေးမျက်နှာလေးတွေ ရဲတက်လာရသည်
ဘယ်လိုတောင် ဘောစ့်ရဲ့နှခမ်းကနေ
လွှတ်ခနဲထွက်နိုင်ရတာလဲ..
ဘောစ့်တစ်ခါခါ တေးကိုထူးထူးဆန်းဆန်းတွေ
ပြုမူလိုက်တိုင်း တေးကတော့ ရူးတော့မလိုပင်

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now