Part 12 (Uni/ZG)

12.9K 251 6
                                    

🌺 မင်းတစ်ယောက်သာ 🌺

အပိုင်း     ၁၂

ရုတ်တရတ် ဆိုသလို
တဲ့ရဲ့တံခါးကို ဖျတ်ခနဲဆွဲလှပ်ပြီး..
ဝင်လာသူကြောင့်...

" သခင်လေး...ဟာ.."

မိုက်ခ် မြင်လိုက်သည့် မြင်ကွင်းကြောင့်
ပါးစပ်အဟောင်းသာဖြင့် ကြောင်ကြောင်ကြီး
ရပ်ကြည့်နေမိသည်..သခင်လေးက
မိန်းကလေးတစ်ယောက်နဲ့ နမ်းနေသည်တဲ့..
မိန်းကလေးတွေဆို အနားအကပ်မခံတဲ့
သူ့ရဲ့ သခင်လေးက ခုတော့..
မိန်းကလေးတစ်ယောက်ကို
တပ်မက်မြတ်နိုးစွာ
နမ်းရှိုက်နေ၏...

မိုက်ခ်လည်း သခင်လေးကို
တစ်ချက်သာပြန်ကြည့်လိုက်၍..
အလိုက်သိစွာဖြင့်..တဲအပြင်ဘက်ကို
ပြန်ထွက်လာကာ
တံခါးကိုပြန်ပိတ်လိုက်သည်

တကယ်တော့ သခင်လေးခုတလော
အကြောင်းအရင်းမရှိ ပြုံးပြုံးနေတာ..
မိုက်ခ်သတိထားမိသည်..
လက်စသတ်တော့..သခင်လေးက
ချစ်သူရနေတာပင်..

ရုတ်တရတ် လူဝင်လာကာ..
တေးတို့ကို တစ်ချက်သာကြည့်ပြီး..
တံခါးကို ပြန်ပိတ်ကာ.ထွက်သွား၏
တေးလည်းရှက်ရှက်ဖြင့်..ဘောစ့်ရင်ဘတ်ကို
လက်ဖြင့်တွန်းဖယ်ပေမဲ့ မရ..
တခြားသူတွေဝင်လာတာတောင်
ဘယ်လိုမှမနေဘဲ အေးဆေးနေနိုင်လွန်းသည့်
ဘောစ့်ရယ်သာ..
တေးကတော့ ရှက်လွန်းလို့
ပါးတွေပူလာရကာ
နှလုံခုန်သံတွေလည်း မြန်ဆန်လာရသည်

မဟာ တခြားသူတွေဝင်လာသိပေမဲ့
သူမကို မလွှတ်ပေးဘဲ..
သူမနှခမ်းကို အားရအောင် နမ်းပြီးမှ
လွှတ်ပေးလိုက်သည်..
ပြီးခါမှ တံခါးနားကို
တစ်ချက်ကြည့်လိုက်သည်
သူ့ရဲ့လူယုံတော် ရောက်လာမှန်းသိကာ..
မျက်နှာက အလိုမကျဖြစ်သွား​သေး၏
သူမကို တစ်ချက်ကြည့်လိုက်တော့..
အနမ်းခံလိုက်ရသည့် နှခမ်းလေးကို
လက်ဖြင့်ပွတ်သတ်နေရင်း..
ခေါင်းလေးသာငုံ့ထား၏..

" စိတ်မပူပါနဲ့... ကိုယ့်လူယုံတော်ပါ.."

သူမကြောက်နေမှာစိုး၍..
ပြောလိုက်ပေမဲ့ ခုထိရှက်နေသေးသည့်
သူမကတော့..ခေါင်းလေးသာညိမ့်၍..
မဟာ သူမရဲ့အမူအရာလေးကိုကြည့်ကာ
သဘောကျစွာပြုံးလိုက်ပြီး..
သူမရဲ့ လက်က​လေးကိုဆွဲကာ..
တဲအပြင်ဘက်သို့ ထွက်လာခဲ့သည်..

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now