Part 6

452 86 5
                                    

Unicode

လူးဝစ်ဟက်မင်တန် (Lewis Hamiton)ဟုအမည်တွင်သည့် အင်္ဂလိပ်မြန်မာစပ် ကပြားကလေးငယ်သည်ကား ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး၏ အိန္ဒိယပဋိညာဥ်ခံဝန်ထမ်း*တစ်ယောက်ဖြစ်သော အင်္ဂလိပ်လူမျိုးအရာရှိ မစ္စတာဟက်မင်စတန်နှင့် မြန်မာလူမျိုးအမျိုးသမီးမှမွေးဖွားထားသည့်သားတစ်ယောက်ဖြစ်၏။ လူးဝစ်အားမွေးဖွားပြီးသိပ်မကြာခင်ပင် မိခင်ဖြစ်သူမှာဆုံးပါးသွားခဲ့ရာ ငယ်စဥ်ကတည်ကမိတဆိုးလေးဖြစ်သွားခဲ့သောသားဖြစ်သူအား မစ္စတာဟက်မင်စတန်မှ အတော်ပင်အလိုလိုက်၍ထားလေသည်။

ဖခင်ဖြစ်သူ၏အရှိန်အဝါဖြင့် ထိုကလေးမှာလူမှန်းသိတတ်စအရွယ်တည်းက မိမိကိုယ်ကိုဤတိုင်းပြည်မှလူများနှင့်မတူဟုသတ်မှတ်ထားကာ သွေးကြီးနေသူတစ်ယောက်ဖြစ်သည်။ ထို့အပြင်လူးဝစ်သည်ကား အရွယ်ငယ်သေးသည့်တိုင် ဒေါသကြီးတတ်သူတစ်ဦးဖြစ်ပြီး ဟက်မင်တန်အိမ်တော်ရှိအလုပ်သမားများကိုလည်း မတူမတန်သကဲ့သို့အထက်စီးမှသာဆက်ဆံလေ့ရှိသည်။

ထိုကလေးငယ်၏ဒေါသအား အိမ်တော်တွင်ရှိသည့်အလုပ်သမားများအားလုံးမှာသိရှိပြီးဖြစ်ရာ တတ်နိုင်သမျှထိုသခင်ငယ်လေးနှင့်ထိပ်တိုက်မတွေ့မိစေရန်ရှောင်ရှားတတ်ကြသည်။ လွန်ခဲ့သောရက်များမှာ အိမ်မှအလုပ်သမားတွေအပေါ်သို့မကြာမခဏကျရောက်လေ့ရှိသော လူးဝစ်၏အလိုမကျမှုများမှာ ယခုအခါတွင်တော့ တစ်စုံတစ်ဦးပေါ်သို့သာ အပြည့်အဝရောက်လို့သွားပြီဖြစ်၏။

Daddy ဝယ်ပေးထားသော ပုံဆွဲစာအုပ်ထဲတွင် ဟိုဟိုဒီဒီလျှောက်ဆွဲနေရင်းမှ လူးဝစ်၏အကြည့်များသည်ကားမျက်ဝန်းထောင့်မှတစ်ဆင့် အခန်းထောင့်တွင်ငြိမ်သက်စွာရှိလို့နေသည့်သူထံသို့ရောက်လို့သွားရသည်။

အတိအကျမသိသော်လည်း အချိန်အားဖြင့်အတော်ကြာနေပြီဖြစ်သည့်တိုင် သူပြောထားသည့်အတိုင်းကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ထိုတစ်ယောက်ကြောင့် စိတ်ထဲမတင်မကျဖြစ်လာရသည်။

ထိုသူသည်ကားသူ့လိုပင်ငယ်သေးသည့်ကလေးတစ်ယောက်ဖြစ်ပါလျှက်အဘယ်ကြောင့်များ ဤမျှကြာအောင်ဒူးထောက်ကာနေနိုင်သည်ကို သူ့အနေဖြင့်စဥ်းစား၍မတတ်။ အရင်အလုပ်သမားများဆိုလျှင်ဖြင့် သူအပြစ်ပေးလိုက်သည့်အခါ ငိုယိုပြီးတောင်းပန်တတ်ကြလေသည်။ ယခုမူထိုကောင်လေးက သူ၏စကားကိုတစ်ချက်မှပြန်မငြင်းဆိုဘဲ တသွဝေမသိမ်းလိုက်နာခဲ့ပြီး အပြစ်မပေးဖို့ရာတောင်းပန်ခြင်းလည်းအလျဥ်းမရှိခဲ့သဖြင့် အကြောတင်းသည်ဟုကောက်ချက်ချလိုက်၏။ တစ်ဆက်တည်းမှာပင် ဒီလိုမှန်းသိလျှင် လက်ပါမြှောက်ခိုင်းထားလိုက်သင့်သည်ဟု စိတ်ထဲတွေးလိုက်မိသည်။

Beautiful  MasterWhere stories live. Discover now