Part 18

351 64 6
                                    

Unicode

“သခင်လေး...ဖြည်းဖြည်းတွန်းပါ...ဖြည်းဖြည်း”

ထင်းရှုးပင်များဝန်းရံထားသည့်မြေလမ်းလေးပေါ်တွင် ယိုင်နဲ့နဲ့ပြေးလွှားနေသည့်စက်ဘီးပေါ်၌ရှိနေသောကောင်လေးတယောက်မှာသူ၏နောက်မှအရှိန်ဖြင့်တွန်းလိုက်သည့် ဖြူလွှလွှအရိပ်လေးအားလှည့်မကြည့်နိုင်ဘဲလှမ်း၍ပြောလိုက်လေသည်။

“ဘာတွေအဲဒီလောက်ကြောက်နေတာလဲ...ယောကျာ်းမဟုတ်ဘူးလား”

“သခင်လေးကလည်း ကျွန်တော်....”

ကျောက်ခဲစကားပင်ဆုံးအောင်မပြောရသေးခင်မှာပင် သင်ခါစဖြစ်သောကြောင့်ဟန်ချက်ညီအောင်မထိန်းနိုင်သေးသော စက်ဘီးလက်ကိုင်လေးမှာဘယ်ညာမပြတ်တမ်းယိမ်းထိုးလို့နေပြီး နောက်ဆုံးတော့လမ်းဘေးရှိ ထင်းရှုးပင်တပင်ရှိရာသို့ တန်းတန်းမတ်မတ်ဦးတည်၍သွားတော့လေသည်။

“သခင်လေး!! ကယ်ပါဦး! မရ..မရတော့...”

“ဝုန်း!! ဒုန်း!!”

“အ!!””

နွေရာသီကျောင်းပိတ်ရက်သို့ရောက်လာပြီဖြစ်သောကြောင့် နှစ်စဥ်နှစ်တိုင်းကဲ့သို့ပင် မန္တလေးမြို့၏အပူဒဏ်ကိုရှောင်ရှားဖို့ရာ သခင်လေးနှင့်အတူကျောက်ခဲမှာ ကလောမြို့ရှိဟက်မင်တန်အိမ်သို့ရောက်နေခြင်းဖြစ်၏။ 

ဒီနှစ်‌ကျောင်းပြန်တက်ချိန်ရောက်လျှင်မြင်းလှည်းဖြင့်ကျောင်းမသွားချင်တော့ဘဲ စက်ဘီးစီးကာသွားချင်သည်ဟုပြောလာသဖြင့် သခင်လေး၏အလိုကျအတိုင်း ကျောက်ခဲမှာယခု စက်ဘီးစီးသင်နေခြင်းဖြစ်သည်။ သခင်လေးမှာငယ်စဥ်ကတည်းကစက်ဘီးစီးတတ်သော်လည်း ကျောင်းသို့သွားရာတွင်အနည်းငယ်အလှမ်းဝေးသောကြောင့်ကိုယ်တိုင်မနင်းချင်ဟုဆိုသဖြင့် သခင်လေးအားတင်ကာနင်းနိုင်ဖို့ရာ ကျောက်ခဲစက်ဘီးစီးသင်နေရခြင်းဖြစ်လေသည်။

“ဘာ...ဘာဖြစ်သွားသေးလဲ”

ထင်ရှုးပင်နှင့်ဝင်တိုက်မိပြီး လူရောစက်ဘီးပါမြေပြင်ပေါ်သို့လဲကျသွားသော ကျောက်ခဲ၏အနားသို့ လူးဝစ်မှာအမြန်ရောက်၍လာပြီး မြေပြင်တွင်ဒူးထောက်ထိုင်လိုက်ပြီးစိုးရိမ်သလိုကြည့်ကာမေးလာတော့သည်။

Beautiful  MasterWhere stories live. Discover now