Part 16

357 67 3
                                    

Unicode

“ပြောစမ်းပါဦး မောင်မင်း ဝမ်းမသာဘူးလား”

“-------“

မျက်စိရှေ့ကသခင်လေးအားကြည့်နေမိရင်း ကျောက်ခဲ၏မျက်လုံးများ၌ မျက်ရည်များပင်ဝဲတက်လာတော့လေသည်။

“မေးနေတယ်လေ ဝမ်းမသာဘူးလားဆို”

“သာ..သာပါတယ် သခင်လေး”

အလိုမကျတော့သည့်အသံဖြင့်ထပ်မံ၍မေးလာသည့်အခါမှ ကျောက်ခဲသူ၏ဝမ်းနည်မှုတို့ကိုမြိုသိပ်ရင်း အမြန်အဖြေပေးလိုက်ရသည်။

လက်တွေ့တွင်မူ ကျောင်းတက်ရတော့မည်မို့ရရှိလာသည့်အပျော်ထက် သခင်လေး၏ပါးပြင်နုနုထက်တွင် နေရာယူလို့ထားသည့်ဒဏ်ရာများကြောင့် ကျောက်ခဲရင်ထဲ၌မည်သို့မှနေလို့မကောင်းသာဖြစ်လို့နေ၏။

မိမိ၏သခင်လေးအား မည်သူမှလာရောက်ထိခိုက်တာမျိုးလုပ်လို့မရနိုင်အောင် သူကာကွယ်‌‌ပေးချင်သည်ဟူသည့် အတွေးများကသာ ကျောက်ခဲ၏ခေါင်းထဲတွင်အပြည့်အဝနေရာယူလို့ထားသည်။ သို့သော်ယခုတကြိမ်တွင်တော့ သူကာကွယ်ပေးခွင့်ပျက်ကွက်ခဲ့သည်သာဖြစ်သည်။

ကျောက်ခဲ၏ငိုမဲ့မဲ့ရုပ်အားမြင်နေရသည့် လူးဝစ်မှာတော့နားမလည်ဖြစ်နေရ၏။ ထို့ကြောင့်အမေးစကားပြုလာသည်က...

“အဲဒါဆိုလည်းဘာလို့ရုပ်ကြီးကငို‌တော့မလိုဖြစ်နေတာလဲ? ဘာလဲ စာလုပ်ရတော့မှာမို့ငိုချင်နေတာလား”

“မ..မဟုတ်ပါဘူး ကျောင်းတက်ရတော့မှာဆိုတော့ ပျော်လွန်းလို့ပါ”

“ငါ့ကိုကောင်းကောင်းကျေးဇူးတင်ရမယ်နော် င့ါကြောင့်မောင်မင်းကျောင်းတက်ခွင့်ရတာ”

“ဟုတ်ကဲ့ပါ ကျောက်ခဲ သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်”

သူ့အားကျေးဇူးတင်စကားပြောနေသည့် ကျောက်ခဲအားကြည့်ကာ လူးဝစ်၏စိတ်ထဲတွင် များစွာကျေနပ်ပီတိဖြစ်နေတော့သည်။

အခုလိုမျိုးဖြစ်လာအောင် သူဘယ်လိုစီစဥ်ထားခဲ့ရတာမို့လဲ။ ဟိုနေ့ကနေ့လယ်ထမင်းစားဆင်းချိန်မှာတည်းက သူတမင်သပ်သပ်အဲဒီအတန်းကြီးကျောင်းသားအုပ်စုကိုဝင်တိုက်ပြီးခြေထောက်ကိုပါတက်နင်းပြီးရန်စထားခဲ့တာဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး။ နောက်ပြီး တခြားနေရာမှာဒဏ်ရာရတာဆိုရင် Daddy မမြင်မှာစိုးလို့ မျက်နှာကိုချည်းပဲသူသေချာရွေးပြီးအချခံခဲ့တာရောပဲ။ အခုတော့သူ့အစီအစဥ်တွေအောင်မြင်တယ်လို့ပဲပြောရမှာပေါ့။ နောက်ဆိုကျောင်းမှာသူတယောက်တည်းမပျင်းရတော့ဘူး။

Beautiful  MasterNơi câu chuyện tồn tại. Hãy khám phá bây giờ