Part 15

321 63 10
                                    

Unicode

နေ့လယ်ထမင်းစားဆင်းချိန်ကုန်ဆုံးသွားသဖြင့်အိမ်သို့ပြန်လာခဲ့ရပြီးနောက်တွင် ကျောင်းဆင်းချိန်ရောက်ဖို့ရာ ကျောက်ခဲတယောက်လည်တဆန့်ဆန့်ဖြစ်နေပြန်တော့သည်။ 

အိမ်အလုပ်များအား ဟိုဟိုဒီဒီကူရင်းဖြင့်ညနေခင်းသို့ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတော့စောင့်မျှော်နေခဲ့သည့် မြင်းလှည်းသံလေးအားကြားသည်နှင့် အိမ်ပေါက်သို့အပြေးလေးသွားကာ သခင်ဖြစ်သူအားကြိုဆိုတော့လေသည်။

“ပစ္စည်းတွေကျွန်တော့်ကိုပေးပါ သခင်လေး ကျွန်တော်သယ်လာခဲ့မယ်”

မြင်းလှည်းပေါ်မှဆင်းလာသောလူးဝစ်၏ ကျောပိုးအိတ်နှင့်လက်ထဲမှမုန့်ဘူးလေးအား လှမ်းယူလိုက်ပြီးနောက် အရှေ့မှမှုန်ကုပ်ကုပ်ဖြင့်ထွက်လို့သွားသောသခင်ငယ်လေးနောက်သို့ ကျောက်ခဲအမှီလိုက်ရပြန်တော့၏။

အိမ်ပေါ်ထပ်သို့တန်းတက်သွားသည့်သခင်လေး၏ပုံစံသည်ကား သိသိသာသာစိတ်မကြည်မလင်ဖြစ်နေမှန်းသိသာနေသဖြင့် ကျောက်ခဲမှာစကားများများစားစားမပြောရဲဘဲ ကျောပိုးအိတ်ကိုသာနေရာတကျချလိုက်တော့သည်။

“ငါရေချိုးလို့ရပြီလား”

“ခဏလောက်နားပြီးမှရေချိုးပါလား”

“ဘာလို့လဲ ငါပူလို့ရေချိုးမလို့လေ”

“ချွေးတွေနဲ့အအေးပတ်မှာစိုးလို့ပါ”

မြင်းလှည်စီးကာပြန်လာသောသည့်သခင်လေး၏အဝတ်အစားများပေါ်တွင်ချွေးစအနည်းငယ်ကပ်လို့နေသည်ကို မြင်နေရသဖြင့် ကျောက်ခဲထိုသို့ပြောလိုက်မိခြင်းဖြစ်၏။

“ဒီလောက်လေးနဲ့ဘာမှမဖြစ်ဘူး ဒီလိုညစ်ညစ်ပတ်ပတ်ကြီးမနေချင်ဘူး ငါရေချိုးချင်နေပြီ”

ပြောမရသည့်သခင်လေးက ရေချိုးဖို့ရာစိတ်အားထက်သန်နေသဖြင့် ကျောက်ခဲလည်းလိုအပ်သည်များကို ပြင်ဆင်ပေးရ‌တော့သည်။ သို့ပေမယ့်အချိန်အနည်းငယ်ဆွဲကာ သူ၏လုပ်ဆောင်ချက်များအား ‌နှေးကွေးစွာဖြင့်လုပ်နေခဲ့သည်ကို ရေချိုးဖို့စောင့်လို့နေသည့် သခင်လေးကတော့သိမည်မဟုတ်။

Beautiful  MasterWhere stories live. Discover now