Unicode
အခန်း ၁။ အဘွားတစ်ယောက်ရဲ့ ကိုယ်ထဲကူးပြောင်းခြင်း။
အဘွားအိုတစ်ယောက်ဖြစ်လာခြင်းရဲ့ခံစားချက်က ဘယ်လိုလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ဒီမေးခွန်းကို နင်းမုန် သေချာပေါက်လုံးဝဖြေနိုင်မှာ ဖြစ်သည်။
အမှန်တရားက သိပ်ကို ဆိုးဝါးလွန်းသည်။ ဒီအမှန်တရားကို သူမ လက်ခံဖို့ ကြိုးစားကာ လက်ကို ပြတင်းပေါက်အပြင်က လာနေတဲ့ အလင်းရောင်ဆီ ဆန့်ထုတ်လိုက်မိသည်။
အရေပြားတွေ တွန့်ကာ ရှုံ့တွနေပြီးတော့ လျော့ရဲရဲ အသားအရေ။
သူမ တံတွေးမျိုချကာ အိပ်ရာပေါ်မှာရှိနေတဲ့ တခြားလက်တဖက်နဲ့ ထိုလက်ကို ထိကြည့်လိုက်မိသည်။ လက်နှစ်ဖက်လုံး တူတူထားလိုက်တော့ ပိုတောင် သိသာလာသည်။
သူမ သွေးလေခြောက်ချားနေတာ မဟုတ်ပေ။ ဒီခံစားချက်ကြီးက တကယ့်ကို ဆောင်းဦးက သစ်ပင်။အိုကြီးလို ဖြစ်သည်။
သူမဖျားပြီး ဆေးရုံအကြာကြီး တင်ထားတုန်းကတောင် သူမ အသားအရေက ကောင်းမွန်နေဆဲ ဖြစ်သည်။ လူတွေအများကြီးက သူမရဲ့ ဖြူဝင်းပြီး အိစက်ချောမွေ့နေတဲ့ အသားအရေကို မနာလိုဖြစ်ခဲ့ကြတာ ဖြစ်သည်။
သူမက နေရောင်မထိရလို့ သူမ အသားအရေက ဆိုးဝါးသွားတယ် ဆိုရင်တောင် မိန်းမငယ်လေးတစ်ယောက်ရဲ့ အသားအရေ ဖြစ်သင့်သေးတာလေ။ ဘာလို့အရေပြားတွေ လျော့ရဲပြီး တွန့်ကုန်တာလဲ။
ဘာလို့ သူမ အသားအရေက သက်ကြီးရွယ်အိုကြီးလို ဖြစ်သွားတာလဲ။
သူမ အခြေအနေ တစ်ခုခု လွဲနေတယ်ဆိုတာ သဘောပေါက်မိတော့ နင်းမုန် ချက်ချင်းအိပ်ရာပေါ်က ထဖို့လုပ်လိုက်သည်။ အဆုံးကျ တော်တော်ကြာ ရုန်းကန်ပြီးတဲ့နောက်တော့ သူမ နည်းနည်းလေး လှုပ်နိုင်လာသည်။
သူမကြည့်ရတာ အဘွားအိုကြီး ဖြစ်သွားသလိုပင်။
-
လွန်ခဲ့တဲ့ မိနစ်တချို့ကို ပြန်သွားရမယ်ဆိုရင် တော့ပ် ဆေးရုံတွင်
“အိပ်ရာနံပါတ် ၁၂ နင်းမုန်”
ဒေါက်တာက သူမ အခြေနေကို ကြည့်ပြီး “သူမကို ရင်ခွဲရုံပို့လို့ရပြီ”
YOU ARE READING
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။
Horrorဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြောက်ချို လေးပေါ့နော်။ BxG အမျိုးအစားပါရှင်။