Part 76

766 71 0
                                    

အခန်း (၇၆)

သူမက ထိုသို့တွေးလိုက်မိသည့်တိုင်အောင် တစ်စုံတရာက မှားယွင်းနေသည်ဟု ခံစားရပြန်သည်။

အကြောင်းမူကား သူတို့၏အနားသို့ ရောက်နေသော ခြေရာများက ရေထဲမှ သူတို့ဘက်သို့လာသော ခြေရာသာလျှင်ဖြစ်ပြီး ထိုနေရာသို့ ပြန်သွားသော ခြေရာကို မတွေ့ထားရသေးချေ။

နင်မုန့်က ဂရုတစိုက် တွေးကြည့်လိုက်သည်။ ဒါဆိုရင် အခု ရေကန်က ပြန်ငြိမ်သွားပြီဆိုရင် အဲ့ဒီခြေရာတွေက ဘာလို့ ပြန်မရောက်သွားသေးတာလဲ။

အလာခြေရာရှိပြီး ဘာလို့ အသွားခြေရာမရှိတာလဲ။

ရေကန်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို သူမက သိချင်သွားသည်။ သို့သော် သူမက မမြင်နိုင်ပြန်ချေ။

သို့သော် သူမ အချိန်အတန်ကြာ တွေးတောနေပြီးနောက် စနစ်ကို မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒါက သရဲလား၊ အဆင့်မြင့် နည်းပညာလား"

စနစ်က အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှသာ ဖြေပေးလာသည်။

"တိတိကျကျပြောရရင် ဒီအခြေအနေက သရဲတွေနဲ့ မသက်ဆိုင်ဘူး၊ အဲ့ဒီအစား သက်ရှိဝိညာဉ်လို့ ရည်ညွှန်းရလောက်တယ်၊ သက်ရှိလူတစ်ယောက်ရဲ့ ဝိညာဉ်ပဲ၊ ဒါပေမယ့် ဝိညာဉ်က ခန္ဓာကိုယ်ထဲက အချိန်ကြာကြာကြီး ထွက်သွားရင် သူတို့ရဲ့ ခန္ဓာကိုယ်က ရှင်သန်နိုင်ခြေက မရှိသလောက်ပဲ"

နင်မုန့်က မျက်မှောင်ကြုတ်သည်။

"ဒါဆိုရင် ရေနစ်သေသွားတဲ့ ဆရာမက မသေသေးတာလား"

စနစ်က ပြန်ဖြေသည်။

"မဟုတ်ဘူး၊ အချိန်တွေက အရမ်းကြာသွားပြီ၊ နောက်ထပ်အချိန်ကာလတစ်ခု ကြာပြီးရင် သူမက ပြန်လည်ဝင်စားရလိမ့်မယ်၊ မဟုတ်ရင် လှည့်လည်သွားလာတဲ့ တစ္ဆေတစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်"

မည်သို့ပင်ဆိုစေ အိမ်ခြေရာမဲ့တ‌စ္ဆေသရဲများအတွက် ဘဝက ကြမ်းတမ်းခက်ခဲပေလိမ့်မည်။

နင်မုန့်ကလည်း နားလည်သလို ခေါင်းညိတ်လိုက်ပြီး အခြေခံအချက်များကို နားလည်သွားလေရာ သိပ်မကြောက်တော့ချေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now