Part 70

845 86 1
                                    

အခန်း (၇၀) ကိုယ်သင်ပေးမယ်

နင်မုန့်ကလည်း ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးချေ။

အတိတ်က သူမက နင်နင်၏ ခန္ဓာကိုယ်ကို ဝင်ပူးထားခဲ့ချိန်က သူမက ရှီချီ‌၏ရှေ့တွင် ပေါ်ကောင်းပေါ်သွားနိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို တွေးခဲ့မိဖူးသည်။

ထိုအချိန်က သူမ၏အတွေးများက သဘာဝအလျောက်ပင် သူ့ကို အရူးလုပ်ရန် ဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူက ထိုအချိန်က ဆယ်ကျော်သက်လေးသာ ဖြစ်ခဲ့ပြီး ထိုသို့အရူးလုပ်ရခြင်းက ကိတ်မုန့်စားရသလောက် လွယ်ကူသည်။ ယခုမူ သူက အရွယ်ရောက်နေလေပြီ။

ဖန်သားပြင်မှ အလင်းက မှိန်သွားသောအခါ စာသားများကလည်း အလိုအလျောက်ပင် ပျောက်ကွယ်သွားသည်။

ရှီချီ၏ အစိမ်းရောင်မျက်ဝန်းနှင့် ရင်ဆိုင်ရသောအခါ သူမက ပြုံးရန် စကားလုံးကို ရုတ်တရက် ရှာမတွေ့တော့ဘဲ ဒီတိုင်းသာ အနေသလိုမျိုး ရပ်နေလိုက်သည်။

ရေကူးကန်က အလွန်တိတ်ဆိတ်နေသည်။ သို့သော် ကြောက်စရာမကောင်းချေ။

နင်မုန့်က အချိန်မီ ဖြေရှင်းချက်မပေးနိုင်သဖြင့် ရယ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောသည်။

"အမ်း ဒါ ကျွန်မ ဒီတိုင်းရိုက်ထားတာပါ၊ ဒီတိုင်းပဲ၊ ကုနန်ချန်က အမြဲတမ်း ဆူဆူညံညံ လုပ်တယ်ဆိုတာကို သိတယ်မဟုတ်လား"

ထိုအခိုက် ကုနန်ချန်ကို အကြောင်းပြချက်ကောင်းတစ်ခုအဖြစ် ထည့်သုံးနိုင်ပေသည်။

ရှီချီက သူမကို ငုံ့ကြည့်သည်။ သူမ၏ တုန့်ပြန်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သလို သူမ လိမ်သည့်အချိန်တိုင်း လုပ်တတ်သည့် ရင်းနှီးကျွမ်းဝင်သောအမူအရာများကိုလည်း မြင်ရသည်။ အားလုံးက သူ၏မျက်ဝန်းအတွင်း ဝင်လာသည်။ သူက သူမ၏ဖုန်းကို သူ၏အိတ်ကပ်ထဲထည့်လိုက်ပြီးနောက် မေးလိုက်သည်။

"တကယ်လား"

နင်မုန့်က စိတ်မရှည်သလို ခေါင်းဆက်တိုက်ညိတ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now