Part 111

490 44 0
                                    


111 01

အပိုင်း (၁၁၁.၁) သူ နှစ်ပေါင်းများစွာ ကြာအောင် စောင့်နေခဲ့ရတာ အဆုံးသတ် (၁)

နင်မုန့်ကမူ သူမ၏ အရှေ့မှ ရှီချီ၏ ပုံစံက ထူးဆန်းလာသည်ဟု ခံစားရသည်။

ငါတော့ ဒီလို ညစ်တီးညစ်ပတ်အတွေးတွေ တွေးနေတယ်လို့ သူ ဘယ်လိုများ ထင်ထားရတာလဲ။

သူ ပြောသည့် အတိုင်းဆိုလျှင် သူမကပဲ သူတို့၏ ဆက်ဆံရေးအရ ထိုသို့သော တာဝန်များကို လုပ်ဆောင်နိုင်ရန် မျှော်လင့်သလို ဖြစ်နေသည်။

ယခင်က သူမလုပ်ခဲ့ဖူးသမျှက ဒီအတိုင်း အဝါရောင် အိပ်မက်မက်ရုံသာလျှင် ရှိခဲ့လေသည်။

သူမက ခေါင်းခါသည်။

"ငါ့မှာ ဘာအတွေးမှ မရှိဘူး။ ဒါက နင် ထင်ယောင်ထင်မှား ဖြစ်နေတာပဲ။ ငါ့အပေါ် လွှဲမချနဲ့"

ရှီချီက မငြင်းဘဲ ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့ ဒါပေါ့"

ထိုသို့သော စကားလုံးမျိုးက တမင်ပြောနေသည်နှင့်ပင် တူနေသေးလေရာ နင်မုန့်ကသာ ဆက်လက်ပြီး ငြင်းဆန်နေမည်ဆိုလျှင် သူမကသာ စိတ်ပိုင်းဆိုင်ရာ မောပန်း သွားရလောက်သည်။ ထို့ကြောင့် သူမက မျက်နှာကို တည်တည် ထားလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။

ရှီချီကမူ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီးနောက် စားပွဲပေါ်ရှိ မှတ်တမ်း ကျောက်စာတိုင်များ အားလုံးကို ဖယ်ပြီး ထပ်ဆုံး တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။

နင်မုန့်အနေဖြင့် ပထမဦးဆုံးအကြိမ် နာမည်ကို မြင်ရဖူးခြင်း ဖြစ်သော်လည်း ထိပ်ဆုံးနေရာတွင် အထားခံရကတည်းက ထိုလူက သာမန်လူ မဟုတ်နိုင်ကြောင်း သိလိုက်သည်။ ထိုလူက ရှီချီ၏အဘိုး ဒဏ္ဍာရီလာ အရှင်ချီယွင် ဖြစ်လောက်သေးသည်။

သူမ၏ ထိုအဘိုးကြီးအပေါ် ထင်မြင်ချက်က အလွန်ရှုပ်ထွေးသည်။ သူမက အစပိုင်းတွင် အဘွားရှီ၏ခန္ဓာကို ပိုင်ဆိုင်ခဲ့ရသောအချိန်က အဘိုးရှီက အဘွားရှီတစ်ယောက်ထဲကို မည်မျှ အလိုလိုက်ခဲ့ကြောင်း သိရာတွင် အလွန်မှင်တက်ခဲ့ရသည်။ သို့သော် မကောင်းသော ခံစားချက်မျိုးလည်း ရနေသေးပြန်သည်။ အထူးသဖြင့် အဘွားရှီ၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို သိပြီးချိန်တွင် ဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now