Part 53.3

839 104 0
                                    

အပိုင်း (၅၃.၃) ပန်းချီကားထဲက ရုတ်တရက် ထွက်လာတဲ့ အရိပ်တစ်ရိပ် (၃)

အတန်းထဲသို့ ပြန်လာသောအခါ ချုံခယ့်ခယ့်ကလည်း ရှီချီက နေရာတွင် ဝင်ထိုင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် နင်မုန့်၏ အနားသို့ ကပ်သွားပြီး ဂရုတစိုက်ဖြင့် ခပ်တိုးတိုး မေးလိုက်သည်။

"ကိစ္စက အဆင်ပြေလား"

နင်မုန့်ကလည်း ပြန်ဖြေသည်။

"သူ လာလိမ့်မယ်"

ချုံခယ့်ခယ့်က ရယ်ပြီးနောက် သူမ၏ပါးကို တစ်ချက်တို့သည်။

"ကျေးဇူးပါပဲ နင်နင်၊ ငါ ဒီည နင့်အတွက် မွေးနေ့ကိတ်မုန့် အကြီးကြီးလှီးပေးမယ်"

နင်မုန့်က မျက်ဝန်းက တောက်ပသွားသည်။

"နင် ကတိပေးရမယ်နော် ဟုတ်ပြီလား၊ နင်ပြီးတော့မှ ကတိမတည်ဘဲ မလုပ်နဲ့"

ကျောင်းဆင်းသောအခါ ချုံခယ့်ခယ့်က သူမကို အပြင်သို့ ဆွဲခေါ်သည်။

ရှီချီက သူတို့၏ အနောက်မှ လျှောက်လာသည်။ သူ၏ မျက်နှာက အေးစက်ပြီး အရပ်ကလည်း ရှည်ကာ ပိန်ပါးသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများ၏ သက်ရောက်မှုမခံရသည့်အလား သူက ထိုအရာများနှင့် ပတ်သတ်မှုမရှိသည့်အလား ထင်ရသည်။

ချုံခယ့်ခယ့်၏ အခြားသော သူငယ်ချင်းများက အတန်း၏ အပြင်ဘက်တွင် စောင့်နှင့်နေပြီဖြစ်သည်။

သူတို့ထဲတွင် လုရှီဟုခေါ်သောမိန်းကလေးက စိတ်မရှည်ဖြစ်နေသည်။

"မြန်မြန် မြန်မြန်၊ အချိန်က အသက်ပဲ၊ ငါတို့ နောက်ကျသွားရင် ပျော်ပါးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး၊ ငါ ဒီနေ့အပြင်မှာနေဖို့ ၂နာရီပဲ အချိန်ရတာ"

သူမက ပန်းချီကားချပ်ရထားသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး လွှင့်ပစ်လိုက်ပြီလည်း ဖြစ်သည်။ ချုံခယ့်ခယ့်က ထိုအကြောင်းမေးလာသောအခါမှ သူမက သတိရသွားခြင်းလည်း ဖြစ်သည်။

ချုံခယ့်ခယ့်က နင်မုန့်ကို သူမနှင့်အတူဆွဲသည်။

"ဒါက ငါ့ရဲ့ ထိုင်ခုံဖော် နင်နင်တဲ့"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now