Part 4

1.9K 193 0
                                    

Unicode
အခန်း ၄။ တိုက်ဆိုင်မှုလား ဒါမှမဟုတ်။

ရှီမိသားစု စံအိမ်က နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့နေရာဆိုပေမဲ့ ခုထိ လွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေရှီနေဆဲပင်။

ဒီအိမ်ရဲ့  ညို့ဓာတ်က လူသိများတဲ့ ဒီဇိုင်းနာတွေ ရေးဆွဲထားတဲ့ ဇိမ်ခံအိမ်တွေထက် မနိမ့်ပင်။ နေ့ခင်းဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် အိမ်ရဲ့ထောင့်တိုင်းက လေးလံတဲ့ သမိုင်းဝင်အရှိန်အဝါတွေ ဖုံးလွှမ်းလို့ နေသည်။

ညဘက်ဆို ပိုတောင်ထူးခြားဆန်းကြယ်နေသည်။ 

ထိုအချိန် အခန်းသေးသေးလေးထဲမှာ ကလေးနှစ်ယောက်က တံခါးကိုပိတ်လိုက်ကြသည်။

အဝေးက အစေခံတွေက သူတို့ထိုဟာကို မြင်လိုက်တာတောင် ဘာမှမပြောရဲပေ။ သူတို့ ဘာမှမမြင်လိုက်သလို ကော်ရစ်တာကို ထွက်သွားကြတော့သည်။ 

သခင်လေးက လက်ထပ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမဲ့ ကလေးတစ်ခါမှမရှိခဲ့ တဖက်မှာတော့ ဒုတိယသခင်လေးက လက်ထပ်ပြီးတာနဲ့ ကလေးရခဲ့သည်။  ထိုမောင်နှမနှစ်ယောက်က ရှီမိသားစုရဲ့ နောက်ထပ် မျိုးဆက်တွေပင်။ သူတို့က အဘွားအိုရဲ့ အလိုလိုက်တာကို ခံရသလို ဒုတိယလင်မယားရဲ့ မျိုးဆက်တွေပင်။

အသစ်ရောက်လာတဲ့ ကလေးက အိမ်ကနေ အရင်က ထွက်ပြေးသွားတဲ့ တတိယသခင်လေးရဲ့ကလေးပင်။ အစပိုင်း သူတို့က သူ့ကို သခင်လေးဖြစ်တာမို့ လေးစားစွာတော့ ဆက်ဆံကြသည်။  

ဒါပေမဲ့လည်း ထိုလူငယ်လေးအပေါ် စိတ်ပါလှသည်တော့မဟုတ်ပေ။ သူတို့ ထင်တာက ဒီကလေးက ရှီမိသားစုမှာ အကြာကြီး မနေနိုင်.. ဒါမှမဟုတ် ရက်ပိုင်းလောက်နဲ့ ကန်ထုတ်ခံရမည်ဟုသာ။ ဒါကြောင့်လည်း သူ့ကို ဂရုမစိုက်တာ အကောင်းဆုံးလို့ ထင်ကြသည်။ 

တံခါးပိတ်ပြီးတော့ ကလေးနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။

အခန်းက ပြောရရင် တအားသေးနေတာတော့ မဟုတ်ပေ။ မကြာခန အသုံးမပြုပေမဲ့ သန့်ရှင်းရေးလုပ်မဲ့ အစေခံတွေရှိသည်။  ထိုအချိန်  ပုံရိပ်သေးသေးလေးတစ်ခုက ကြီးမားတဲ့အိပ်ရာပေါ် လဲနေတာကို တွေ့နိုင်သည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now