အပိုင်း ၈၇ အရမ်းကောင်းတယ်။
ဟွမ်ဖေးဖေးကမူ ဘာကိုမှ နားမလည်သေးချေ။ သူမက ခန္ဓာကိုယ်ရှိ ဝတ်စုံများကို ထိတွေ့ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ရေရွက်လိုက်သည်။
"ဘာလို့ ငါအဝတ်လဲထားတာကို မမှတ်မိတော့တာလဲ"
သူမက ဒီဝတ်စုံကို အလွန်သဘောကျသည့် တိုင်အောင် မည်သည့်အချိန် ဘာဆက်ဖြစ်နေကြောင်း နားမလည်တော့ချေ။
"ဟွိုင်ဝမ် ငါပြန်ဆင်းပြီး အဝတ်အရင် လဲလိုက်ဦးမယ်"
ရှင်ဟွိုင်ဝမ်က သူမ၏ နောက်စကားကို လျစ်လျူရှုပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့သည်။
"ဒါပေါ့ မင်းက ဘယ်မှတ်မိမှာလဲ"
သူက ခြေလှမ်းရွေ့လိုက်ပြီးနောက် ဘေးဘက်ရှိနေရာသို့ လက်ညိုးထိုးပြသည်။
"သေချာကြည့် မင်းဘာလုပ်ခဲ့သလဲ ဆိုတာကို သေချာကြည့်"
ထိုသို့ဖြင့် သူ၏အနောက်မှ သွေးနဲ့ အရိုးပြာအိုးက ပါ်လာသည်။
ဟွမ်ဖေးဖေး၏ မျက်ခွံက လှုပ်သွားပြီးနောက် ခြေတစ်လှမ်း နောက်ဆုပ်လိုက်ကာ ရေရွက်လိုက်သည်။
"ဒါ ဒါက... ဘယ်လိုဖြစ်ပြီး ကျွန်မတို့ရဲ့ အိမ်မှာ ရှိနေတာလဲ"
ရှင်ဟွိုင်ဝမ်က သူမကို သံသယ အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမက ဒီကိစ္စကို မသိသလိုမျိုး ထင်ရသည်။ ယခုမှသာ နားလည်လိုက်သလိုမျိုး ထင်ရလေသည်။ ထို့ကြောင့် သူမ ယခုလေးတင် ပြောခဲ့သော စကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူ့အနေဖြင့် ပထမဦးဆုံး အကြိမ် ဒီလောကထဲ သရဲများ ရှိကြောင်းကို ယုံကြည်ရခြင်းဖြစ်သည်။
ဟွမ်ဖေးဖေးကြောင့် ရှီးချီကို ငှားရမ်းခဲ့သည့် တိုင်အောင် သူသဘာဝလို ဖြစ်ရပ်များကို အနည်းနှင့် အများပင် မယုံကြည်ခဲ့သေးချေ။ မည်သို့ပင်ဆိုစေ သူ၏ ကိုယ်ပိုင် မျက်လုံးဖြင့် မမြင်ခဲ့ဘူးသေးချေ.
သို့သော် ယခုလေးတင် ဟွမ်ဖေးဖေးက သူ၏ အရှေ့တွင် ဝင်ပူးခံထားရသော ပုံစံမျိုးဖြင့် သူ့ကို စကားပြောနေခဲ့သည်။ သခင်လေးချီ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် တစ်ဖက်သူက သရဲမဖြစ်လောက်သည်။
YOU ARE READING
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။
Horrorဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြောက်ချို လေးပေါ့နော်။ BxG အမျိုးအစားပါရှင်။