အပိုင်း (၆၂) ရှီချီလုပ်တာလား
ရုတ်တရက် လေပြည်က ဖြတ်တိုက်လာသည်။ နင်မုန့်၏ လည်ပင်းလေးက အနောက်သို့ ကျုံ့သွားပြီး ပျက်ယွင်းစွာ ပြုံးလိုက်သည်။
"ဆရာ ကျွန်မအရင်ဆုံး အဆောင်ကို ပြန်တော့မယ်၊ နှုတ်ဆက်ပါတယ်"
ထိုသို့ ပြောပြီးနောက် သူမက ချက်ချင်းပြေးသွားပြီး သူ့ကို ထပ်မံငြင်းဆန်ရန် အခွင့်အရေး မပေးတော့ချေ။
သူမက အဆောင်သို့ ရောက်သွားသည့် အချိန်တွင် အဆောင်ထဲရှိလူတိုင်းကလည်း ပြန်ရောက်နေကြပြီဖြစ်ကာ ကိုယ့်ကိစ္စ ကိုယ်လုပ်နေကြသည်။ လီကျောင်းက သူမကို မြင်သောအခါ ဝမ်းနည်းသွားသည်။
သူမက ဆက်သွယ်ခဲ့သော အချက်အလက်များကို တောင်းဆိုခဲ့သောအချိန်က အစားထိုးဆရာက ငြင်းဆန်ခဲ့သော ကိစ္စကို မှတ်မိနေသေးသည်။ သူ၏ လေသံကအလွန်အေးစက်ပြီး သူမကို စိတ်ဓာတ်ကျစေသည်။
ကျောင်းတွင် တစ်နှစ်ပတ်လုံးနေပြီးနောက် ထိုသို့ အရှက်ရဖွယ်အခြေအနေမျိုးကို တစ်ကြိမ်သော်မျှ မကြုံခဲ့ဖူးချေ။
အတန်းထဲတွင် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကို ပြန်တွေးမိသောအခါ လီကျောင်းက မနေနိုင်ဘဲ နင်မုန့်ကို ဂရုတစိုက် ကြည့်လိုက်သည်။ သူမက ထိုအစားထိုးဆရာနှင့် ဆက်ဆံရေးတစ်ခုခု ရှိနေမည်ဟု ခံစားမိနေသည်။
မဟုတ်လျှင် သူက ထိုသို့သော မေးခွန်းကို မေးပြီး ထိုသို့သော စကားမျိုးကို ပြောလိမ့်မည်မဟုတ်ချေ။ မန်နင်ကဲ့သို့သော လူမျိုးက အစားထိုးဆရာနှင့် ပတ်သတ်မှုရှိမည်ဟု မထင်ထားမိချေ။
"ဟမ့်"
သို့ရာတွင် သေသေချာချာ တွေးတောကြည့်ပြီးနောက် အဆုံးတွင် သူမက ဘာမှမပြောနိုင်တော့ဘဲ နှာခေါင်းသာ ရှုံ့လိုက်သည်။ မန်နင်က သူမကို ထူးဆန်းသလို ကြည့်သွားပြီးနောက် လျှောက်လမ်းဘက် ပြန်လှည့်ပြေးသွားသည်။
ထိပ်တွင် လှန်းထားသော အဝတ်များက ခြောက်နေလေပြီ။ သူမက အဝတ်များကို ပြန်ယူနေရင်း သတိလက်လွတ်အပြင်သို့ ကြည့်လိုက်သည်။
YOU ARE READING
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။
Horrorဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြောက်ချို လေးပေါ့နော်။ BxG အမျိုးအစားပါရှင်။