Part 101

519 45 0
                                    

အပိုင်း ၁၀၁ အဝါရောင် မြွေပါလေး။

လီချွမ်က ဖတ်သောသတင်းက အလွန်ရိုးရှင်းသည်။ သို့သော် နင်မုန့်ကမူ ကြောက်လန့်နေသော ကြောင်တစ်ကောင်လို စာ၏တစ်ဝက်ခန့်အထိ သာလျှင် ဆက်လက်ပြီး ဖတ်နိုင်ခဲ့သည်။

နင်မုန့်က ဆက်မဖတ်နိုင်တော့ချေ။ သို့သော် သူမက မျက်နှာအမူအရာကို မပြောင်းဘဲ ဒီအတိုင်း တိတ်တဆိတ်သာ အကြည့်လွှဲလိုက်သည်။

"ဒီဟာက ဒီအတိုင်း အထိတ်တလန့် ဖြစ်အောင် လျှောက်ပြောနေကြတာပါ။ သူတို့ကို အိမ်ခြေရာမဲ့တွေက ခြောက်လိုက်တာလဲ ဖြစ်နိုင်တာပဲ"

လီချွမ်က ဖုန်းကို သိမ်းပြီး ခေါင်းညိတ်သည်။

"သခင်မ မှန်ပါတယ်"

ထိုစကားကို ကြားသောအခါ သူမကို နှစ်သိမ့်ပေးမည့် နင်မုန့်၏ အတွေးများက ပျောက်ကွယ်သွားသည်။ နင်မုန့်က အကြောင်းပြချက် တစ်ခုရှာပြီး အခန်းထဲသို့ ပြန်သွားလိုက်သည်။

သို့ရာတွင် သိပ်မကြာခင် သူမသတင်းကို ပြန်သိချင်လာပြန်သည်။ အဆုံးတွင် ဖုန်းကို ထုတ်လိုက်ပြီး ပတ်သက်သော အကြောင်းအရာများကို လိုက်ရှာလိုက်သည်။ ထိုကိစ္စက အလွန်ကျော်ကြားသော သတင်းတစ်ခု ဖြစ်နေသည်။ ရှာဖွေနေရင်းမှ ခေါင်းစဉ်ပေါင်းများစွာ ထွက်လာပြီး အားလုံးက ထိုမတော်တဆ ကိစ္စနှင့် ပတ်သက်နေလေသည်။

သူမက ပထမဆုံး တစ်ခုကို နှိပ်ကြည့်လိုက်သောအခါ ထိုကိစ္စကို မိတ်ဆက်ထားသော အကြောင်းအရာ ဖြစ်နေပြီး ပုံကပင် တွဲကပ်ပါသေးသည်။

ဆောင်းပါးက ပြောထားသော အတိုင်းဆိုလျှင် လူတစ်အုပ်က ညဘက် ဆောက်လုပ်ရေး ဘေးလမ်းတွင် အဆာပြေစားရန် ထွက်လာကြခြင်း ဖြစ်သည်။ လူ၃ယောက်ဖြစ်ပြီး လူထွားကြီး ၃ယောက်ဖြစ်ကာ သူတို့ အဆာပြေသွားစားမည့် လမ်းတွင် ဆိုးဝါးသော ကိစ္စနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ သူတို့က လူရိုင်းတစ်ယောက်၏ အကိုက်ခံရပြီး အမှိုက်ထွက်ပစ်သော မုန့်ဆိုင်ပိုင်ရှင်က ရှာတွေ့သွားခဲ့သည်။ သွေးဆုံးရှုံးမှုများ လွန်ကဲမည်ကို စိုးရိမ်သော သူတို့အားလုံးကို ခပ်မြန်မြန် ဆေးရုံသို့ ပို့လိုက်ကြသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now