​မ​တွေ့ဆုံးခင်​လေ (1)

14.3K 399 6
                                    


☆☆☆

ယခုကာလသည် ဖဆပလအာဏရအုပ်ချုပ်​နေ​​သော အချိန်ဖြစ်သည်။ သူပုန်ရန်​ကြောင့် ပြည်သူတို့​အေး​ဆေးစွာမ​နေနိုင်ကြရသလို နယ်​မြေလုပွဲ​တွေမှာလည်း ပို၍ ကြမ်းတမ်းလာကြသည်။

သတင်းစာများတွင်လည်း လက်ရှိအာဏရအစိုးရအား ပြစ်တင်ရှုံချမှုများ များပြားစွာပါဝင်လျှက်ရှိပြီးစား​သောက်လုပ်ကိုင်ရသည်မှာကြပ်တည်းသည့် ကာလလည်းဖြစ်၏။

သို့​သော် ထိုအ​ခြေအ​နေသည် ​ငွေ​ထောင်ချီရ​သော အစိုးရအလုပ်သမားများတွင်​တော့သက်​ရောက်မှုလုံးဝမရှိဘဲ အ​ခြေခံလူတန်းစာ​တွေ​ပေါ်မှာသာသက်​ရောက်၏။

ထိုလူ​တွေအထဲတွင် မြစ်ကမ်း​ဘေးရှိ တဲထိုး၍​နေ​သော အဇန တို့ မိသားစုလည်းအပါအဝင်ဖြစ်၏။ အချိန်မ​ရွေးကြည်ဆံမှန်နိုင်သည့်အချ်န်အခါဖြစ်​​သော​ကြောင့် လယ်ကွင်း​တွေတွင် သူရင်းဌားအဖြစ် ဆက်လက်မလုပ်ကိုင်နိုင်ကြ​တော့​ချေ။

အ​ခြေခံလူတန်းစား​တွေအဖို့ ​သေမည့်အ​ရေးထက် စားရမည့်အ​ရေးပို​လေ​တော့ ဆက်လက်လုပ််ကိုင်နိုင်ကြ​ပင်မဲ့ လူကုန်ထံ​တွေအတွက်​က​တော့ အထုတ်ပိုက်​ပြေးဖို့သာ အားသန်၏။

အလုပ်ဆက်မလုပ်ကိုင်နိုင်သည့်အခါ စားရမဲ့မဲ့​သောက်ရမဲ့မဲ့ ဘဝ​အ​ခြေအ​နေအာ အဇနတို့ခံစားရသည်။ထို​ကြောင့် ည​နေပိုင်းများဆိုလျှင် စိုက်ခင်းများထဲမှ အသီးများ ခိုးခူးရင်ခူးမခူးရင် ကန​ဖော့အား​​ကြော်စားကြရသည်။

ဆန်ဖို့အတွက်လည်း အဇန ၏ အ​ဖေနှင့်အ​မေက အပြင်းအထန်အလုပ်လုပ်ကြရ၏။ အဇန တို့မိသာစုတွင် အဇနကအကြီးဆုံးသားဖြစ်၍ အငယ်က​လေးနှစ်​ယောက်ရှိ​သေးသည်။

အဇန မှာ အသက် ၁၇ နှစ်ပြည့်ပြီဖြစ်​သော ​ယောင်္ကျာ​လေးတစ်​ယောက်ဖြစ်၏။ လိမ္မာ​ရေးကြာရှိပြီ စကားနား​ထောင်တက်သည့် အဇနကို လူအများကချစ်ကြသည်။

ထို​ကြောင့်လည်း အဇန ကိုချစ်သည့်သူများက​ပေးကြကမ်းကြသည်လည်းရှိသည်။

" ​အေးပုံ ​အေးပုံ မိ​​အေးပုံ​ရေ "

" ​အော် ဘယ်သူလဲလို့ မိ​မွှေးမ ဝင်ခဲ့​လေဟယ် "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now