လိပ်ပြာ နှင့် ပန်း The end

2.1K 80 4
                                    

☆☆☆

သစ်သားတံခါးက တချက်ကန်ဖွင့်ရုံဖြင့် ကျယ်လောင်သောအသံနှင့်ပွင့်သွားသည်။ဖုန်တွေကနေရာအနှံ့ပျံသွား၏။ထိုဖုန်တွေက အမြင်အာရုံကိုခဏတာ ကွယ်စေသည်။ရှေ့နေလေးဖုန်တွေကို လက်နက် ရမ်းရင်း ခြောက်အနည်းငယ်ဆိုးလိုက်သည်။

ထို့နောက် အခန်းထဲသို့ ဝင်သွားလိုက်၏။အခန်းထဲတွင် အနည်းငယ်မဲမှောင်နေသောကြောင့် ပြတင်းပေါက်ကိုရှေ့နေလေးအရင်ဖွင့်လိုက်သည်။ထိုအခါ လှုတ်ကုလားထိုင်ပေါ်တွင် လှဲနေသော နွယ်မျှင်လေးကိုတွေ့လိုက်ရ၏။

မလှုတ်မယှက်ဖြစ်နေသော နွယ်မျှင်လေးကို ရှေ့နေလေး စိုးရိမ်သွားသောကြောင့် ကုလားထိုင်နားကိုလာကြည့်လိုက်သည်။တော်သေးသည်က နွယ်မျှင်လေးမျက်လုံးများ မို့ဖောင်းနေတာက လွဲလို့ ကျန်တာဘာမှမဖြစ်ခြင်းပင်။

ထိုအခါမှ ရှေ့နေလေး စိတ်ပူနေတာတွေလျော့သွားတော့သည်။

" မင်းဘာလုပ်နေတာလဲ "

နွယ်မျှင်လေးက ခရက်ကို တချက်သာလှည့်ကြည့်ပြီ ဘာမှပြန်မပြောချေ။ ခရက်တစ်ယောက် သူ့ကို စကားမပြောတဲ့ နွယ်မျှင်လေး ဘေးနားက ကြမ်းပြင်ပေါ်မှာပင် ထိုင်နေလိုက်သည်။ထိုအခါမှ နွယ်မျှင်လေးက ခရက်ကို မျက်ခုံကျုံ့ကာ ပြန်မေးလာ၏။

" ခရက် ဘာလုပ်နေတာလဲ "

" မင်းက ကျွန်တော်ကို စကားမှ မပြောတာ အဲ့တာကြောင့် မင်းစကားပြောမဲ့ အချိန်ကိုစောင့်နေတာ "

" ဘာပြောစရာရှိသေးလို့လဲ အားလုံး ပြီးသွားပြီ "

" ဘာကိုပြီးရမှာလဲ ဘာမှမပြီးသေးဘူး အခုမှအစပဲရှိသေးတာ ဘာလဲ မင်းက ကိုမင်းမောင် မသန်မစွမ်းဖြစ်သွားတော့ ထားခဲ့မလို့လား "

ခရက်ရဲ့ စကားကြောင့် နွယ်မျှင်လေးဒေါသထွက်သွားသည်။

" အဲ့ကိစ္စနဲ့ ဘာမှမဆိုင်ဘူး ငါကိုကိုကြီးကို ချစ်တာက အဲ့တာတွေနဲ့ ဘာမှမပတ်သက်ဘူး သူမသန်မစွမ်းဖြစ်နေရင်တောင် ငါဆက်ချစ်နေအုန်းမှာပဲ "

" အဲ့တာဆိုရင် ဘာလို့ ပြီးမှာလဲ မင်း သူမသန်မစွမ်းဖြစ်နေလည်း ချစ်တယ်ဆိုတာကို သက်သေပြလိုက်လေ "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now