ကြားလူတစ်ယောက်ရဲ့ ခရီးစဥ်(၂၉)

1K 113 5
                                    


☆☆☆

အမြင်မှုန်းဝါးလောက်အောင် ထွန်းထားတဲ့ မီးရောင်တွေ တဆစ်ဆစ်ခေါင်းကိုက်ခဲမူတွေနဲ့အတူ ကိုကိုကြီး နိုးလာခဲ့သည်။ကိုကိုကြီးကပဲ မျက်စိမှိတ်ထားတာကြာသွားသောကြောင့်လာမသိ ထွန်းထားတဲ့ မီးတွေက light pollution ဖြင့် နှိပ်စက်နေသလားဟုတောင်ထင်ရ၏။

ကိုကိုကြီး ဖွင့်ထားတဲ့ မျက်စိကို ခဏပြန်ပိတ်ပြီး အလင်းရောင်နဲ့ အသားကျရောင်ကြိုးစားလိုက်သည်။ခဏအကြာမှ သူမျက်လုံးပြန်ဖွင့်တဲ့အခါ မီးအလင်းရောင်က သိပ်ပြီးမျက်စိမစူးတော့ပေ။

ကိုကိုကြီးတစ်ယောက် သူဘေးဘီကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ ကောင်လေးတစ်ယောက်က သူလှဲနေတဲ့ ကုတင်ပေါ်တွင် ခေါင်းအုံးကာ အိပ်ပျော်နေသည်။မျက်နာပင် ကြည့်စရာမလိုပါ နွယ်မျှင်လေးဆိုတာ သူသိသည်။

အိပ်နေတဲ့ကောင်လေးမနိုးအောင် ထိုကောင်လေးရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်ပင့်မယ့် အအိပ်ဆက်တဲ့ထိုကောင်လေးက ခေါင်းလေးမော့ပြီးသူကိုကြည့်လာခဲ့သည်။

ကိုကိုကြီးရဲ့ မျက်လုံးများပွင့်နေသည်ကို နွယ်မျှင်လေးတွေ့တဲ့အခါ စက္ကန့်အနည်းငယ်ကြောင်အစွာကြည့်နေပြီမှ ကိုကိုကြီးကို လှမ်းဖက်လိုက်တော့သည်။

" အ့ "

" အား မတော်လို့ အပျော်လွန်ပြီ ဒဏ်ရာရှိတာမေ့သွားတယ် "

နွယ်မျှင်လေးရဲ့ အူကြောင်ကြောင်အမှုအရာလေးတွေက တမာန်လွန်တဖက်ကမ်းက ပြန်လာတဲ့ ကိုကိုကြီးအတွက် ဘယ်တော့မှ ရိုးအိမသွားနိုင်ပေ။နွယ်မျှင်လေးရဲ့ ရှပ်ပြာရှပ်ပြာ နိုင်မှုတိုင်းကတမျိုးစီချစ်ဖို့ကောင်းသည်။

"ဆက်အိပ်ပါ ပင်ပန်းနေပြီမှတ်လား "

" ခင်များညားတယ် ! "

နွယ်မျှင်လေးဟာ ငိုမဲ့မဲ့မျက်နှာဖြင့် ကိုကိုကြီးကို ကြည့်လာတဲ့အခါ ကိုကိုကြီးကအံသြသင့်သွားပြီနောက် ပြုံးလာခဲ့သည်။စိတ်ထဲတွင်တော့ ဒီကလေးကဘာကြောင့် ဒီလောက်မျက်ရည်လွယ်နေသလဲဆိုတာ သူသိချင်လာသည်။သို့ပေမယ့်လည်း သူစိတ်မပျက်မိပါ။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now