ဖွင့်ဟဝန်ခံ(၂၆)

1.1K 68 0
                                    


☆☆☆

ရာသီဥတုက ​နွေရာသီမ​ရောက်​သေးတာ​တောင် နွယ်မျှင်​လေးတစ်​ယောက်​ချွေး​တွေရွဲ​နေသလိုခံစားရသည်။​ချွေးစို​နေတဲ့ သူ့လက်နှစ်ဖက်ကို ဒူး​ပေါ်မှာတင်ထားရင် သူမျက်လုံး​တွေက ကနာမငြိမ်ဖြစ်​နေ၏။

" စိတ်​အေး​အေးထား "

သူစိတ်အရမ်းလှုတ်ရှား​နေတာမြင်တဲ့အခါ ကိုကိုကြီးကနှစ်သိမ့်​ပေးလာသည်။

" ဒီမှာ နည်းနည်းပူသလိုပဲ​နော် "

" ကိုယ်​တော့ မထင်ပါဘူး အသက်မှန်မှန်ရှု "

" ကျွန်​တော် နှလုံးကြီးအပြင်ထွက်ကျ​တော့မယ်လို့ခံစားရတယ် "

" မင်းနှလုံးသားက ဒီမှာစကား​ပြော​နေတယ်​လေ ဘယ်လိုလုပ်ထွက်ကျလာမှာလဲ "

ရှားရှားပါးပါး ကိုကိုကြီးဆီမှ ငြူတူတူစကားလုံး​တွေကြားလိုက်ရတဲ့အခါ နွယ်မျှင်​လေးရဲ့ စိတ်​တွေထူးဆန်းစွာတည်ငြိမ်လာခဲ့သည်။ဟုတ်တယ် နွယ်မျှင်​လေး အမျိုးသားက နွယ်မျှင်​​လေးကို ဂရုစိုက်တဲ့ ဒီလိုလူမျိုးပင်။

" အဟင်း အဟင်း "

တစ်​ယောက်နဲ့ တစ်​ယောက် အကြည်စိုက်​နေကြတဲ့မြင်ကွင်ကို နွယ်မျှင်​လေးအ​မေကမမြင်ချင်​​တော့သဖြင့် သူရှိ​နေ​ကြောင်းအသံ​ပေးလိုက်သည်။ထိုအခါမှ နွယ်မျှင်​လေးက သူ့အ​​မေကို ​မျော်လင့်တကြီးကြည့်​နေရှာ၏။

သူမကိုစိုက်ကြည့်​နေတဲ့ နွယ်မျှင်​လေးမျက်လုံးထဲမှာ တက်ကြွမှု​​သေချာမှုနဲ့အတူ စိုးရိမ်ပူပန်မှုအနည်းငယ်ကို သူမ​တွေ့လိုက်ရတဲ့အခါ သူမရင်ထဲလိုက်ကနဲ ဝမ်းသာလာသည်။

အစတုန်းက​တော့ သူက ကန့်ကွက်ဖို့​တွေးခဲ့ပင့်မယ့် ဒီလို စိတ်အားထက်သန်​နေတဲ့ သူမသားကိုမြင်လိုက်ရတာ​ကြောင့် ကန့်ကွက်စကား​တွေက သူမလည်​ချောင်းထဲမှ​ပျောက်ပျက်သွားသည်။

" ကျုပ်က ​ဘာမှမသိတဲ့ ရှေးရိုးစွဲအဖွားအိုးကြီးပါ လိင်တူကကြိုက်တာကို ကြားလည်းမကြားဖူးဘူး မြင်လည်းမမြင်ဖူးဘူး ကျုပ်မျက်လုံး​တွေထဲမှာ​​တော့ မိန်းမလျာနဲ့​ယောင်္ကျားတွဲရင် အဲ့​ယောင်္ကျားက မိန်းမလျာဆီကခြူစားချင်​နေတယ်လို့ပဲမြင်တယ် ကျုပ်ရဲ့ ဦး​နှောက်ထဲမှာ ​ယောင်္ကျားနှစ်​ယောက်က ချစ်သူရည်းစားမဖြစ်နိုင်ဘူးလို့ပဲမှတ်ထားခဲ့တယ် "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now