မဆုံးနိုင်​သော ရန်လိုမှု (13)

1.9K 167 6
                                    

☆☆☆

ကိုကိုကြီးမရှိတဲ့ ​နေရက်​တွေကအရမ်းပျင်းရိစရာ​ကောင်းသည်။အရမ်းပျင်းစရာ​ကောင်းတဲ့ ​နေ​တွေဖြစ်​နေပင့်မယ့် ဟိုတ​နေ့ကလို​တော့ အ​​ချောင်ပါးအရိုက်မခံချင်ပါ။နွယ်မျှင်​လေး အား​နေတဲ့အချိန် စာ​လေ့လာသည်။

သင်တာသိပ်မကြာ​သေးပင့်မယ့် ​ကောင်း​ကောင်း​ရေတက် ​ကောင်း​ကောင်းဖတ်တက်​နေပြီဖြစ်သည်။ဒါ​ကြောင့် နွယ်မျှင်​လေး မိဘ​တွေကို စာ​ရေးပို့ဖို့ စဥ်းစားမိပင့်မယ့် သူ့မိဘ​တွေက စာမဖတ်တက်ကြတာကခက်၏။

နွယ်မျှင်​လေးလည်း စာမတက်လျှင်​ကောင်းမည်။ဒါမှ ကိုကိုကြီးက ဖုန်းနှင့် စကားလှမ်း​ပြောမည်ဖြစ်၏။အခု​တော့ ၃ရက်မဟုတ် ၇ရက်​နေ့မှပြန်လာမည်ဖြစ်​ကြောင်းကို ဖတ်ပြီးတာ ၆ရက်​​မြောက်ဖြစ်​နေပြီဖြစ်သည်။

ဒီခံစားချက်ကြီးက မင်္ဂလာဦးညမှာ မင်္ဂလာမဦးလိုက်ဘဲ မနက်မိုးလင်းသွားတာနှင့်တူသည်။တစ်​ယောက်နဲ့တစ်​ယောက်အ​ကြောင်း ​လေ့လာဖို့ အချိန်ကြမှ ခွဲကြရသည်။ဒါကလုံးဝ မဖြစ်သင့်ပါ။

အလုပ်သမား​​များ က​တော့အလည်လာ​ပေးကြသည်။ညအိပ်​ပေးဖို့ ​ပြောတဲ့လူလည်းရှိသည်။ဒါ​ပေမယ့် နွယ်မျှင်​လေး လက်မခံနိုင်ပါ ။ ကိုကိုကြီးရဲ့ အ​ငွေ့အသက်​တွေကို မနည်းမကုန်​အောင် ပြတင်း​ပေါက်​တောင်မဖွင့်ရက်တာ တခြားလူကို အိမ်ထဲအဝင်ခံဖို့ စဥ်း​တောင် မစဥ်းစားရဲပါ။

ဒါ​ကြောင့် လူတိုင်းကို အပြင်ဘက်ကွန်ပစ်​ပေါ်မှာသာဧည်ခံ​လေးရှိသည်။ကိုကိုကြီးမရှိတဲ့ အ​တော်အတွင်း စိုက်ထားတဲ့ အပင်​တွေ​တောင် အ​ညှောင့်က​လေး​တွေ ထွက်​နေပြီဖြစ်သည်။တစ်လအတွင်း ဤခြံတွင် ပန်း​​တွေ​ဝေ​ဝေဆာ​လောက်မည်ဟုထင်သည်။

နွယ်မျှင်​လေး ပန်း​တွေ​ရေ​လောင်း​နေသည်။အတိအကျ​ပြောရရင် ပန်း​တွေဖြစ်လာမည့် အ​ညှောင့်က​လေးများကို ​ရေ​လောင်း​နေခြင်းဖြစ်သည်။

" အဇန "

" ဗျာ ... ဦး​လေးတင် "

" မမရီက အိမ်မကြီးဘက်ကို ​နေလည်စာလာစားပါလို့ ​ခေါ်ခိုင်းလိုက်တယ် "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Tahanan ng mga kuwento. Tumuklas ngayon