ကာကွယ်မှု (10)

2.1K 184 2
                                    

☆☆☆

ကိုကိုကြီး ရဲ့အကြည့်​တွေကိုခံစားမိတဲ့အခါ နွယ်မျှင်​လေး ​ခေါင်း​​မော့လိုက်သည်။ကိုကိုကြီးက​တော့ မ​ပြောင်းလဲတဲ့ အပြုံးဖြစ်သာစိုက်ကြည့်​နေ၏။

" ကိုကိုကြီး ကိုကိုကြီး ဒီ​နေ့အရမ်း​ချော​နေတယ် "

ကိုကိုကြီး မျက်နှာ​ပေါ်မှ အံသြရိမ်ဖြတ်​ပြေးသွားသည်။ တခြားလူ​တွေလို ​လောကဝတ်စကားမဟုတ်ဘဲ နွယ်မျှင်​လေး စိတ်ထဲမှာရှိတဲ့အတိုင်း ထုတ်​​ဖော်​ပြောကြားခြင်းဖြစ်သည်။

" ကိုယ်ကအမြဲတမ်း​​ချော​နေတာ မင်းကအခုမှသိတာလား "

" မဟုတ်ပါဘူး ​​နေ့တိုင်းကိုကိုကြီး ​​ချော​နေတာကိုသိတယ် "

နွယ်မျှင်​လေးက ရယ်ပြတဲ့အခါ ကိုကိုကြီးကလည်း လိုက်ရယ်သည်။

" စားပြီးရင် ပြန်ကြမလား "

" ဟုတ် ကိုကိုကြီး "

လက်ကျန်စားစရာ​တွေအကုန်ဖျတ်ပြီး​နောက် ​လှေက​လေး စီးကား အိမ်သို့ပြန်လာခဲ့သည်။နွယ်မျှင်​လေးရဲ့ အိမ်မဟုတ်ပင့်မယ့် အိမ်ဟုသာ သုံးနှုန်းချင်သည်။​မှောင်မဲ​နေတဲ့ မြစ်​​ရေပြင်ထဲ ​လှေက​လေး​တွေ တစ်​လှေ နှစ်​လှေ ကြို့တို့ကြားတား မြင်ရ၏။

" ဒီမြစ်ကိုဖြတ်ရင် ဘယ်ကဗျာကိုသတိရလဲ သိလား "

" ပန်းပန်လျက်ပါ မဟုတ်လား "

" ​တော်တယ် ကဗျာ တစ်ပုဒ်လုံးရလား "

" ရပါတယ် ကိုကိုကြီး "

" ဒါဆို နား​ထောင်ချင်လို့ ဆိုပြပါလား "

မီးအိမ်ကို အားပြု၍ ​လှေတဖက်ခြမ်းတွင် ထိုင်​​နေ​သော ကိုကိုကြီးကို လှမ်းကြည့်လိုက်သည်။​တောက်ပ​နေတဲ့ မျက်ဝန်းတစ်စုံက ညအ​မှောင်ထဲမှာ​တောင် ​ထွန်း​တောက်​​နေတုန်းပင်။ထိုမျက်လုံးများဖြင့် ​တောင်းဆို​လေ​တော့ နွယ်မျှင်​လေးက ဘယ်ငြင်းနိုင်ပါ​တော့မလဲ။

" ညိုပြာပြာ ၊ လတာပြင့်ခြေရင်း။
လှိုင်းတက်ရာ ​ဗေဒါတက် ၊လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ ။
အုန်းလက်​ကြွေ ​ရေ​ပေါ​​လော၊​မျောစုန့်လို့လား။
အဆင်းနဲ့အလာ ၊​ဗေဒါမ အ​ထွေး။
အုန်းလက်​ကြွေ သူ့နံ​​ဘေး ​​ဆောင့်ခဲ့ရ​​သေး။
​ဆောင့်ခဲ့လဲမသက်သာ ။
​နောက်တချီ ဒီတလုံးက၊ဖုံးလိုက်ပြန်ပါ။
မြုပ်​လေ​ပေါ့ ၊​ပေါ်မလာ၊ မ​ဗေဒါအလှ။
တလံကွာ လှိုင်းအကြွ ၊ ​ပေါ်လိုက်ပြန်ရ။
​ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ်၊ ​မြောင်းငယ်ထဲက၊ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ ၊ နှစ်ရာ ၊​ဗေဒါကတစ်ပင်တည်း။
အယက် ၊ အကန်ခံလို့
​ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ....။ "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now