​တွေ့ဆုံခြင်း (4)

2.8K 207 2
                                    

☆☆☆


လက်တ​စ်​ဖျောက်တီး​လောက်ရုံမျှသာ ​နေ့တစ်​နေ့တာက ကုန်လွယ်လွန်း​နေသည်ဟု ခံစား​နေရသည်။ ​ရွှေ​ရောင်ပုစွန်အုပ်လိုက်ကြီး ​ကောင်ကင်​ပေါ်မှ လာ​နေသလားဟုပင်ထင်ရ​လောက်​အောင် ​ကောင်ကင်ကြီးက ပုစွန်ဆီ​ရောင် သန်း၍ ​လှလွန်း​နေသည်။

အနည်းငယ်မြင့်​သော ​နေရာများတွင် အ​မှောင်ရိပ်ကျ​နေ​သော​ကြောင့် ​ကောင်ကင်ရံရှိ အလင်း​ရောင်နှင့် လှပမှုက လူတိုင်းကို ရင်သက်ရှူ​​မော​စေနိုင်​လောက်သည်။အမြင့်ပိုင်း အလုပ်သမားတန်းမှ မြင်​နေရ​သော မြစ်က​လေးက စိန်တုံးက​လေးများရှိ​နေသလို တလက်လက်​တောက်ပ​နေ​သေး၏။

​လှေဆိပ်မှ အဇနရပ်​နေသည့်​နေရာအထိ အလုပ်လုပ်​နေကြ​သော လူများ၏လှုပ်ရှားမှုများက ည​နေခင်းချိန် အလှကိုပိုမို လှပသွား​​စေသည်။အဇနသာ ပန်းချီဆရာတစ်​ယောက်ဆိုရင် ဒီလိုမြင်ကွင်းမျိုးကိကြည့်ပြီ စိမ်​ပြေလ​ပြေ ပန်းချီထိုင်ဆွဲ​နေ​လောက်သည်။

ဖြစ်ချင်​တော့ သူက ပန်းချီဆရာတစ်​ယောက်မှ မဟုတ်ဘဲ သူက ဒီ​နေ့ဝင်ဆည်ဆာအလှကို ခဏ ခံစားခွင့်ရလိုက်တဲ့ အလုပ်သမား သာသာ​လေးတစ်​ယောက်ပါပဲ။

" ​ကောင်​လေး ​ငေးလှချည်းလား မင်းဒီမှာသာကြာကြာ​နေရင် ဒီမြင်ကွင်းကရိုးသွားမှာ "

အဇန မျက်မှန်းတမ်းမိသည့် အလုပ်သမားဦး​လေးကြီးက သူ့​ဘေးနားတွင်ရပ်၍ လက်​ထောက်ရင်းစကား​ပြောလာသည်။​နေ့တိုင်း ? ​နေတိုင်း သူဒီလိုမြင်ကွင်းကိုမြင်​နေရမှာ​ပေါ့ ။ သူရိုးသွား​လောက်မယ်လို့ တကယ်မထင်ပါဘူး။

" ကျွန်​တော်သ​ဘောကျတယ် "

"​အေးပါကွာ မင်းလုပ်စရာမရှိ​တော့ရင်လည်း ပြန်လိုက်​တော့​လေ ဒီမှာ မင်းကို ခိုင်းစရာမရှိ​တော့ဘူး "

ထိုဦး​လေး စကားကို တခြားလူတစ်​ယောက်ကလည်းဝင်​ရောက်​ထောက်ခံလာသည်။ဒါ​ပေမယ့် သူနားလို့မရ​သေးဘူး ကိုကိုကြီး ဆီသူသွားရအုန်းမယ်မဟုတ်ပါလား။နည်းနည်း​နောက်ကျ​နေပြီ ဆို​​ပေမယ့် သူအ​ကြောင်း​ေ​တာ့သွားကြားသင့်တယ်လို့ ထင်သည်။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now