တဖန်ပြန်တိုက်ခိုက်ဖို့ပြင်ဆင်ခြင်း(၂၅)

1.1K 75 3
                                    

☆☆☆

ထမင်းစားချိန်မတိုင်မှီအတွင်း ​နွယ်မျှင်​လေးတို့ ခြံက အင်အားအသစ်ဖြစ် ​ကံ​ကောင်းမှုကိုကြိုဆိုဖို့ အဆင့်သင့်ဖြစ်​နေသည်။​နေထွက်ချိန်မှာ အား​ကောင်းတဲ့ အတည်ဓါတ်​တွေကို ခံစားရင်း ​နေရက်သစ်တစ်ခုကို စတင်လိုက်သည်။

နွယ်မျှင်​လေး စိတ်ထဲတွင်ခံစား​နေရတာက​တော့ ဒီ​နေ့အ​ပြောင်းအလဲဖြစ်​တော့မည်ဖြစ်သည်။​​ရှေ့​နေ​လေးလည်း ​ရောက်​တော့မှာမို့လို့ နွယ်မျှင်​လေး ခြံထဲက ကွန်ပစ်မှာ ထွက်ထိုင်​နေလိုက်သည်။

ယခင်ကအတိုင်း အလုပ်ရှုတ်​နေကြတဲ့ အလုပ်သမား​တွေကို မြင်ရတဲ့အခါ နွယ်မျှင်​လေး စိတ်ထဲပိုတက်ကြွလာသည်။သူက သူ့ရဲ့ စီပွား​ရေးကို ပြန်ပျိုး​ထောင်ဖို့ မဖြစ်နိုင်​လောက်ဘူးလို့ ထင်ခဲ့​ပေမယ့် ကိုကိုကြီး​ပြောဖူးတဲ့ စကားတစ်ခွန်း​ကြောင့် ပြန်စတင်နိုင်ခဲ့သည်။

ကိုကိုကြီးက နွယ်မျှင်​လေးအတွက် အရမ်းအ​ရေးပါသည်။ကိုကိုကြီး ကိုယ်တိုင်က နွယ်မျှင်​လေး ​ဘေးနားတွင် ရှိမ​နေနိုင်ခဲ့​ပေမယ့် နွယ်မျှင်​လေးကို ကိုကိုကြီးရဲ့ စကား​​တွေက​ဖေးမကူညီ​ပေးခဲ့သည်။ဒါက အ​နေ​ဝေး​နေပင့်မယ့် နှလုံးသားခြင်းနီး​နေ​သော​ကြောင့် ဖြစ််နိုင်သည်။

နွယ်မျှင်​လေးအ​တွေးထဲ​ပျော်ဝင်၍ အလိုလို အရူးတစ်​ယောက်လိုပြုံးမိသည်။အမြဲတမ်းလိုလိုပါပဲ ကိုကိုကြီးအ​ကြောင်း​တွေးမိရင် သူတကယ်ရင်ခုန်သည်။ကြည်နူးသည်။ပြုံးမိသည်။ ဘာမှမဟုတ်တဲ့ ​ကောက်ရိုးပုံကြီးက​တောင် သူ့အတွက်ချစ်စရာ​ကောင်း​နေ၏။

"ကိုအဇန ဘာ​တွေပြုံး​နေတာလဲ "

နွယ်မျှင်​လေးရဲ့ အပြုံး​တွေအ​တွေး​တွေကို ​ရှေ့​နေ​လေးက ဖြတ်​တောက်ပစ်လိုက်သည်။​ရှေ့​နေ​လေးရဲ့ အ​မေးကို​တော့ သူ​ခေါင်းခါရင်းပြုံးပြလိုက်သည်။

သူ့ရဲ့ အမှုအရာကို​တွေ့တဲ့အခါ ​ရှေ့​နေ​လေးက သူ့ရဲ့နာရီကိုတချက်ကြည့်ပြီး နွယ်မျှင်​လေး​ဘေးဝင်ထိုင်လိုက်သည်။

" ကြည့်ရတာ​တော့ ကိုအဇနရဲ့ ​မိန်းက​လေးအ​ကြောင်း​တွေး​နေတာထင်ပါ့ "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now