အပိုင်း(21)​နောက်ဆုံးလူ

1.7K 96 4
                                    

☆☆☆



တညတာလွန်တဲ့အခါ ​မ​နေ့ညက​ကောက်ရိုးပုံက​လေးထဲက ​​ကောက်ရိုး​​တွေကပြန့်ကျဲ​နေသည့်မှာ မုန်တိုင်းဝင်သွားသလိုပင်။မ​နေ့ညက ကြည်နူးခဲ့တဲ့ လူနှစ်​ယောက်မှာ အစအနပင်ရှာမရ​တော့ပါ။မ​နေ့ညကသူတို့ကြည်နူးခဲ့​ကြောင်း သက်​​သေအဖြစ်က​တော့ တွန့်​​ကြေ​နေတဲ့ အပြာနု​ရောင် အကျီတထည်နှင့် အဖြူ​ရောင်အရည်တချို့သာရှိတော့သည်။

ထို​ကောက်ရိုးပုံနဲ့ ခပ်​ဝေး​ဝေး နှစ်ထပ်အိမ်က​လေးရဲ့ အ​ပေါ်ထပ်မှာ​တော့ လူနှစ်​ယောက်အတူတူဖက်၍အိပ်​နေကြ၏။ထိုလူနှစ်​ယောက်က ​ကောက်ရိုးပုံက​လေး ပြန့်ကျဲသွားမှု၏ အဓိကတရားခံဖြစ်သည်။

ထိုအခန်းက​လေးထဲကို ​နေ​ရောင်မဝင်နိုင်ပင့်မယ့် ထိုလူနှစ်​ယောက်က​တော့ နိုး​နေတာကြာပြီဖြစ်၏။သူတို့က တစ်​ယောက်နဲ့တစ်​ယောက် ​ပွေ့ဖက်ထားရင်း စကားမ​ပြောဘဲရှိကြသည်။

တိတ်ဆိတ်​နေတဲ့အခန်းအတွင်း မနတ်ခင်ယ​နေ​ရောင်ခြည်​ကြောင့်မဟုတ်ဘဲ ​နွေး​ထွေး​နေ၏။ဒါက အချစ်​ကြောင့်များဖြစ်နိုင်သလား။နွယ်မျှင်​က​လေး ​တစ်​ယောက်တည်းရှိ​နေချိန် ဒီအခန်းက​လေးက အမြဲ​အေးစက်ပြီ ​လေထန်​နေသည်။ယခု​တော့ ​နွေး​ထွေးလွန်​နေ၏။

" ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ "

နွယ်မျှင်​လေးက ကိုကိုကြီးလက်​မောင်း​​တွေ​ပေါ်အိပ်​နေရင်း အငြင်းစကားဆိုလိုက်သည်။

" ကျွန်​တော် လိုက်လို့မရဘူး "

" ဘာလို့လဲ "

" ကျွန်​တော်က အရင်ကလို​ကောင်​လေးတစ်​ယောက်မဟုတ်​တော့ဘူး​လေ အခု တာဝန်​တွေ ၊ဝတ္တရား​တွေ ကျွန်​တော်ပုခုံ​ပေါ်မှာ​တင်ထားရတယ်။ ဒါ​တွေကို ထားခဲ့ပြီ ကျွန်​တော် ကိုကိုကြီး​နောက် လိုက်ခဲ့လို့မရဘူး"

"ကိုယ်နားလည်ပါတယ် "

" ​ကျေးဇူးတင်ပါတယ် ​​တောင်းပန်ပါတယ် "

" မလိုပါဘူးကွာ မင်းအဆင်​ပြေရင် ကိုယ်လည်းအဆင်​ပြေတယ် အရာရာမင်း သ​ဘောပဲ "

နွယ်မျှင်​လေး ကိုကိုကြီးကို ဖက်ထားလိုက်သည်။သူ့မျက်နှာကို ကိုကိုကြီးရဲ့ ရင်ခွင်ထဲထည့်ထားရင်း ဝမ်းသာ​​နေမိ၏။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now