ဒုတိယ​ခြေလှမ်း(8)

2.1K 174 4
                                    

☆☆☆


" ကျွန်​တော် ဘာလုပ်မိလို့လဲ ဦး​လေးတင် ကျွန်​တော်ကို ဘာလို့ အလုပ်ထုတ်တာလဲဟင် "

မျက်နှာသိပ်မ​ကောင်းတဲ့ ဦး​လေးတက်က မျက်​မှောင်ကျုတ်၍ ပြန်​ဖြေလာ၏။

" ဘယ်သူကမင်းကို အလုပ်ထုတ်တယ်လို့​ပြောလို့လဲ"

"အထုတ်သိမ်းလို့ ဦး​လေးတင်ပဲ​ပြောတာ​လေ "

" မဟုတ်ပါဘူး မင်းကအခု ဒီမှာ​နေစရာမလို​တော့ဘူး ကိုကိုကြီးက မင်းကို သူ့အိမ်မှာလာ​နေတဲ့ "

နွယ်မျှင်​လေး ​ကြောင်​တောင်​တောင်မျက်နှာဖြစ်သွားသည်။ဒါဆိုရင် ဘာလို့များ ဦး​လေးတင်က မျက်နှာမ​ကောင်းဖြစ်​နေတာလဲဟု ​မေးချင်လာ၍ ​ထုတ်​မေးလိုက်၏။

"အာ... ဒါဆို ဘာလို့ ဦး​လေးတင်က မျက်နှာမ​ကောင်းဖြစ်​နေတာလဲ "

နွယ်မျှင်​လေးစကားကြား​တော့ ဦး​လေးတင် မျက်နှာကပို မည်း​မှောင်သွား၏။ ဦး​လေးတင် ​ဘေးနားတွင်ထိုင်​နေ​သော အလုပ်သမားတချို့က ဒါကို​တွေ့​တော့ ရယ်ရင်း​ပြောလာကြသည်။

" ဦးစိတ်တိုကြီး ဆူတာခံလိုက်ရလို့​လေ "

" ဘာလို့ ဆူတာလဲ "

နွယ်မျှင်​လေးက နားမလည်သဖြင့်ထပ်​မေး​လေ​တော့ အလုပ်သမား​တွေကပြန်​ဖြေမည်အလုပ် ဦး​လေးတင်က ထိုအလုပ်သမား​တွေကို မာန်မဲလိုက်၏။

" အလုပ်မလုပ်ဘဲ စကား​ပြော​နေရင် ဦးစိတ်တိုကြီး နဲ့ ပြန်တိုင်မှာ​နော် "

ထိုအခါမှ ထိုင်လျက်ရယ်​နေ​သော အလုပ်သမားများ အကုန်ထ​ပြေးကြ​လေသည်။အလုပ်သမား​တွေက ဘာလို့ ကိုကိုကြီးကို​​ကြောက်ကြသလဲ နွယ်မျှင်​လေး နားမလည်​တော့ပါ။

အစက​တော့ သူတို့​ပြော​သော​ကြောင့် ကိုကိုကြီးကို​ကြောက်မိပင့်မယ့် ကိုကိုကြီးကသူတို့​ပြောသလို အရမ်းဆိုးသွမ်း​နေခြင်းမရှိပါ။မမရီလို အမြဲပြုံးမ​နေပင့်မယ့် မမရီလိုမျိုး စိတ်​ကောင်း​စေသနာ​ကောင်းရှိသည်။

မင်းအာကာ​မောင် လိုမျိုး သူတစ်ပါးကို ညှင်းဆဲတက်​သော စိတ်အလျင်မရှိပါ။နွယ်မျှင်​လေး သူအိတ်​တွေထုတ်ပြီး​တော့ ဦး​လေးတင်​ပြောတဲ့အတိုင်း ကိုကိုကြီး အိမ်ဘက်သို့ ​​ခြေဆန့်လာခဲ့သည်။​မှောင်မဲ​နေ​သော​ကြောင့် မီးအိမ်တဖက် အိတ်တဖက်နှင့် ကိုင်ထားလျက် ကိုကိုကြီးအိမ်သို့​ရောက်၏။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now