ဆုံဖြတ်ချက်ကိုယုံကြည်မိ(၂၇)

1K 64 4
                                    

☆☆☆

သိပ်မ​ဝေးလှတဲ့ မြစ်ပြင်ကျယ်ကြီးကိုမြင်ရဖို့အတွက် နွယ်မျှင်​လေးစိတ်လှုတ်ရှား​နေခဲ့သည်။သူ​ဘေးက သူအမျိုးသားရဲ့လက်ကိုဆုတ်ကိုင်ထားပြီး ​ပျော်ရွင်စွာပြုံး​နေခဲ့၏။

နွယ်မျှင်​လေးရဲ့ အပျိုဖြန်းက​လေး ပထမဦးဆုံးရည်းစားထားဖူးသလိုဖြစ်​နေတာက ကိုကိုကြီးကို ပို၍အသည်းယား​စေခဲ့သည်။ကိုကိုကြီးက နွယ်မျှင်​လေးရဲ့ ပါးကိုဖြတ်ကနဲ နမ်းပြီး အသံတိုးတိုးနဲ့​ပြောလာခဲ့၏။

" မင်း ဒီလိုဆက်လုပ်​နေရင်း ကား​ပေါ်မှာ​နောက်တချီဆက်ဖြစ်မဖြစ်ကို ကိုယ်အာမမခံနိုင်ဘူး​နော် "

ဒီလိုကိစ္စ​တွေကို ကိုကိုကြီးနဲ့ သူသိပ်မလုပ်ဖြစ်ခဲ့ပါ။ ၃ခါ​​လောက်သာရှိဖူးဘူး။ဒါ​ပေမယ့် ကိုကိုကြီးက​တော့ ဒီလို​တွေအများကြီးဖြစ်ခဲ့ဖူးသလို​ပြော​နေတဲ့အခါ နွယ်မျှင်​လေးက ရှက်ပါသည်။

နွယ်မျှင်​လေးတစ်​ယောက် ထိုစကားကြားပြီးရှက်လာတဲ့အခါ ကိုကိုကြီးရဲ့ ရင်ဘက်ကိုမနာ​အောင်လက်သီးနဲ့ဖွဖွထိုး​ပြီး နှုတ်ခမ်းဆူ​နေတက်သည်။ကိုကိုကြီးကလည်း ထိုအမှုအရာ​လေးကို လိုချင်​နေခဲ့တာဖြစ်သည်။

နောက်ခုံတန်းမှာ ထိုင်၍ကလူးနေကြသော ထိုအမျိုးသားစုံတွဲကို ရှေနေလေး သိပ်ကြည့်မရတော့ပါ။သူတို့ဒီလိုလုပ်မယ်ဆိုလည်း ဘာလို့ သူတို့ကိုခေါ်နေသေးတာလဲ။

"ကိုအဇန နဲ့ ကိုမင်းတည်တံမောင် ကျွန်တော်ကရှေ့နေနော် ကားမောင်းသမားမဟုတ်ဘူး ခင်များချစ်ကြည်နူးတိတိ တူးမယ်ဆိုလည်း ဘာလို့ ကျွန်တော်ကိုခေါ်လာတာလဲ "

" ကိုယ်တို့တွေ ချစ်ကြည်နူးနိုင်ဖို့ပဲ မင်းကိုခေါ်လာတာလေး ကြည့်ပါလား မင်းသာမရှိရင် ကိုယ်တို့တွေမတိတိတူးရပဲ ကားတိုက်မှုဖြစ်နိုင်တယ် "

ကိုကိုကြီးရဲ့ တန်ပြန်စကားကြောင့် ရှေ့နေလေးခင်များ သူ့ကိုချီးကျူးပေးလို့ ဂုဏ်ယူရမလိုလို ကားသမားလုပ်ခိုင်းလို့ ဒေါသထွက်ရမလိုလိုဖြစ်နေတော့၏။

" အချစ်လေးရယ် မင်းကားမမောင်းချင်ရင် မြင်းစီးလို့ရပါတယ် တက်ကလုတ် တက်ကလုတ် "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now