အတားအဆီး(၂၄)

1.1K 83 8
                                    


☆☆☆

​နေ့ချင်းညချင်းဆိုသလို နွယ်မျှင်​လေးတို့ စီးပွားပျက်သွားရသည်။တစ်နှစ်ခွဲ​​လောက် သူကြိုးစားခဲ့တဲ့အရာ​တွေက တစ်ည​နေတည်းပင် ပိတ်ပိတ်​ပျောက်သွားတာက တရားကျချင်စရာ​တောင်​ကောင်း၏။

ဘာမှမတည်မြဲတဲ့​လောကကြီးကို ကြည့်ပြီး နွယ်မျှင်​လေးဟားတိုက်ရယ်ချင်လာသည်။သူတို့အတွက်က လူတစ်​ယောက်ရဲ့ ဘဝကိုဖျတ်စီးဖို့ ဘာမှအားမစိုက်လိုက်ရပါလား။

ဘာအညိုးအ​တေးမှမရှိဘဲ ဘာ​​ကြောင့်ဒီလိုလုပ်ရသလဲဆိုတာ နွယ်မျှင်​လေးစဥ်းစားသည်။​နောက်​​တော့ သူအ​ဖြေရလိုက်သည်။ဘာအညိုးအ​တေးမှမရှိဘူး သက်သက်အ​ပျော်လုပ်တာဟုသာဖြစ်​တော့၏။

​နေတဖြည်းဖြည်းဝင်လာတဲ့အခါ အလုပ်စားပွဲ​ပေါ်မှာထိုင်ရင်း နွယ်မျှင်​လေး သူမျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။အခုသူဘာလုပ်ရမလဲဆိုတာကို မစဥ်းစားတက်​​​တော့​ချေ။

သူအသစ်စတင်တုန်းက ခက်ခဲခဲ့သလောက်က ပျက်စီးပြီးသားအရာကိုပြန်တည်​ဆောက်ဖို့ထက်ပိုလွယ်ကူ​နေ၏။သူက ဘာ​လောက်ပဲ​တော်​နေပါ​စေ ဒီ​လောကမှာ အ​တွေ့အကြုံနုနွယ်​သေးတဲ့လူဖြစ်တာ​ကြောင့် သူဒီကိစ္စကိုမ​ဖြေရှင်းနိုင်ဖြစ်​နေခဲ့သည်။

သူ့မှာ စီးပွား​ရေးတင်မက စွတ်စွဲချက်လည်းရှိ​သေး၏။ဘယ်က​ကောင်မ​လေးကို သူဘာသာသူ​တောင်အချိန််မရှိတာ ဘယ်လိုလုပ်သွားလုပ်နိုင်မှာလဲ အဓိပါယ်မရှိတဲ့စွတ်စွဲချက်သာဖြစ်သည်။ဒီလို ဒုက္ခ​တွေကြားမှာ နွယ်မျှင်​လေးတစ်ခု​တော့ ကံ​ကောင်းသည်။

နွယ်မျှင်​လေး အနားကလူ​တွေက အထူးသဖြင့် အလုပ်သမားတချို့နဲ့ အ​မေက​တော့ သူ့ကိုယုံကြည်​ပေးခဲ့သည်။သူမလုပ်ခဲ့​ကြောင်းကို သိကြ၏။အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ည​နေကပင် ရဲ၂​ယောက်လာသွား​သေးသည်။

အဲ့ကိစ္စကို​ဖြေရှင်းဖို့ ရဲစခန်းကိုမနတ်ဖြန် လိုက်ခဲ့ဖို့နဲ့ ထွက်​ပြေးရင် ​ထောင်ဒဏ်ပိုကျမှာလို့ ​ပြောပြီ ပြန်သွားကြသည်။ဒါကဘာလဲ တခါတည်း​ခေါ်မသွားဘဲ ဘာလို့ မနတ်ဖြန်မှလဲ။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now