ကြည်နူးစရာ အချိန်ခါ(14)

2K 143 10
                                    

☆☆☆


" ကျွန်​တော် အရမ်းဝမ်းနည်းလာပြီ အမြဲတမ်း ကိုကိုကြီးပဲ ကျွန်​တော်ကို ကူညီ​နေရတာ "

ဝမ်းနည်းစွာဆိုလာတဲ့ နွယ်မျှင်​လေးစကား​ကြောင့် ​ကိုကိုကြီး နွယ်မျှင်​လေးရဲ့ ခံစားချက်ကို နားလည်နိုင်သည်။သူတို့ နှစ်​ယောက်ကအခုဆို တစ်​ယောက်အ​ကြောင်းတစ်​ယောက်သိရမည် အဆင့်​ရောက်​နေကြပြီဖြစ်သည်။

" ကိုယ်ကမင်းရဲ့ သက်ဆိုင်သူ​​လေ အဲ့​တော့ မင်းဒုက္ခ​ရောက်ရင် ကူညီရမှာ ကိုယ့်တာဝန်ပဲမဟုတ်ဘူးလား ဝမ်းမနည်းပါနဲ့ ကိုယ်က မင်းကို ဒီလို ကူညီရ​တာကို သ​ဘောကျတယ် "

ကိုကိုကြီးရဲ့ နူးညံ့တဲ့စကား​တွေ​ကြောင့် နွယ်မျှင်​လေးရဲ့ ငိုချင်တဲ့စိတ်က အာကာသထဲလွင့်ပျံသွားသည်။

" ကျွန်​​တော် ဖက်လို့ရမလား "

" ရတာ​ပေါ့ လာ "

အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ခံစားမိသည်။ကိုယ်ချစ်ရသူရဲ့ အနားရှိ​နေခြင်း ၊ မရှိ​နေခြင်းတို့က သူ့ရဲ့ ပတ်ဝန်ကျင်ကို​ပြောင်းလဲ​စေ၏။

မြတ်နိုးသည် ကို မြတ်နိုးသည့်အ​ကြောင်း စကားနဲ့ တဖွဖွ​ပြောမ​နေလျှင်​တောင် မျက်လုံးချင်းဆုံးတဲ့ခဏ သူရဲ့ မျက်ဝန်း​တွေက​ပြောနေတဲ့ စကား​တွေကို အတိုင်းသားမြင်​နေရသည်။

ဒါဟာချစ်ခြင်း​မေတ္တာပင်။စွယ်​တော်ရွက်က​လေးလို နှစ်လွှာ​ပေါင်းမှတစ်ရွက်ဖြစ်သလို နွယ်မျှင်​လေးကလည်း ကိုကိုကြီးရှိမှ ပြည်စုံမည်ဖြစ်သည်။ကိုကိုကြီးကလည်း နွယ်မျှင်​လေးကို လိုအပ်သည်။ဆက်ဆံ​ရေးတစ်ခုတွင် တစ်​ယောက်နဲ့တစ်​ယောက် လိုအပ်​နေမှသာ ​တစ်​ယောက်အ​ကြောင်း တစ်​ယောက်စာနာနိုင်ပြီး ထိုမှသာ နွေး​ထွေးနိုင်သည်။

.........

ယ​နေ့ ​နေသာသည်။မိုး​လေးဝသ သတင်း​ကြောညာခြင်း​တော့ မဟုတ်တန်ရာ။မနတ်မိုးလင်းလင်းချင် နွယ်မျှင်​လေးက ခြင်းတစ်ခုဆွဲ၍ အိမ်ထဲကို​ပြေးဝင်လာခဲ့သည်။သူ့ကြည့်ရတာ အရမ်း​ပျော်​နေပုံ​ပေါက်၏။

" ဘာ​တွေ​​ပျော်​နေတာလဲ "

ကိုကိုကြီးက​မေးတဲ့အခါ နွယ်မျှင်​လေးက အရှုးလိုရယ်ပြီ သူ့လက်ထဲမှခြင်း​တောင်ကို လှုပ်ပြသည်။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now