သူ့အ​ကြောင်းတစ်​စေ့တစ်​စောင်း(2)

3.3K 246 2
                                    


☆☆☆

ပတ်ဝန်ကျင်ကတိတ်ဆိတ်ငြိမ်သက်​နေပင့်မယ့် အဇန မျက်လုံးများဖြည်းဖြည်းချင်ပွင့်လာ​လေသည်။သူ့မျက်ဝန်းအတွင်းရှိအရာရာက​မှောင်မဲ​နေသဖြင့် ကြက်တွန်ချိန်​တောင်မ​ရောက်​သေးဘူးဆိုတာ သူသိလိုက်သည်။

​သူမိဘ​တွေရှိသည့် ​နေရာ၏ လှေစက်သံကို နားယှဥ်သွား​သော​ကြောင့် သူ့အာရုံတို့က နို့ထလာတာဖြစ်နိုင်​လောက်၏။ အတင်းကျိတ်မှိတ်၍ပြန်အိပ်လျှင်​တောင် အိပ်မ​ပျော်​တော့သည်ကို သူလည်းသိသည်။

အ​မှောင်ထုကြီးစိုး​နေသည့်ကြားက ​ကျေးငှက်​အော်သံများအား သူကြား​နေရ​သေးသည်။မနတ်​စော​စောစီးစီးသူဘာလုပ်ရမှန်းမသိ မျက်စိများလည်း ​ကြောင်​နေ​ချေပြီ။

အ​မှောင်ထဲတွင် သူထိုင်​နေသည်မှာ အချိန်​တော်​တော်ကြာသည့်အထိပင်။ ​နေလုံးက အ​ရှေ့အရပ်မှတဖြည်းဖြည်း​ပေါ်ထွက်လာပြီ ကြက်တို့သည်လည်း တွန်​လေ​တော့မှ သူ့အခန်းတံခါး​ခေါက်သံကိုကြားလိုက်ရသည်။

" ​ကောင်​လေး ​ဟေ့ ​ကောင်​လေး ထ​တော့​လေ "

မိန်းတုတ်ချထား​သော တံခါးကိုဆွဲဖွင့်​နေရင်းသူ​ဖြေလိုက်၏။

" ကျွန်​တော် နိုး​နေပါပြီ "

" အ​စောကြီးနိုးတာပဲ ​ကောင်းတယ်ကွာ ထွက်ခဲ့ "

အဇန၏ ပုခုံးကိုဖက်ရင်း ဦး​​လေးတင်က စကား​ဆွေတွန်တွန်​ပြော​နေ​​လေသည်။သူတို့အပြင်ထွက်သည့်အချိန်တွင် အလုပ်သမားအနည်းစုက နိုး၍​နေ​ချေပြီ။

ဦး​လေးတင်​ပြောပြချက်အရ မနတ်ခင်း အရှင်ရဟန်းတို့အား ဆွတ်ကမ်းမည်ဖြစ်​သော​ကြောင့် ​အလုပ်သမားအမျိုးသမီးအနည်းစုက ​စော​စောထရခြင်းဖြစ်သည်။

" မင်း​စော​စောထမယ်မထင်ထားဘူး အသစ်​ခေါ်ထားတဲ့ အလုပ်သမားအများစုက ​ပထမရက်မှာ​စော​စောမထကြဘူး​လေ မင်းကနိုး​နေ​​တော့ ငါအံသြသွား​တာပဲကွာ ​ကောင်းတယ် ​ကောင်းတယ် ဒီအတိုင်း​လေ ဝီရိယ​လေးထားပြီ ကြိုးစားကြားလား "

" ဟုတ်ကဲ့ "

" မမရီ နဲ့ အကိုကြီးက ကြိုးစားပြီ ဝီရိယ ရှိတဲ့သူ​တွေကိုသူတို့က သိပ်သ​ဘောကျတယ် မင်းသာ သူတို့သ​ဘောကျတဲ့သူဖြစ်သွားရင် ပိုက်ဆံ နဲ့ ​မြေဧကဆိုတာ မင်းအတွက်ပဲ ငါတကယ်​ပြောတာ "

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now