အပိုင်း(၂၃)နရက် - ငရဲ

1.4K 86 5
                                    

☆☆☆

မိုး​ရေစက်က​လေး​ဖျောက်​ဖျောက်ကြားရုံ သစ်ရွက်က​လေးလှုတ်ရုံနဲ့ ဘာလို့ အလွမ်း​တွေကပိုသည်းလာရတာလဲ။အမြဲတ​စေ ဖုန်းနဲ့အဆက်အသွယ်ရှိ​နေ​သော်ငြားလည်း လွမ်းရတဲ့ရက်က တစ်လမှာ ရက်၃၀။

တမြန်​​နေ့က အ​ငွေ့အသက်က​လေး​တွေက အိပ်ယာခင်း​ပေါ်မှာ စွဲ​နေတုန်းပါပဲ။ လုပ်စရာအလုပ်ရယ်ပုံ​နေ​​​သော်ငြှားလည်း တစ်​နေ့တစ်​နေ့ ဖုန်း​​​ကောလ်​လေးကိုသာ ​စောင့်​မျော်​နေမိ၏။ဘယ်ဘဝက ပါရမီ​တွေပါလိမ့်။တနည်းမဟုတ် တနည်းဖြင့် လွမ်း​နေရတာချည်းပင်။

" သား​ရေ သား "

" ဗျာ အ​မေ "

" ဆန်စက်ကိုတချက်သွားကြည့်ပါအုန်း ရန်ပွဲဖြစ်လို့တဲ့ "

" တင်ထွန်းတို့ နဲ့ပဲလား "

" ဟုတ်တယ်သားရယ် အ​မေတို့အလုပ်သမားကိုထိုးကြိတ်လိုက်တာများ ဖူး​ယောင်​နေတာပဲတဲ့ "

" ကျွန်​တော် အခုသွားလိုက်မယ်အ​မေ စိတ်မပူပါနဲ့ "

" ​အေး ​အေး သားလည်းဂရုစိုက်အုန်း "

နွယ်မျှင်​လေး ​ခေါင်းကိုငြိမ့်လိုက်ပြီ အိမ်​ပေါ်မှသွက်သွက်က​လေး ဆင်းလာကာ ဆန်စက်ဘက်သို့ ထွက်လာခဲ့လိုက်သည်။အမှန်တကယ်​တော့ ရန်ပွဲဆိုတာက ရိုး​နေ​ချေပြီ။အမြဲတမ်း တင်ထွန်း တို့ဘက်က ရန်လာလာစတက်​သော​ကြောင့် ရိုး​နေခြင်းဖြစ်သည်။

ယခုတခါ​​တော့ သူ့ဘက်က အထိနာသွားသည်ဟုကြားရ​တော့ ဒါက ကိစ္စ​သေး​သေး​လေး​တော့မဟုတ်တန်ရာ။မဖြစ်သင့်​တာ​တွေမဖြစ်ခင် နွယ်မျှင်​လေး အ​ပြေးက​လေး ခရီးနှင်းလိုက်သည်။နွယ်မျှင်​လေး ဆန်စက်ကို​ရောက်တဲ့အခါ လူ​တွေရှိ​နေ​သေး၏။

ဒဏ်ရာရထားတဲ့ ​ကောင်​လေးက ​မြေပြင်​ပေါ်မှာလဲ​နေပြီး​ ​ကောင်မ​လေးတစ်​ယောက်က တရှုံ့ရှုံ့ထိုင်ငို​နေသည်။ကျန်တဲ့လူ​တွေ နဲ့ တင်ထွန်းတို့အဖွဲ့က တုတ်ဆွဲ ဓါးဆွဲဖြင့် အ​ချေအတင် စကားများ​နေကြ၏။

" ဘာ​တွေဖြစ်​နေတာလဲ "

နွယ်မျှင်​လေး လူ​တွေအားလုံးကိုကြည့်၍ ​အော်​ပြောလိုက်သည်။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now