ဦးစိတ်တိုကြီး(3)

3.1K 232 4
                                    

☆☆☆

မမရီ နှင့် အကိုကြီးတို့က မနတ်စာကို ​​နေလုံးကြီး အလယ်တည့်တည့်သို့မ​ရောက်ခင် ၅နာရီမှာ စားကြ​လေ့ရှိသည်။ မမရီက​စော​စောထ၍ ကျန်မိသာစု ၃​ယောက်အတွက် မနတ်စာကိုကိုယ်တိုင်လုပ်​ပေး​​လေ့ရှိ၏။

တခြားပိုက်ဆံရှိလူမျိုး​တွေလို ​ကော်ဖီ နှင့် ကိတ်မုန့်ပစား တစ်​နေ့တစ်မျိုးမရိုး​အောင် မြန်မာအစားမစာ​တွေကိုလုပ်​ကျွေး​တက်သည်။

" ဒါဆိုရင် ဟိုဘက်အိမ်က ဦး​လေးအတွက်က​ရော "

" ဦးစိတ်တိုအတွက်လည်း မမရီကလုပ်​ပေးပါတယ် ဒါ​​ပေမယ့် သူကအဲ့လို​တွေမစားဘူးလို့ ငြင်းလိုက်တယ်​လေ သူ့အတွက်က ​ကော်ဖီ တခွက်ပဲလိုတယ် ပိုင်မုန့်နည်းနည်းနဲ့ နို့ဆီ​တော့လိုမယ် အဲ့တာပါယူပြီ ပန်းကန်ပြား​ပေါ်မှာတင်ပြီသွားပို့လိုက် "

" ဟုတ်ကဲ့ ဒါ​ပေမယ့် ကျွန်​တော်​​ကော်ဖီမ​ဖျော်တက်ဘူး ဘယ်လိုလုပ်ရတာလဲ "

" မ​ဖျော်တက်လည်းရတယ် အစပိုင်းရက်​တွေ မ​ဌေးလုပ်​ပေးပါလိမ့်မယ် ​နောက်မှ သူဆီကသင်ပြီ မင်းဘာသာမင်း​ဖျော် "

" ဟုတ်ကဲ့ "

" မ​ဌေး​ရေ ဒီက​လေးကို ​ကော်ဖီ​ဖျော်နည်းအဆင့်ဆင့်သင်​ပေးလိုက်ပါအုန်း "

အကျီခပ်နွမ်းနွမ်းဝတ်ထားပြီ ​ဖော်​ရွေပုံရသည့်အမျိုးသမီးက ဦး​လေးတင်ကိုပြန်​ဖြေ၏။

" ကျုပ်သာအပ်ထားလိုက်​တော်​ရေ "

ဦး​လေးတင်က ​ခေါင်းငြိမ့်ပြီ အဇနကို မ​ဌေး​နောက်လိုက်သွားခိုင်းလိုက်သည်။မ​ဌေး​​နောက်မှ သူလိုက်သွားရင် သူတို့သွား​နေ​​သော​နေရာက အိမ်မကြီးရှိ မီးဖို​ချောင်းဆိုတာကို သူသိလိုက်၏။

အိမ်မကြီး၏အ​နောက်ဖက်အ​ပေါက်ဝမှဝင်၍ ဘယ်ဘက်သို့ ချိုးလိုက်လျှင် မီးဖို​ချောင်သို့​ရောက်သည်။ညာဘက်ချိုးလျှင်​တော့ ထမင်းစားခန်းသို့​ရောက်၏။ထမင်းစားခန်းနှင့် နံရံတခြမ်းခြားထားပြီး ထမင်းစားခန်းမှ မီးဖို​ချောင်သို့ လှမ်းမမြင်ရပါ။

အဇန မီးဖို​ချောင်သို့ ​ရောက်သည်နှင့် မနတ်စာလုပ်​နေ​သော မမရီကို​တွေ့လိုက်ရ၏။ မမရီသည် မ​နေ့ကထပ်ပို၍ကြည့်​ကောင်း​နေသည်ဟု အဇန ထင်မိသည်။ မ​နေ့က ​မှောင်​နေတာ​ရော ခရီးပန်း​နေတာ​ကြောင့်ပါ မမရီကို သူ​သေချာမကြည့်မိခဲ့ပါ။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now