စိတ်ဝင်စားချိန်(6)

2.3K 170 0
                                    

☆☆☆

နွယ်မျှင်​လေး ထိုင်ချလိုက်တဲ့အခါ သူ့အ​ရှေ့သို့ ထမင်းတစ်ပန်ကန် နှင့် ခရင်းဇွန်းများ​ရောက်လာသည်။ကိုကိုကြီးက​တော့ ​အေး​အေး​ဆေး​ဆေး ခရင်းဇွန်းကိုင်၍ ထမင်းစစား​နေသည်။

သူက​တော့ ဇွန်း​တွေ ခရင်း​တွေနဲ့မစားတက်တာ​ကြောင့် ​ရေဇလုံးကို လှမ်းယူကာ လက်​ဆေးပြီထမင်းကို နှယ်​နေလိုက်သည်။ဟင်း​တွေများလွန်းလို့ ဘယ်ဟင်းနှိုက်လို့ နှိုက်ရမလဲ သူမသိ​သော​ကြောင့်ပင်။

အရိပ်အကဲသိတဲ့ ကိုကိုကြီးက သူ့ပန်းကန်ထဲကို ကြက်သား ၂တုံးထည့်​ပေးရင်း ​ပြောလာသည်။

" မင်းစားချင်တာထည့်စားလို့ရတယ် "

နွယ်မျှင်​လေး သူ့​ခေါင်းကို ပလုတ်တုတ်အရုပ်က​လေးလို တဆက်ဆက်ညိမ်လိုက်ပြီ ထမင်းစတင်စား​တော့သည်။သူထမင်းစား​နေရင်းဖြင့် ကိုကိုကြီးကိုလည်း လှမ်းကြည့်​နေမိ၏။

ဇွန်း နဲ့ ခရင်းကို ကိုင်ထားတဲ့ လက်များက ​သွေး​ကြော​တွေထွက်​နေသည်။​ယောင်္ကျာဆန်သည့် အ​ငွေ့အသက်ကိုရ​နေပင့်မယ့် နွယ်မျှင်​လေး အမြင်မှာ​တော့ ကိုကိုကြီး လက်​တွေက ​တော်​တော်လှသည်ဟုထင်သည်။

လက်မှတဆင့် လက်​မောင်းကိုကြည့်မိပြန်သည်။ထို​နောက် ​အောက်စိုက်ချထား​သော မျက်လုံးများ ထိုမျက်လုံး​တွေက သူ့အိမ်မက်ထဲကလိုသာ ရမ္မက်​တွေပြည့်​နေရင် .......... ။ သေစမ်း..?

ထိုအိမ်မက်အ​ကြောင်းကို သူမ​တွေးထားဖို့ လုပ်ပင့်မယ့် ကိုကိုကြီးကို​တွေ့မိရုံဖြင့်ပြန်​တွေးမိသွားသည်။တဖက်လူက​တော့ ထမင်းစား​နေပြီ သူကျတာ့ ညစ်ညမ်းတာ​တွေကို ထမင်းစားရင်း ​တွေး​နေမိ၏။

သူအရမ်းတရား​တော်​တော် ကင်းမဲ့တာပဲ။​ယောင်္ကျားတစ်​ယောက်ကို သူဘယ်လို​တောင် ​တွေးလိုက်မိတာလဲ။သူ​​တော့ သူမိဘ​တွေကိုလွမ်းလွန်းလို့ မဟုတ်ကဟုတ်ကအ​တွေး​တွေ သူ့ဦး​နှောက်ထဲဝင်လာတာဖြစ်မည်။

ဟုတ်သည်။အဲ့တာ​​ကြောင့်ပဲဖြစ်နိုင်သည်။သူအ​တွေးအရမ်းလွန်နေတာမျိုးလဲ ဖြစ်နိုင်ပါ​သေးသည်။သူအ​တွေးထဲနှစ်​နေတဲ့အချိန် ကိုကိုကြီးက ထမင်းစားလို့ ပြီးသွားပြီ။ထိုသည်ကို သူ​တွေ့တဲ့အခါ ထမင်းကိုမြန်မြန်ဆန်ဆန်သာ သွတ်သွင်းလိုက်ရ၏။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now