ခွဲခွာခြင်းနဲ့ ​နောင်တတရား(18)

1.7K 147 25
                                    

☆☆☆

ကားက​လေးက စိတ်ညစ်စရာအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။လမ်းတစ်​လျောက် စိတ်​တွေထုံလွန်းလို့ အရာအားလုံးက မဲ​​​မှောင်လျက်သာရှိ၏။ တကယ်အပြင်က ​မှောင်​နေတာမဟုတ်ဘဲ နွယ်မျှင်​လေး အမြင်​တွေကသာ ​မှောင်မဲ​နေခြင်းဖြစ်သည်။

ကားစက်သံ ရပ်သွားတဲ့အခါ ကားသမားက နွယ်မျှင်​လေးဆင်းဖို့အတွက် သတိလှမ်း​ပေး၏။နွယ်မျှင်​လေး ကားသမားကိုကြည့်လိုက်သည်။ထိုကားသမားက ဦး​လေးအရွယ်မဟုတ်ဘဲ အစ်ကိုအရွယ် လူငယ်တစ်​ယောက်ဖြစ်​ကြောင်း နွယ်မျှင်​လေး ယခုမှသိ၏။

" ကျွန်​တော်နဲ့ အတူလိုက်ကြည့်ပါလား "

" ဗျာ "

" ကျွန်​တော်တစ်​ယောက်တည်း ပျင်းလို့ပါ လိုက်ခဲ့မလား "

" အာ ကျွန်​တော်.... "

" လာပါလိုက်ခဲ့ "

ထိုကားသမားလက်ကို အတင်းဆွဲ၍ ဘိုင်စကုတ်ရုံးဘက်သို့ ထွက်ခဲ့ကြသည်။ထိုလူ့ကို ​ခေါ်လာတာဘာရည်ရွယ်ချက်မှ​​​​တော့မရှိပါဘူး။ဒီအတိုင်း သူတစ်​ယောက်တည်းသာဆိုလျှင် ငိုမိမည်ဟုထင်သော​ကြောင့်ဖြစ်၏။

ဒါ​​ပေမယ့် နွယ်မျှင်​လေး ဘိုင်စကုတ်မကြည့်လိုက်ရ​ပေ။ငိုမည်ဆို၍ ​အတင်းဆွဲ​​​ခေါ်လာ​သော လူ​ရှေ့တွင်​တောင် ငိုမိ​​တော့၏။ဘာ​ကြောင့်လဲဆိုလျှင် ကိုကိုကြီးနဲ့ မမခင်တူတူ ရယ်​မောကာ ဘိုင်စကုတ်ရုံးထဲဝင်သွားတာကို လှမ်း​တွေ့လိုက်ရ​သော​ကြောင့်ပင်။

နွယ်မျှင်​လေး ငိုတဲ့အခါ သူ့​ဘေးနားက လူ​တွေက ဝိုင်းကြည့်ကုန်ကြသည်။ကားသမားက ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဘဲ ပျာယာခပ်​နေ၏။နွယ်မျှင်​လေးလည်း လူ​ရှေ့သူ​ရှေ့တွင် ဆို​သောအချက်ကိုပါ သတိမထားမိ​​တော့ဘဲ က​လေးတစ်​ယောက်လိုငိုယို​နေ​လေသည်။

အစကတည်းက ဝမ်းနည်း​နေ​သော စိတ်က​လေးက ထိုမြင်ကွင်း​ကြောင့် ခံနိုင်ရည်မရှိစွာ မျက်ရည်ကျမိသွား၏။သူအရမ်းဝမ်းနည်း​နေ​သည်။

ရုတ်တရပ်နွယ်မျှင်​လေးကို တစ်​ယောက်​ယောက် ဖက်လာသည်။ထိုလူကို နွယ်မျှင်​လေးသိသည်။သူက နွယ်မျှင်​လေး အတင်းဆွဲ​​​ခေါ်လာသည့် ကားသမားဖြစ်သည်။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now