အပိုင်း(20)​ကောက်ရိုးပုံ ❗️

2.2K 133 26
                                    

Special chapter

☆☆☆

မိုးညို့ညို့ လည်ပြန်​ငေး​ဆွေး ​အေးစက်တဲ့ မိုး​လေက​လေးက ​ထွေး​​ပွေ့ရင်​ပေါ့။မိုး​ခေါ်သံ တညံညံ တအုန်းအုန်း ဖားက​လေး​တွေတခုန်ခုန်နဲ့ ရင်ကွဲမတက်​အော်ဟစ်လျက် အဘယ်သူကိုများ ​ခေါ်​နေတာလဲ။

​နွေအခါ အပူ​တွေလွင့်​စေဖို့ ​အေပရယ် ကငိုရတယ်။​ရေစက်က​လေး တစ်စက် နှစ်စက်ကျတဲ့အခါ တစ်နှစ်တစ်ခါ ချစ်သူ​ခေါင်း၌ ​ဝေ​ဝေဆာ​သော ပန်းပိ​ထောက်များက ပွင့်လန့်လို့ ကခုန်​နေကြ၏။

မြန်မာနိုင်ငံရဲ့ ယဥ်​ကျေးမှုဖြစ်တဲ့ သင်္ကြန်ပွဲ​တော် လွန်သွားတဲ့အခါ နှစ်သစ်သို့ကူး​ပြောင်း​တော့မှာဖြစ်သည်။ နွယ်မျှင်​လေး ​မေကိုမုန်းသည်။ ​မေသာ ​ရောက်သွားခဲ့ပါက ထိုလူနဲ့ ​​ဝေးတာ ၁နှစ်နဲ့ ၅လရှိ​​ချေပြီ။

နွယ်မျှင်​လေးတစ်​ယောက် ဟို ဟိုး ဟိုးးး အ​ဝေးက ထိုလူကိုမြင်ရ​လေမလား တမ်းတမိ၏။နှစ်ထပ်အိမ်ကြီးရဲ့ အ​ပေါ်ဆုံးထက်မှာ ဘာ​ကြောင့်ဒီ​လောက်​တောင် ​လေထန်ပြီး အထီးကျန်​နေရတာလဲ။

​နေ့စဥ်​နေ့တိုင်း ​ခြောက်​သွေး​နေတဲ့ သူ့​အိမ်​ရှေ့မျက်နှာစာက အခု​တော့ ​ရေ​တွေ,က​လေး​တွေ ,သီချင်းသံ​တွေဖြင့် ဆူညံ့​ပျော်​ပါး​နေကြပင့်မယ် သူကျ​တော့ ဘာလို့ မ​​ပျော်နိုင်ရတာလဲ။

လွန်ခဲ့တဲ့ ၁နှစ်​ကျော်အတွင်း သူ ပြုံး​တောင်ပြုံးမိရဲ့လား။အပြုံးဆိုတာ ဘာလဲ။ အ​ပျော်ဆိုတာ ဘာလဲဆိုတာကို​တောင်မှ နွယ်မျှင်​လေး ​မေ့​တေ့​တေ့ဖြစ်​နေ​ချေပြီ။

အစပိုင်းမှာ​တော့ သူရဲ့ ​ပျော်ခြင်း၊ရယ်ခြင်း၊ရွှင်မြူးခြင်း က​ပျောက်ဆုံးသွားပြီ အမုန်းတရား​သေး​သေး​လေး၊အတ္တမာန၊ နဲ့ အလွမ်းသာရှိ​နေခဲ့၏။အခုများ နှစ်ကြာလာ​တော့ သူ့ရဲ့​ပျော်ခြင်း၊ရယ်ခြင်း၊ရွှင်မြူးခြင်းသာမက အမုန်းတရား​သေး​သေး​လေးနဲ့အတ္တမာနပါမရှိ​​​တော့ဘဲ အလွမ်းတစ်ခုတည်းသာ ကျန်ရှိ​တော့၏။

နွယ်မျှင်​လေး ကုလားထိုင်​ပေါ် ထိုင်ချလိုက်ပြီ သက်ပြင်းချလိုက်မိသည်။အရင်တုန်းကထားခဲ့တဲ့ မာနတရား​တွေက အခု​​​တော့ ဘာများအသုံးဝင်​နေ​သေးလို့လဲ။ချစ်ရက်နဲ့ ​ဝေး​နေခြင်း သာရှိ၏။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now