လွင် ,​မောင် , ကိုကို (15)

1.8K 140 4
                                    

☆☆☆

မနတ်မိုး​သောက် ​ကောင်ကင်အနည်းငယ်သာထိန်လင်းသည့် အချိန််မှစပြီး နွယ်မျှင်​လေး ရင်တမမဖြစ်​နေရသည်။အချိန်​တွေက ကုန်မြန်လွန်လို့ ၁၃ရက်​တောင်​ရောက်လာပြီဖြစ်သည်။နွယ်မျှင်​လေးတို့ အခုကား​ပေါ်တွင်ဖြစ်သည်။

၁၃ရက်မတိုင်ခင် ၁၂ရက်​နေ့ညကတည်းက ရန်ကုန်သို့ ခရီးစထွက်လာခဲ့ကြသည်။ဒါ​ကြောင့် ၁၃ရက်​နေ့၏ မနတ်ခင်းကို ကား​ပေါ်တွင်သာကြိုဆိုနိုင်၏။ကားစီးရတာကို နွယ်မျှင်​လေး သ​ဘောကျသည်။

ဘာ​ကြောင့်လဲဆိုရင် ထိုကား​ပေါ်တွင် ကိုကိုကြီးကို မှီပြီးအိပ်လို့ရသည်။ကိုကိုကြီးနဲ့ နှစ်​ယောက်အတူ ကြည်နူးစရာ အချိန်​လေးအား ပိုင်ဆိုင်နိုင်​သော​ကြောင့်ပင်။

နွယ်မျှင်​လေး စီး​သောကားသည် ရန်ကုန်ထဲသို့ ဝင်​ပြီ မကြာခင်တွင် ကိုကိုကြီးသွားချင်သည့် ​နေရာသို့​ရောက်​တော့မည်ဟု ကိုကိုကြီးက​ပြောသည်။ကိုကိုကြီး​ပြောသလိုပင် သိပ်မကြာခင်မှာ နွယ်မျှင်​လေးတို့ကားက ခြံဝင်းတစ်ခုထဲသို့ ဝင်​ရောက်သွားသည်။

ကားရပ်လိုက်တဲ့အခါ ကိုကိုကြီးကအရင်ဆင်းပြီ နွယ်မျှင်​လေးကို ဆင်းလာဖို့​ပြော၏။နွယ်မျှင်​လေး ကား​ပေါ်ကဆင်းလိုက်တဲ့အခါ ပထမဦးဆုံးမြင်လိုက်ရတာက ..... ။

မောင်​တေဇ​နောင်... ။
၈နှစ်ပြည့်ရက်လည်ဆွမ်းသွမ်းအလှူ။

ဆိုတာပင်။နွယ်မျှင်​လေး စိတ်ထဲတွင် နည်းနည်း နာမလည်သလိုဖြစ်သွားသည်။ကိုကိုကြီး ဒီရက်ပိုင်း​တွေ မျက်နှာညိုး​နေတာက ဒီ ​​တေဇ​​နောင်ဆိုတဲ့ လူရဲ့ရက်လည်​ကြောင့်လား။ ကိုကိုကြီး နဲ့ ထိုလူကညဘယ်လိုများ ပတ်သတ်ပါလိမ့်။

နွယ်မျှင်​လေးက မတ်တက်ရပ်ပြီးစဥ်းစား​နေတဲ့အချိန် သူတို့ကို ကြိုဖို့ လူ​တွေထွက်လာသည်။ကိုကိုကြီးကို အလဘသလဘစကား​တွေ​ပြောရင်း အိမ်ထဲသို့​ခေါ်​ဆောင်သွား၏။သို့​ပေမယ့် ကိုကိုကြီးက နွယ်မျှင်​လေးကို မ​မေ့ဘဲ သူနဲ့အတူ ​ခေါ်လာခဲ့သည်။

အိမ်ထဲ​ရောက်တဲ့အခါ လူနည်း​သေးတာကို​တွေ့လိုက်ရသည်။ဟုတ်သည်​လေ။မနတ်​အ​စောပဲရှိ​သေးတာ။နွယ်မျှင်​လေးတို့ ဝင်လာတာကို မြင်တဲ့အခါ လူတိုင်းရဲ့အကြည့်က ကိုကိုကြီးနဲ့ နွယ်မျှင်​လေးဆီမှာသာရှိ၏။

ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ (၁၉၈၀( Retro ))(complete)Where stories live. Discover now