Part 24

4.9K 314 6
                                    

Unicode

"အစ်ကိုမင်းခန့် ကိုကို တစ်ခုခုဖြစ်နေတာလား"

"မဖြစ်ပါဘူး"

"မဟုတ်ဘူးနော် တစ်ခုခုဖြစ်နေသလိုပဲ၊ ကိုကို့ကြည့်ရတာ မပျော်သလိုပဲ၊ ကိုမြန်မာ့ဂုဏ်ရည်နဲ့လဲ အဆင်ပြေပါတယ်"

"ဟေဝန်"

"ဗျာ"

"ငါပြောတာကို သေချာနားထောင်"

အစ်ကိုမင်းခန့် သူ့အိမ်ကိုအစောကြီးထဲကရောက်ချလာတာ။ သူစားမေးပွဲလဲပြီးသွားပြီဖြစ်သည်။ သူစားမေးပွဲဖြေနေတဲ့ရက်တွေမှာ ကိုကိုရော အစ်ကိုမင်းခန့်ရော သူ့ဆီကိုရောက်ရောက်လာတတ်သည်။ ကိုကိုက ညတော့မအိပ်ပေ။ အစ်ကိုမင်းခန့်ကတော့ တစ်ခါတစ်လေ ညအိပ်တတ်၏။ သူ့ကိုကလေးမျာထင်နေလားတော့မသိ။ သူစာမေးပွဲဖြေနေတာကို လာစောင့်ကြည့်ပေးနေသလိုဖြစ်နေတော့တာ။ ပြီးခဲ့တဲ့ရက်က အစ်ကိုမင်းခန့်သူ့ဆီမှာ ရှိနေတဲ့အချိန် ကိုကိုဖုန်းဆက်တာကိုသူသိလိုက်တာဖြစ်ပြီး အစ်ကိုမင်းခန့် ကိုကိုနဲ့ဖုန်းပြောနေရင်း မျက်နှာရော အသံပါပြောင်းသွားတာ သူရိပ်မိလိုက်ပြီးသား။ အဲ့ထဲက ဒီနှစ်ယောက်ဆီမှာတစ်ခုခုရှိနေပြီဆိုတာ သူ့စိတ်ကအလိုလိုသိနေတာ။ ဒါကိုဘယ်လိုမှမေးမရ။ ကိုကို့မေးရင် ပိုဆိုး ကလေးက ကလေးလိုနေလို့ပြောအုန်းမှာ။ သူက ကိုကိုတို့ပြောသလောက်လဲ ကလေးမဟုတ်ပါဘူး။ အသက်က ၁နှစ်လား ၂နှစ်လားပဲကွာ။ လူကောင်နည်းနည်းညှက်လို့သာ သေးချင်နေတာ။ သူလည်းသူအရပ်နဲ့သူပါပဲ။ ဒါကိုကလေး ကလေးနဲ့။ အခုလည်းပြောစရာရှိတယ်ဆိုပြီး သူ့ပုခုံးကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေပြီး သူ့ကိုသေချာကြည့်နေ၏။

"နည်းနည်းတောင်ကြောက်လာပြီ၊ အစ်ကိုမင်းခန့် ရုပ်တည်ကြီးနဲ့"

"အင်း ကပျက်ကချော် လုပ်နေတာမဟုတ်ဘူး၊ လေးလေးနက်နက်ပြောချင်လို့"

"ဟုတ်"

"မင်းနဲ့ဖြစ်သွားတုန်းက မင်းကိုမချစ်သေးဘူးဆိုပေမယ့် ကြားထဲမှာ ငါ့ကိုငါသေချာအဖြေထုတ်ပြီးသွားပြီ၊ မြိုင်ဟေဝန် ငါမင်းကိုချစ်တယ်၊ ဒါက ငါဘယ်သူမှ မပြောဖူးတဲ့စကား၊ အဲ့ဒါကြောင့် မင်းကငြင်းလို့မဖြစ်ဘူး၊ သဘောပေါက်လား"

DUSK TILL DOWN [Complete] U & ZWhere stories live. Discover now