Part 26

4.5K 294 7
                                    

Unicode

"ရေး အလုပ်ရှုပ်နေလား"

"ဘာဖြစ်လို့လဲ မင်းခန့်နဲ့တော့ ချိန်းထားသေးတယ်"

"အော် အချိန်ရရင် Myanmar Honor ဘက်ကိုလိုက်ခဲ့ပါလားလို့"

"ကိုယ်တွေ့ရမယ့်သူရှိလို့လား"

"မဟုတ်ပါဘူး၊ မင်း အဲ့ဘက်ကိုတစ်ခါမှ မလာဖူးဘူးလားလို့"

"ကိုယ့်ယောက်ျားကုမ္ပဏီပဲ အချိန်မရွေးလာလို့ရနေတာကို၊ မြန်မာ အဲ့မှာ ဘယ်နေ့တွေထိုင်တာလဲ"

"မထိုင်ဖြစ်တာများပါတယ်၊ ဟိုရက်တွေက ပရောဂျက်စနေလို့၊ အခုက အေးဆေးဖြစ်သွားပြီ၊ ကိစ္စရှိမှ သွားရင်ရတယ်"

"အင်း ဒီနေ့သွားရအုန်းမှာလား"

"ဒီနေ့တော့ သွားရအုန်းမယ်၊ ညနေလောက်မှ"

"နောက်ရက်လိုက်ခဲ့မယ်လေ၊ ဒါမှမဟုတ် ညနေအချိန်ရရင် ဝင်ခဲ့မယ်"

"တကယ်လား"

"အင်း"

ရေးဇိန် မင်းခန့်နဲ့ countryside ဘက်ကိုသွားဖို့လုပ်ထားတာဖြစ်သည်။ သူ ကုမ္ပဏီအလုပ်ကိုဝင်လုပ်ပေးကာမှ အဲ့ဘက်ကိုမရောက်တော့ပဲ အဆဲခံနေရ၏။ ဟိုဘက်မှာ မင်းခန့်တစ်ယောက်ထဲ အားလုံးလုပ်နေရတော့တာ။ ဒါကို သူ့ကိုနည်းနည်းမှကြည့်မပေးလို့ဆိုပြီး ဖုန်းခေါ်ပြီးတော့ကိုဆဲနေကြောင့် သူသွားဖို့လုပ်ရတော့မှာဖြစ်သည်။

"ဟော မြေးတို့ ငြိမ်လိုက်လား"

"ကျွန်တော်အပြင်သွားမှာ ဖိုးဖိုး"

"ဟော မြေးမြန်မာကရော"

"ကျွန်တော် အရေးကြီးကိစ္စမရှိလို့ အိမ်မှာပဲ နေ့လည်လောက်မှ သွားရမယ်၊ ရေး အပြင်ထွက်မှာဆိုရင် ကျွန်တော် အိမ်ဘက်ခဏပြန်လိုက်အုန်းမယ်"

"အေးအေး မောင်မြန်ဟိန်းကိုလည်း ဒီဘက်ကိုအလည်လေးဘာလေး လာခဲ့ဖို့ပြောလိုက်ပါအုန်း"

"ဟုတ်ကဲ့ ဖိုးဖိုး"

ဖိုးဖိုးက အေးအေးဆေးဆေးပင်။ တစ်ခါတစ်လေ ဦးထွန်းနိုင်လာပြီး တစ်နေကုန်အလုပ်ကိစ္စစကားပြောတာ၊ တခြားကိစ္စလေးတွေတိုင်ပင်တာရှိသည်။ အဲ့ဒိအထဲမှာ သူနဲ့ရေး ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ နည်းဟန်လေးတွေကိုပြောပြတာလဲ ရှိလောက်မှာကို သူရိပ်မိသည်။ ဖိုးဖိုးက ဂရုကုမ္ပဏီကို သူတို့လက်ထဲထည့်ဖို့ အနှေးနဲ့အမြန်လုပ်မှာပဲ။

DUSK TILL DOWN [Complete] U & ZTahanan ng mga kuwento. Tumuklas ngayon