Finale

10.5K 368 11
                                    

Unicode

အွန်လိုင်းသုံးသူတွေနဲ့ ရေးဇိန်ရဲ့ဖန်တွေပေါင်းပြီး ရေးဇိန်ကိုလုပ်ကြံတဲ့အမှုမှာပါဝင်တဲ့သူတွေအားလုံး အခုတော့ထိန်းသိမ်းခံလိုက်ရပြီဖြစ်သည်။ Social media ဆိုတာသုံးတတ်ရင် ဆေးဆိုတာကို အားလုံးလည်းလက်ခံသွားသည်။ ရေးဇိန်က ဒီလိုကိစ္စတွေမှာအရင်ကလိုမပါဝင်တော့ပေ။ သမီးနဲ့ယောက်ျားနဲ့အတူတူ အေးအေးဆေးဆေး ဖြတ်သန်းနေသည်။ မြန်မာ ကုမ္ပဏီကိုသွား၊ ရေးဇိန်က သမီးနဲ့ Countryside ကိုပြန်ဦးစီးနေပြီဖြစ်၏။ Countryside မှာ ရေးဇိန်သမီးလေးဖြစ်တဲ့ ရေးရော်ညိုကို နေ့တိုင်းမြင်နေရတာဖြစ်ပြီး သမီးကိုကလည်း resort ထဲမှာ သေးသေးလေးနဲ့ တတောက်တောက်နဲ့ လိုက်ပြေးနေတာဖြစ်သည်။ Resort ထဲက ကြောငြာဗီဒီယိုတွေမှာ သမီးပုံလေးက အမြဲပါလာနေပြီး ဆံပင်ရှည်လေးကို အားလုံးစုစည်းထားလိုက်၊ ကျစ်ဆံမြီးကျစ်ပြီးခွဲထားလိုက်နဲ့ သမီးပုံလေးက ချစ်စရာလေးအဖြစ်နဲ့ လူစိတ်ဝင်စားခံနေရသည်။ သမီးကိုဆင်ထားတာကလည်း ဂျင်းဘောင်းဘီအရှည်လေးနဲ့တီရှပ်လေးတွေဆိုတော့ သမီးက စတိုင်ကျကျလေးဖြစ်နေတော့သည်။ ဒီဒယ်ဒီက ဆင်မှတော့ ဒီလိုပုံခပ်မိုက်မိုက်လေးထွက်လာမှာပေါ့ဆိုပြီး ပြောနေကြသေးတာဖြစ်၏။

"သမီး လာ ဒီမှာ အဒီးက ဖုန်းပြောမယ်တဲ့"

ရေးဇိန် သမီးကိုလှမ်းခေါ်လိုက်သည်။ အဒီးဆိုတဲ့အသံကြားတာနဲ့ သမီးက ပြေးလာ၏။ ပြီးတာနဲ့ ဖုန်းကိုသူ့လက်ထဲက ယူသည်။

"အဒီး"

(အေး နင်ငါ့ကိုသိသေးရဲ့လား)

"တိရယ် အဒီး ရွမ်းနေရာ"

(မပိုတွေပါအေ ငါ့ကိုသတိမရပဲနဲ့)

"ဟုတ်ဝူး တတိရရယ်"

ရေးဇိန်ကတော့ မပီကလာ ပီကလာနဲ့စကားပြောနေတဲ့သမီးကိုကြည့်ကာ ပြုံးနေမိသည်။ သမီးက ဖုန်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး နားရွက်နားကိုကပ်ကာ ပြောနေတာဖြစ်သည်။

"ရေး"

"ဟင် ချိန်းထားလို့လား"

မြန်မာ နောက်ကနေခေါ်လာတာဖြစ်ပြီး ဝတ်စုံပြည့်နဲ့ဖြစ်တာကြောင့်မေးလိုက်၏။

DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang