Part 9

4.3K 273 5
                                    

Unicode


အိမ်ကိစ္စလည်းအဆင်ပြေ မြုပ်နေတဲ့ပိုက်ဆံတွေလည်းပြန်ရသွားတာနဲ့ သူတို့မိသားစု စိတ်တွေလည်းပြန်ကြည်လာတော့သည်။ ဒီကိစ္စတွေ တောက်လျှောက်ဖြစ်နေတုန်းကဆိုရင် မြန်မာ့ဂုဏ်ရည်မှာ ဖေဖေရောမေမေနဲ့ပါ မျက်နှာချင်းဆိုဖို့ အချိန်မရှိသလိုဖြစ်နေတော့သည်။ အခုတော့ မနက်ဆိုမနက်စာစားပြီးမှ ရုံးသွားပြီး ညနေဆို အိမ်မှာမဖြစ်မနေ ထမင်းစားဖြစ်အောင်ပြန်သည်။ ဘုံနဲ့လည်း အလာပ သလာပ စကားတွေပြောဖြစ်နေသည်။

"သား လာထိုင်အုန်း"

ဧည့်ခန်းမှာ သူပြန်လာတာနဲ့ထိုင်နေတဲ့ မေမေက သူ့ကိုထိုင်ဖို့ခေါ်သည်။ ဖေဖေလည်းရှိနေတယ်မလား။ ဒီအိမ်ဒီခြံက သူများကို ပေးစရာမလိုတော့ဘူးဆိုတာနဲ့ အိမ်သားတွေရဲ့မျက်နှာကလည်း လန်းနေသည်။

"သား အတွင်းရေးမှူးက ဟိုမှာထဲက ကျောင်းနေဘက်ဆို မေမေ့ကိုဖေဖေပြောပြတာ"

"ဟုတ်တယ်မေမေ"

"အော် အတွင်းရေးမှူးခန့်တာကို ဖေဖေက သူ့ကိုမတိုင်ပင်လို့ဆိုပြီး စိတ်မကောင်းဖြစ်နေတာ"

"ဘာစိတ်မကောင်းစရာရှိလို့လဲ"

"ကဲထားတော့ မင်းနှယ် သားကို ခရေ့စေ့တွင်းကျ အားလုံးပြန်ပြောနေတယ်"

"ဟုတ်တယ်လေ အစ်ကိုရယ်"

"ပြောပါ ဖေဖေက ဘာဖြစ်လို့ စိတ်မကောင်းဖြစ်သွားတာလဲ"

"အော် အိမ်ကိစ္စသိသွားပြီးနောက်ပိုင်းမှ ဖေဖေက သူ့ကိုယ်သူအသုံးမကျဘူးဆိုပြီး အပြစ်တင်နေတာလေ၊ အဲ့ဒါကိုမှ သားက အတွင်းရေးမှူးခန့်တာကို မတိုင်ပင်တော့ ဖေဖေက သားစိတ်ထဲမှာ သူ့ကိုအထင်သေးသွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေတာ"

"မဟုတ်တာ အဲ့လိုမဟုတ်ပါဘူး၊ မကြုံလို့မပြောပြမိသွားတာ၊ ပြီးတော့ အဲ့တုန်းကလည်း ဒီကိစ္စထဲခေါင်းနှစ်ထားတော့ သတိမရတာလဲ ပါတယ်၊ ကျွန်တော်က ကျွန်တော့်မိဘကို အဲ့လိုသဘောထားစရာလား၊ မဟုတ်တဲ့အတွေးတွေမဝင်ပါနဲ့ဖေဖေ"

"အင်း ဒါနဲ့ နောက်ရက် ဖေဖေ ထွန်းနိုင်နဲ့တွေ့ဖို့ရှိတယ် သူလည်း ကုမ္ပဏီကိုလာလိမ့်မယ်၊ ပူးပေါင်းမယ်လုပ်ငန်းကိစ္စ အစည်းအဝေး လုပ်ဖို့လိုတယ်လေ"

"အားနာဖို့ကောင်းနေပြီ ဖေဖေ၊ အန်ကယ်ဦးထွန်းနိုင်နဲ့ ဖေဖေတွေ့ရင် ပူးပေါင်းမယ့်ကိစ္စအတွက် ကျွန်တော်တို့ဘက်က လာတွေ့မယ်ဆိုတာကို ဖေဖေပြောပေးပါ၊ ပြီးတော့ ရက်ချိန်းယူပေး ဖေဖေ"

"အင်း ကောင်းသားပဲ ဖေဖေ မေးပေးမယ်"

"ဟုတ်ကဲ့"

တစ်ဖက်ကဒီလောက်လိုက်ကူညီနေတာ အားနာဖို့ကောင်းနေပြီမလား။ ဒီလို Group of companies နဲ့အလုပ်တွဲလုပ်ရမှာ သူတို့က သွားတွေ့သင့်တယ်မဟုတ်ဘူးလား။ အိမ်ကိစ္စပါအစအဆုံးကိုယ့်ကိုကူညီပြီး အလုပ်ကိစ္စကိုလည်း ဒီလိုသေးငယ်တဲ့ဆီကို ထပ်လာတွေ့ခိုင်းရင် သူတို့ဘက်က အတော်လွန်နေပြီလေ။

ရေချိုးပြီး ဘုံ့ဆီဖုန်းဆက်ကာ King Group နဲ့လက်တွဲလုပ်မယ့် အလုပ်ကိစ္စအတွက် နောက်ရက်တွေ ကြိုတင်ပြင်ဆင်ထားဖို့ပြောရသည်။ သူငှားပေးတဲ့တိုက်ခန်းမှာ ဘုံကတစ်ယောက်ထဲနေတာဖြစ်ပြီး သောကြာလိုနေ့မျိုးဆိုရင် အိမ်ကိုပြန်သည်။ သူတောင် ဘုံပြောင်းတဲ့နေ့တုန်းကပဲ ရောက်သေးတာ။ နောက်ထပ် မရောက်ဖြစ်သေးပေ။ ဖုန်းဆက်ပြီး အိပ်ရာဝင်တော့မှ restaurant မှာဆုံခဲ့တဲ့ ရေးဇိန်မင်းထင် ကိစ္စက ခေါင်းထဲဝင်လာပြန်သည်။ ဘာဖြစ်လို့များ ဒီရေးဇိန်မင်းထင်က သူ့အတွေးတွေထဲ ရောက်လာနေလဲမသိပေ။

လက်က အလိုလျောက်ဖုန်းကိုယူမိပြီး ရေးဇိန်မင်းထင်ကို facebook ပေါ်မှာရိုက်ရှာမိတော့ အကောင့်ရှာမတွေ့ပေမယ် ရေးဇိန်မင်းထင်ဆိုတဲ့ နာမည်နဲ့ပို့စ်တွေအများကြီး ကျလာတော့သည်။ ရေးဇိန်မင်းထင်ပုံနဲ့တကွ ကောင်းလေးတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတဲ့ပုံ။ ဘေးနားကသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတာ ဇာတ်လိုက်ကတော့ ရေးဇိန်မင်းထင် တစ်ယောက်ထဲပေ။ ညဘက်တွေ ကားမီးရောင်စုံတွေကြားမှာ ကားအမိုးပေါ်တက်ထိုင်ပြီး ဆေးလိပ်သောက်နေတဲ့ ရေးဇိန်မင်းထင်ပုံက စွဲဆောင်မှုတော့ရှိသည်။ ရေးဇိန်မင်းထင်က ဆံပင်ကောက်ကောက်တွေကို အမြဲချထားပုံရသည်။ သူ့ဆံပင်တွေက မွေးထဲက ကောက်တာဖြစ်လောက်၏။ ကားတွေနဲ့လူတွေအားလုံးကို ဝါးထားပြီး သူတစ်ယောက်ထဲ အလယ်မှာကားအမိုးပေါ်တက်ထိုင်ပြီး ဆေးလိပ်သောက်နေတာ။ ကွန့်မန့်တွေကို ဖတ်ကြည့်လိုက်မှ ကားပြိုင်တဲ့နေရာမှာမှန်းသိလိုက်ရသည်။

"တကယ့် အရှုပ်ပဲ"

တကယ့်အရှုပ်ပဲလို့ရေရွတ်မိပေမယ့် ရေးဇိန်မင်းထင်ပုံတွေ ကုန်တဲ့အထိ ဖုန်းကိုပွတ်ကာ ကြည့်နေမိတာဖြစ်သည်။ ရေးကူးကန်မှာ ကောင်လေးတစ်ယောက်ကိုပေါင်ပေါ်တင်ထားတဲ့ပုံ၊ ကောင်လေးက သဘတ်ခြုံထားပေမယ့် ရေးဇိန်မင်းထင်ကတော့ အပေါ်ပိုင်းအပြောင်နဲ့ boxer ပဲဝတ်ထားတာဖြစ်သည်။ နောက်ထပ်ပုံတွေအများကြီးပင်။ ဒါသူထားခဲ့တဲ့ ရည်းစားတွေပဲဖြစ်မှာ။ တင်ထားတဲ့ ရက်စွဲတွေကိုကြည့်လိုက်ရင် လွန်ခဲ့ပြီးတဲ့နှစ်တွေကဖြစ်သည်။ အခုလက်ရှိတွဲနေတာမဟုတ်ပဲနဲ့ ဘာကြောင့်များ ဒီပုံတွေကို မဖျက်ပဲ ထားရသလဲမသိ။ နောက်ဆုံးမှာတော့ အမြဲဆံပင်အကောက်တွေကိုချထားတဲ့ပုံနဲ့ ကွဲပြားစွာပဲ ဆံပင်အကောက်အလိမ်တွေကို နောက်မှာ စုစည်းထားတဲ့ပုံရှိနေသည်။ မော်ဒယ်မြင့်ကားတစ်စီးက သူ့အနောက်မှာရှိနေပြီးသူက အဲ့ဒိကားထဲကထွက်လာပုံရသည်။ ရှက်လက်ရှည်အနက်ကို ကျယ်သီးဖြုတ်ဝတ်ထားပြီး လက်မှာဖုန်းနဲ့ခေါင်ပိုက်ဆံအိတ်ကိုကိုင်ထားပြီးလမ်းလျှောက်လာတာကို ရိုက်ထားတာဖြစ်သည်။

#Countryside resort မှာ ရေးဇိန်မင်းထင်ကို တွေ့ခဲ့တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ထားတာဖြစ်သည်။ ဘောင်းဘီက ဂျင်းအကြပ်အနက်ဖြစ်ပြီး လည်ရှည်ဘွတ်ဖိနပ်ကလည်းအနက်။ သူ့ပုံတွေမှာတွေ့ရတာက အမြဲလက်ပတ်တွေဝတ်တတ်တာကိုတွေ့ရသည်။ ပုံတိုင်းမှာလဲ ပိုက်ဆံအိတ်က အမျိုးမျိုးပြောင်းနေသည်။ လက်ပတ်နဲ့ပိုက်ဆံကတော့ အနက်တွေမဟုတ်။ ပြီးတော့ သူ့ပုံတွေမှာ ကားမထပ်ပဲ တစ်စီးပြီးတစ်စီးပြောင်းနေသည်။ ဘာသတင်းမှမရှိ၊ ဘယ်သူ့သားသမီးမှန်းမသိပဲ ဘာဖြစ်လို့ ဒီလိုမျိုး သုံးဖြုန်းနိုင်တဲ့လူဖြစ်နေတာလဲမသိ။

DUSK TILL DOWN [Complete] U & ZWaar verhalen tot leven komen. Ontdek het nu