Unicode
အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်မှာ သူပဲကားမောင်းပြီး သမီးကသူနဲ့အထပ်တည့်နေတဲ့ မြန်မာ့အပေါ်ကနေထိုင်လိုက်သည်။ ပြန်လာတဲ့အချိန်မှာတော့ သူ့ဆံပင်တွေ မရှိတော့ပေ။ ဟိုမှာထဲက မြို့ပေါ်သွားမှ ဆံပင်ညှပ်ဆိုင်ရှိတယ်ဆိုတာကြောင့် မြန်မာ့ဂုဏ်ရည်က သူ့ဆံပင်တွေ ကတ်ကြေးနဲ့တိကနဲ ပုခုံးကနေ ဖြတ်ချပစ်လိုက်တာဖြစ်ပြီး အခုတော့သူ့ဆံပင်တွေက ပုခုံးကိုထောက်နေတော့တာဖြစ်သည်။ သမီးကလည်း မြန်မာ့ဂုဏ်ရည်နဲ့တွေ့ပြီးနောက်ပိုင်းမှာ သူ့ဆံပင်တွေကို သတိမရတော့ပေ။ အရင်တုန်းကဆိုရင် သူ့ဆံပင်တွေကိုဆော့ပြီးကိုင်ပြီးမှ အိပ်တာဖြစ်ပြီး အခုတော့ သူ့ကိုအာရုံ မရှိတော့ပေ။
"ကိုယ် တစ်လှည့်မောင်းပေးရမလား"
"ရတယ်"
"အင်း သမီးကအိပ်ပျော်သွားပြီ"
"အင်း"
တော်သေးတယ် သမီးက ဒီကိုထွက်လာတော့မငိုလို့ပေါ့။ သူပါတာလည်း ပါမှာပါ။ ဟိုကလူတွေကိုတစ်ရက်နှစ်ရက်လောက်တော့ မေးမလားမသိပေ။ လမ်းမှာ နားပြီး နောက်ရက်မှ သူတို့ပြန်ရောက်၏။
"သမီး အိမ်ရောက်ပြီ"
မြန်မာ့ပေါ်က သမီးကို ရေးချီခေါ်လိုက်တော့ သမီးက မျက်လုံးတွေပွတ်သပ်ကာ ပတ်ဝန်းကျင်ကိုအကဲခတ်သည်။
"ဖေဖေ့အိမ်လေ၊ သမီးက ဖေဖေနဲ့ ဒီမှာနေရမှာနော်"
"ဟုတ်"
"မြေး ပြန်လာပြီလား၊ ကလေးလဲ ပါလာတာကို၊ လာပါအုန်း ဖိုးဖိုးဆီ"
ကလေးက ကျစ်ဆံမြီးလေးနှစ်ဖက်နဲ့ချစ်စရာလေးဖြစ်သည်။ ရဲလည်းရဲတာကြောင့် မြေးနဲ့တော့ အကိုက်လို့ပြောရမလားပဲ။
"ဖိုးဖိုး မြေးပေါက်လေးအတွက်တော့ အခန်းကြိုပြင်ပေးထားတယ် လိုရမယ်ရပေါ့"
"သမီးက ငယ်သေးတယ်၊ ကျွန်တော်နဲ့ပဲ အိပ်မှာပေါ့"
မြေး မြန်မာကိုကြည့်လိုက်တော့ ငိုတော့မယ်မျက်နှာနဲ့ဖြစ်နေတော့သည်။ ခွဲခွာခဲ့တော့ သူလည်းအတူနေချင်မှာပေါ့။ အခုတော့ မြေးက သူ့သမီးကိုသူနဲ့ပဲအတူသိပ်မယ်လုပ်နေတော့သည်။
JE LEEST
DUSK TILL DOWN [Complete] U & Z