Part 23

5.2K 307 9
                                    

Unicode
[ဒီနေ့လည်း ဒီတစ်ပုဒ်ပါပဲနော်၊ မီးက အချိန်မရှိတွေလိုက်ပျက်နေတော့ ဒါတောင်မနည်းပြီးအောင် ရေးလိုက်ရတယ်ရှင်]

ရေးဇိန် မြန်မာ့ဂုဏ်ရည် လက်ချက်နဲ့ King Group ထဲရောက်နေတာဖြစ်သည်။ မြန်မာ့ဘက်က သူ့ကိုသဘောကျနေတာ သူရိပ်မိနေပြီဖြစ်ပြီး မချစ်ဘူးပြောနေတဲ့သူကြောင့် လွှတ်ပေးထားလိုက်၏။ သူ့ကို ချော့ခေါ်တော့လည်း လိုက်လေ့လာမယ်ပြောပြီး လိုက်ခဲ့လိုက်တာ။ သူကတော့ အလုပ်လုပ်ရမှာထက် လုပ်ငန်းခွင်ထဲက မြန်မာ့ပုံစံက ဘယ်လိုရှိမလဲ ကြည့်ချင်လို့က များများဖြစ်သည်။

"သား ရေးဇိန် ထူးဆန်းလိုက်လား"

ဦးထွန်းနိုင် ရေးဇိန်ကို နောက်လိုက်သည်။ ကုမ္ပဏီမှာထိုင်နေရတာကိုမကြိုက်ပါဘူးအော်နေတဲ့သူက မြန်မာ့ဂုဏ်ရည် King Group ကိုရောက်လာပြီး တစ်ပတ်လောက်မှာပဲ ကုမ္ပဏီထဲရောက်နေတာကြောင့် ဖြစ်သည်။ ရေးဇိန် ဦးထွန်နိုင်ကို ကြည့်ကာ ရယ်လိုက်သည်။ ပြောလည်းပြောချင်စရာကို။

"ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ထူးဆန်းနေတာ အန်ကယ်"

"အေးကွာ၊ မိဘပြောတစ်လ၊ မယားပြောတစ်ည ဆိုတဲ့စကားပုံက အလကား ရလာတာမှမဟုတ်တာ"

ဦးထွန်းနိုင် ဆက်နောက်လိုက်ပြီး ဝင်ထိုင်လိုက်သည်။

"ဟားဟား အန်ကယ် နောက်တော့မယ်"

ဦးထွန်းနိုင် ပြောတဲ့စကားကို ရေးဇိန်က ရယ်နိုင်ပေမယ့် မြန်မာ့ဂုဏ်ရည်ကတော့ မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်သွားတော့သည်။

လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက မြန်မာ့ဂုဏ်ရည်က ဒီဘက်ကိုရောက်နေတာဖြစ်ပြီး လုပ်ငန်းကိုလေ့လာနေတာ။ ကုမ္ပဏီအများစုရဲ့ လုပ်ရိုးလုပ်စဉ်က ဒီအတိုင်းသွားကြတာဖြစ်ကာ လုပ်ငန်းပေါ်မူတည်ပြီး အနည်းငယ်ပဲကွဲပြားတာကြောင့် မြန်မာ့ဂုဏ်ရည်က ခဏလေးနဲ့ နားလည်သည်။ အန်ကယ်မင်းထင်ကတော့ မြေးနဲ့မြေးသမက်ကို သူ့ရှယ်ယာတွေ လွှဲပေးမယ်ဆိုတာတော့ မကြေငြာသေး။ စိတ်ချရမှ ကြေငြာပေးမယ်လို့တော့ထင်သည်။ အခုတော့ မြေးနဲ့မြေးသမက်ကို သူ့အစား စီမံခန့်ခွဲဖို့ လွှတ်ပေးထားတာ၊ ဒါကိုလည်း အားလုံးကိုကြေငြာထားတာကြောင့် ကုမ္ပဏီထဲက ဝန်ထမ်းတွေရော ရှယ်ယာရှင်တွေရော အားလုံးသိပြီးပြီဖြစ်သည်။

DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang