Part 10

4.8K 302 14
                                    

Unicode

ဦးမြန်ဟိန်းနဲ့အတူ ပုဆိုးကိုဝတ်ထားတဲ့ မြန်မာ့ဂုဏ်ရည်ကို မြင်တဲ့သူတိုင်းကနှစ်ခါပြန်လှည်ကြည့်ကြသည်။ ပုဆိုးတဲ့ ရှပ်အင်္ကျီလက်ရှည်နဲ့ မြန်မာ့ဂုဏ်ရည်က လိုတာထက်ပိုပြီးသန့်ပြန်တည်ငြိမ်နေကာ လူကြီးလူကောင်းဆန်နေသည်။ အဆင့်မြင့်စားသောက်ဆိုင်ရဲ့ သီးသန့်အခန်းထဲမှာ အန်ကယ်မင်းထင်နဲ့တွေ့ဖို့စီစဉ်ထားတာဖြစ်ပြီး ကိုထွန်းနိုင်ပို့ပေးထားမှုကြောင့် ဒီဆိုင်ကိုချောချောချူချူရောက်လာတာဖြစ်သည်။

“ကိုမြန်ဟိန်း…အော် မောင်မြန်မာ့ဂုဏ်ရည်ပါ ပါလာတာလား”

“ဟုတ်တယ် ကိုထွန်းနိုင် အဆင်ပြေရဲ့လား”

“ပြေတာပေါ့ဗျာ”

ပြေတယ်ပဲပြောရမှာပေါ့။ မြေးသမက်တောင်းမယ့်စကားဝိုင်းမှာ မြေးသမက်တော်မယ့်သူပါ ပါလာတော့ ပိုအဆင်ပြေတယ်ပဲ ပြောရမလား၊ မျက်နှာပူစရာလို့ပဲပြောရမလား မသိတော့ပေ။ ကာယကံရှင်ကတော့ တစ်ခါထဲကြားသွားတာပေါ့။ သူ့အဖေထပ်ပြီး မျက်နှာအပူခံပြီး ရှင်းပြစရာမလိုတော့ဘူးပေါ့။ သူတို့ရောက်ပြီး သိပ်မကြာလိုက်ဘူး အန်ကယ်မင်းထင်ရောက်လာတော့သည်။ အန်ကယ်က အသက်အရမ်းမကြီးသေးဘူးထင်ရပေမယ့် ဆံပင်ဖြူတွေက အသက်အရွယ်တစ်ခုရောက်နေပြီကို သက်သေပြနေ၏။

“အန်ကယ်…”

“အေးအေးထိုင်ထိုင်၊ အော် မြေးပါ ပါလာတာပဲ”

ဦးမင်းထင် ရင်းရင်းနှီးနှီးသုံးလိုက်တဲ့အသုံးအနှုန်းကြောင့် မြန်မာ့ဂုဏ်ရည်မှာ အနည်းငယ်တောင် အံ့ဩသွားသည်။ အဖိုးဦးမင်ထင်က လူတိုင်းနဲ့ဒီလိုပဲလား။ လူတိုင်းအပေါ်ကို ဒီလိုပဲ နွေးထွေးလား။

“အားလုံးအဆင်ပြေသွားပြီလား”

“ဟုတ်ကဲ့ အန်ကယ့်ကျေးဇူးနဲ့ သားဆက်လုပ်လိုက်တော့ အခုအားလုံး အဆင်ပြေသွားပါပြီ”

“မြေးက နိုင်ငံခြားမှာ ကျောင်းတက်ပေမယ့် နိုင်ငံခြားမဆန်ပဲ မြန်မာဆန်တာပဲကွ”

ပုဆိုးကို ကောင်းကောင်းမွန်မွန်ဝတ်တတ်ပြီး အနေအထိုင်သပ်ရပ်သည်။ သူမြင်ဖူးတဲ့ပုံထဲမှာတောင် style pants နဲ့မဟုတ်လား။ အခုတော့ အဖိုးအရွယ်နဲ့တွေ့ရမယ်ဆိုလို့ ပုဆိုးဝတ်လာပုံရသည်။ လူကြီးလူကောင်းဆန်သည်။ မြန်မာ့ဂုဏ်ရည်ကိုမြင်တာနဲ့ အကောင်းကြိုက်တဲ့ မြေးကို မျက်လုံးထဲပြေးမြင်သွားတော့သည်။ အကောင်းကြိုက်တဲ့မြေးက မြန်မာ့ဂုဏ်ရည်ကို ဘယ်လိုရှာတွေ့သွားလဲမသိပေ။ တကယ် ရွေးတတ်တယ်။

DUSK TILL DOWN [Complete] U & ZDove le storie prendono vita. Scoprilo ora