Part 28

4.7K 301 10
                                    

Unicode

ဧည့်ခန်းထဲမှာ သူရယ်၊ ဖိုးဖိုးရယ် မင်းခန့်ရယ် သုံးယောက်ထိုင်နေ၏။ အဓိကလူဖြစ်တဲ့ ရေးက မရှိပေ။ မြန်မာ ဘုံ့ကို လိုက်ပို့ပေးပြီးလိုတာတွေဝယ်ပေးကာ အိမ်ကိုအမြန်ပြန်ခဲ့တာ။ အိမ်ရောက်တော့ ရေး ကားကိုမတွေ့သလို အခန်းထဲလဲမရှိ။ အိမ်မှာ မတွေ့လို့ သူတို့မင်္ဂလာဦးည ကုန်ဆုံးခဲ့တဲ့ အိမ်ကိုသွားရှာတော့လဲ မရှိ။ နောက်ဆုံး တစ်ယောက်ထဲရှာနေတာ ဘယ်လိုမှမဖြစ်နိုင်တော့ ဖိုးဖိုးကိုမေးကြည့်ရတော့ဖြစ်သလို ဖိုးဖိုးလည်းရေးဘယ်မှာ ရှိလဲမသိပေ။ မင်းခန့်ကိုဆက်သွယ်ကြည့်တော့လဲ သူလည်းမသိဘူးဆိုပြီး အိမ်ကိုရောက်ချလာတာ။ အခုတော့ ဧည့်ခန်းထဲမှာ သုံးယောက်သားက ခေါင်းချင်းဆိုင်နေရတော့၏။ အဆက်အသွယ်မရပေမယ့် 'Husband Yayy' ဆိုတဲ့ နာမည်ကို ခဏခဏနှိပ်ပြီး ဖုန်းခေါ်နေမိတာပဲဖြစ်သည်။

"ဖိုးဖိုးကိုပြော ဘာဖြစ်တာလဲ"

ဦးမင်းထင်မှာ မြေးရော မြေးမြန်မာရော အိမ်မှာ အတူတူမရှိတော့ နှစ်ယောက်သားအတူတူအပြင်ထွက်သွားတယ်ထင်နေတာ။ လက်စသတ် သူထင်သလိုမဟုတ်ပဲ ကလေးတွေကြား ပြဿနာပိုကြီးနေတော့တာဖြစ်သည်။

"ကျွန်တော့်ကိုအထင်လွဲသွားတယ်ထင်တယ် ဖိုးဖိုး"

အထင်လွဲသွားတဲ့အကြောင်းအရင်းကို ပြောပြလိုက်တော့ ဖိုးဖိုးကနားထောင်ရင်းခေါင်းငြိမ့်သည်။

"ဘုံက ကိုဟိန်းဇေသော်နဲ့အတူရှိနေတာပါ၊ ရုတ်တရက် ပျောက်သွားတဲ့ ကိုဟိန်းဇေသော်ကြောင့် ဘာလုပ်ရမှန်းမသိပဲ ကျွန်တော့်ကိုအကူအညီတောင်းလို့ ကျွန်တော်အတူရှိနေပေးတာ"

"အကြောင်းအရာက ဒီတစ်ခုထဲ ဟုတ်ရဲ့လားမြေး"

ဒီတစ်ခုထဲဘယ်ဟုတ်မလဲ။ သူတို့ကြားမှာ အခုရက်အတွင်းလေးမှာမှ ဝင်နေတဲ့ပြဿနာက မသေးပေ။

"ဖိုးဖိုးကိုတော့ ဆက်သွယ်လာမှာပါ၊ ဖိုးဖိုးရှာခိုင်းလိုက်မယ် စိတ်မပူနဲ့ ဟုတ်ပြီလား"

မြန်မာ ခေါင်းငြိမ့်လိုက်သည်။ စိတ်မပူနဲ့ဆိုပေမယ့် အဆက်အသွယ်မရတာ ရိုးရိုးလား တစ်ခုခုကြောင့်လား သူစိတ်ပူနေသည်။ မောင်းထွက်သွားတဲ့ ကားအရှိန်က ဆူညံထွက်သွားတာဖြစ်ပြီး တစ်ခုခုသာဖြစ်သွားရင် လက်လွန်မယ့်အခြေအနေဖြစ်၏။

DUSK TILL DOWN [Complete] U & ZМесто, где живут истории. Откройте их для себя