Part 12

4.3K 265 3
                                    

Unicode

ဆိုရှယ်မီဒီယာပေါ်မှာ မင်္ဂလာပွဲကိုတရားဝင်မကြေငြာသေးပေမယ့် သူနဲ့ရေးဇိန်မင်းထင်ရဲ့ မင်္ဂလာပွဲကိစ္စက ပြန့်နေတော့သလို ရေးဇိန်မင်းထင်ကိုလည်း King Group ကမျိုးဆက်မှန်းအားလုံးသိသွားကြသည်။ အသဲကွဲတဲ့ ပို့စ်တွေဆိုတာလည်းအများကြီးဖြစ်သည်။ ကိုကိုကထားခဲ့ရက်တဲ့ပို့စ်တွေဆိုတာ မမြင်ချင်မှအဆုံး။ နောက်ဆုံး ဆိုရှယ်မီဒီယာမှာ Trend ဖြစ်လို့နေသည်။ သတင်းအားလုံးကို ဖုံးလွှမ်းသွားတဲ့အထိ ရေးဇိန်မင်းထင်က နေရာယူနေတော့သည်။ ပြီးတော့ သူ့ပုံတွေကို ဘယ်ကရလည်းမသိ၊ သူ့ပုံနဲ့ရေးဇိန်မင်းထင်ပုံတွေကို တွဲပြီးတင်နေကြတာဖြစ်၏။ အွန်လိုင်းဖွင့်လိုက်လို့ facebook app, ig app တွေဖွင့်လိုက်တာနဲ့ သူနဲ့ရေးဇိန်မင်းထင်ပုံတွေက မမြင်ချင်မှအဆုံး။

“ဒါက နောက်တစ်ပတ်သုံးမယ့် budget တွေပါ ကိုဂုဏ်”

ရှေ့ကို ဘုံရောက်လာတာမသိရအောင် သူ့အာရုံတွေက ဒီအထဲမှာလွင့်မျောနေသည်။ ဘုံက အရင်လိုသူ့ကိုလှိုက်လှိုက်လှဲလှဲမရှိ၊ စကားမပြောပေမယ့် အတွင်းရေးမှူးတာဝန်ကိုတော့ ကျေအောင်လုပ်သည်။ အင်းလေ ဘုံ စိတ်ဆိုးတာ လူမှုရေးအရစကားမပြောချင်တာ ဖြစ်သင့်သည်။ ဒီပုံတွေဒီလောက်ပြန့်နေတာ ဘုံ့ကိုအားနာဖို့ကောင်းသည်။ အရွယ်ရောက် ရင့်ကျက်တဲ့လူမို့သာ ငိုကျွေးပြီး ခံစားမနေတာ။ စိတ်ထဲမှာတော့ အနည်းနဲ့အများခံစားနေရမှာဖြစ်သည်။ ဘုံပေးလာတဲ့ ဖိုင်နဲ့ summary ကို သူစစ်ကြည့်လိုက်လိုက်သည်။

ဘုံတေဇ နောက်တစ်ပတ်သုံးမယ့် ဌာနတိုင်းရဲ့အသုံးစရိတ်ကိုစစ်နေတဲ့ ကိုကို့ကိုကြည့်လိုက်သည်။ ကိုကိုလည်း အွန်လိုင်းမှာ ပြန့်နေတဲ့ ကိုကိုနဲ့ရေးဇိန်မင်းထင်ပုံတွေကို မြင်မှာပင်။ မြင်မကောင်းလောက်အောင်ကိုပုံတွေကပြန့်နေတာမလား။ ရေးဇိန်မင်းထင်ကို သဘောကျတဲ့သူတွေက အရင်ထဲက ပေ့ချ်ပါထောင်ထားပြီး ရေးဇိန်မင်းထင်ပုံတွေကိုတင်ပြီး အားပေးနေကြတာ။ အခု ကိုကိုနဲ့ကိစ္စသိသွားတာနဲ့ ကိုကို့ပုံတွေကိုပါရှာပြီး ဖိုတိုရှော့တွေနဲ့ တွဲပစ်လိုက်တာ။ ယောက်ျားလေးနှစ်ယောက် မင်္ဂလာဆောင်တဲ့ပုံတွေနဲ့ ဖြတ်ညှပ်ကပ်တွေလုပ်ထားတာလည်း မမြင်ချင်မှအဆုံး။ သူအဲ့လိုပုံတွေကိုမြင်တိုင်း ဖုန်းကိုကိုင်ပေါက်ပစ်ချင်တာ အကြိမ်ကြိမ်။

DUSK TILL DOWN [Complete] U & ZDonde viven las historias. Descúbrelo ahora