Part 18

5K 297 9
                                    

Unicode


“အခုမှပဲ မျက်နှာမြင်ရတော့တယ်ကွာ၊ လာလာ မြေးလာ ကိုယ့်အိမ်ဖြစ်နေပြီပဲ လွတ်လွတ်လပ်လပ်နေ”

“ဟုတ်ကဲ့”

အိမ်ပြန်မယ်ဆိုတာကြောင့် ဖိုးဖိုးဦးမင်းထင်နေတဲ့အိမ်မှန်းသိလိုက်သည်။ အပြင်ပန်းပဲသိပြီး အတွင်းပိုင်းကိုအခုမှ ခြေချမိတာဖြစ်သည်။ ခြံထဲတောင် နှံစပ်မှုမရှိသေး။ ဒါပေမယ့် ဝင်ထဲက ဝါးပင်တွေတော့ မြင်မိသည်။ ပြီးတော့ ခြံထဲဝင်တာနဲ့ ဝါးနံ့သင်းသင်းက နှာဝကိုလာကျီစားသည်။ ဒါက ခံစားလို့ကောင်း၏။

“မြေး ဖေဖေနဲ့မေမေတောင် မနေ့ကလာသေးတယ်၊ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်လုပ်ဖို့ လာတိုင်ပင်တာ၊ ဖိုးဖိုးကတော့ သဘောကျတယ်‌ ပြောလိုက်တယ်”

“ဟာ ပွဲထပ်လုပ်ရအုန်းမှာလား ဖိုးဖိုး”

“လုပ်ရမှာပေါ့၊ ဒါက ကောင်းတဲ့ကိစ္စပဲ”

“ယောက်ျားလေးတစ်ခါယူမိပါတယ် ပွဲကိုဆက်နေတာပဲ”

“မြေးရေးဇိန် စကားကိုဘယ်လိုပြောနေတာလဲ”

ရှေ့မှာထိုင်နေတဲ့ မြေးမြန်မာ့ဂုဏ်ရည်ကို အားနာဖို့ကောင်းတယ်မလား။ ဘယ်လိုပဲ မင်္ဂလာဆောင်ပြီးပြီးပေါ့။

“ဘယ်လိုပြောလို့လဲ ဖိုးကလည်း နော် မြန်မာ”

“ကဲ ကြည့် မြေးရယ်၊ မြေးကပဲ နားလည်ပေးလိုက်ပါ”

သူ့ပုခုံးကို ပုခုံးချင်းလာတိုက်ပြီးပြောနေတာဖြစ်သည်။

“အဟွန်း ချစ်လို့ယူထားတော့လည်း စိတ်တိုင်းကျ လိုက်လုပ်ပေးရမှာပေါ့၊ အခန်းထဲခေါ်သွားလိုက်အုန်းမယ် ဖိုးဖိုး”

“အေးအေး သွား နားနားနေနေ နေကြ၊ နေ့လည်စာ ဒေါ်နွဲ့ကိုချက်ခိုင်းလိုက်မယ် မြေး မြန်မာ့ဂုဏ်ရည် မြေး မစားတာရှိလား”

“သူ အကုန်စားတယ်ဖိုးဖိုး”

“တယ်ကွာ သူ့လည်းမမေးပဲနဲ့”

“ကျွန်တော့်ယောက်ျားအကြောင်းကျွန်တော်သိလို့ ဖြေတာပေါ့”

“အေးပါ မေးမိတာ ဒီအဖိုးမှားတာဟုတ်ပြီလား”

“ကျွန်တော်ကစတာပါ ဖိုးဖိုးရဲ့၊ တက်တော့မယ်နော် ပြီးမှပြန်ဆင်းလာခဲ့မယ်၊ မြန်မာ လာ”

“ဖိုးဖိုး သွားလိုက်အုန်းမယ်”

“အေးအေးသွား၊ လိုတာရှိရင်ပြောနော်၊ ဟိုကောင်ကိုမပြောချင်ရင် ဖိုးဖိုးကိုပြော”

“ဟုတ်ကဲ့”

ဂုဏ်ရည် ဖိုးဖိုးကိုနှုတ်ဆက်ပြီး အပေါ်အရင်တက်သွားတဲ့ ရေးဇိန်မင်းထင်နောက်ကိုလိုက်ရသည်။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးတဲ့ နေရာကို သူ့ကိုစောင့်ခေါ်မယ်မရှိ။ အိမ်ကတော့ တော်တော်မိုက်သည်။ မြေးအဖိုးနှစ်ယောက်ထဲ ရှိပေမယ့် အိမ်ထဲအပြင် ခြံထဲပါသန့်ရှင်းနေပုံကိုကြည့်ရင် အလုပ်သမားတွေအများကြီးရှိပုံပေါ်သည်။ ခြံထဲကားနဲ့စဝင်လာကစတုန်းကတော့ မြက်ခင်းကွက်တွေကို ရေဖျန်းပြီး ဂရုစိုက်နေတဲ့သူကို တွေ့တယ်မလား။ အပေါ်ထပ်မှာလဲ အခန်းတွေက များသား။ ဖျတ်ကနဲဝင်သွားတဲ့ အခန်းနောက်ကို လိုက်ဝင်သွားတော့ အထဲမှာ တော်တော်ကျယ်သည်။ ရေးဇိန်မင်းထင်ကိုကြည့်တော့ အိပ်ရာပေါ်မှာ ဆန့်ဆန့်ကြီးမှောက်နေ၏။

ဂုဏ်ရည်တံခါးပြန်ပိတ်လိုက်သည်။ ကိုယ့်အိမ်မဟုတ်တဲ့သူ့အိမ်မှာ သူ့ကို ဖေးဖေးမမ လည်းမရှိ။ သူ ဆိုဖာဆက်တီမှာပဲဝင်ထိုင်လိုက်သည်။ အခန်းထဲမှာလည်း ဘွန်ဆိုင်းဝါးပင်လေးတွေကနေရာယူထားသည်။

“မြန်မာ လာလှဲလေ”

“ရတယ်”

“ဒီအိမ်ကမင်းအိမ်နော်၊ မင်းက မသိရင်ဧည့်သည်ကျနေတာပဲ၊ မင်းကြိုက်တဲ့နေရာ သွားလို့ရတယ်၊ ဒီခြံထဲမှာရှိတဲ့လူတွေ မင်းခိုင်းချင်တာ ခိုင်းလို့ရတယ်”

ဒီအိမ်ကမင်းအိမ်နော်လို့ပြောလိုက်တဲ့စကားက သူ့ရင်ကိုလှုပ်သွားစေသည်။ သူ့ဘက်သာ သူ့ကို ဖေးဖေးမမ မရှိလို့တစ်မျိုးဖြစ်နေတာ။ ရေးဇိန်မင်းထင်က သူ့ကို သူ့အိမ်လို့သဘောထားပြီးတော့ နေစေနေတာ။

“ရေချိုးခန်းက ဘယ်မှာလဲ ခဏဝင်မလို့”

“အခန်းထဲမှာ တံခါးနှစ်ပေါက်ပဲရှိတယ်၊ တစ်အိမ်လုံးလဲ မင်းကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒီအိမ်ဒီအခန်းက မင်းအခန်းလည်းဟုတ်တယ်”

“ရပြီ ငါ့ပါငါသွားကြည့်တော့မယ်”

ရေးဇိန် ဧည့်သည်လိုလုပ်နေတဲ့ မြန်မာ့ကိုပြောလိုက်မှ တံခါးနှစ်ပေါက်ကို တစ်ပေါက်ပြီးတစ်ပေါက်သွားဖွင့်ကြည့်သည်။ ပထမက အဝတ်လဲ ခန်းဖြစ်တာကြောင့် နောက်တစ်ပေါက်ဖွင့်ကြည့်ပြီး ဝင်သွားသည်။ အဝတ်လဲ အခန်းထဲမှာ မြန်မာ့အတွက် သူ့ကိုယ်တိုင်း အတိုင်း အဝတ်တွေအားလုံး သူစီစဉ်ပေးဖို့ အန်ကယ်တက်လူကိုပြောပြထားပြီးသား။ အားလုံး မြန်မာ သုံးဖို့က အဆင်သင့်။

ချပ်!

မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ရေးဇိန်က ကုတင်ခေါင်းရင်းကိုမှီထိုင်နေပြီး သူ့ကိုကြည့်နေသည်။

“ငါ အဝတ်လဲချင်တယ် ရှိလား”

သူ့ကို စကားပြန်မပြောပဲ လက်နဲ့တစ်ဖက်အခန်းကို ညွှန်ပြသည်။ သူဝင်သွားလိုက်ပြီး သေချာကြည့်လိုက်၏။ တစ်ဖက်က အနက်တွေသီးသန့်ဖြစ်ပြီး တစ်ဖက်ကတော့ အရောင်စုံ။ သူဝတ်သလို ရှပ်တို့ စပို့ရှပ်တို့ရှိတဲ့ တစ်ခြမ်းကိုမွှေလိုက်တော့ သူဝတ်တဲ့ ပုံစံအတိုင်း ကွက်တိဖြစ်နေသည်။ ယူဝတ်ကြည့်လိုက်တော့လည်း ကွက်တိ။ ဘောင်းဘီတွေကလည်း ရုံးဝတ်ဘောင်းဘီတွေ အနက်တွေနည်းတာမဟုတ်။ ခါးဆိုဒ်ကိုကြည့်လိုက်တော့ သူ့ဆိုဒ်။ ပေါ့ပေါ့ပါးပါး ပန့်တစ်ထည်ယူဝတ်လိုက်သည်။

“ပန့်က ကိုယ့်ဟာ မင်းနဲ့တော်လား”

“တော်တယ် ဒါနဲ့”

“အင်း ပြော”

“ဒါတွေက ဝယ်ထားတာလား”

“မဟုတ်ဘူးဗျာ သွားခိုးခိုင်းထားတာ”

“ကျစ် ငါ့အတွက် သွားဝယ်ထာတာလားမေးတာ”

“ဒါပေါ့ မင်းအတွက် မင်းလိုတာအားလုံးရှိတယ်”

အခန်းထဲမှာ အခုမှ သေချာကြည့်မိတော့ နံရံမှာ မင်္ဂလာပွဲတုန်းက သူတို့နှစ်ယောက်လက်ချင်းယှက်ကိုင်ထားတဲ့ပုံက တည်ရှိနေသည်။ သူတစ်ခုထဲမဟုတ်ပဲ သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်လှည့်ကြည့်နေတဲ့ပုံပါရှိနေသည်။ ခန္ဓာကိုယ်တွေကအတည့်ဖြစ်ပြီး မျက်နှာတွေက ဘေးတိုက်ဖြစ်ကာ သူကတည်နေပေမယ့် ရေးဇိန်မင်းထင်က နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေ၏။ ပြုံးမှာပေါ့ သူလုပ်ချင်တာလုပ်လို့ ရနေတာကို’ သူစိတ်ကပြောမိလိုက်သည်။ နောက်တစ်ပုံကတော့ ခေါင်းနပန်းကြီးသွားတော့သည်။ သူ့နှုတ်ခမ်းကို ခရင်သုတ်ပြီး နမ်းနေတဲ့ပုံ မဟုတ်ဘူးလား။ ဒါကို ပုံထုတ်ပြီး ချိတ်ထားစရာလိုလို့လား။

ရေးဇိန်ကတော့ အခန်းထဲကပုံတွေကိုကြည့်ပြီး နမ်းနေတဲ့ပုံကို မျက်မှောင်ကြုတ်ကြည့်နေသူကြောင့် ရယ်ချင်သွားသည်။ Pre wedding ရိုက်မှာကို လက်မခံတာကို သိတာကြောင့် ဒီပုံတွေကို ဓါတ်ပုံဆရာ သေချာငှားကြီး ဘက်ပေါင်းစုံက တစ်ခုမကျန်ရိုက်ဖို့ ပြောထားတာဖြစ်သည်။ ဒါထဲကမှ ပုံအကြီးကို သူ့စိတ်ကြိုက်ထုတ်ထားတာ။ ဖုန်းမြည်လာပြီး ဝရန်တာဖုန်းထွက်ပြောနေတဲ့ မြန်မာက နမ်းနေတဲ့ပုံကို သိပ်သဘောကျပုံမရ။
ဖုန်းပြောပြီးတဲ့ မြန်မာ့ဂုဏ်ရည်ကတော့ ဝရန်တာကနေ ခြံထဲကိုအပေါ်စီးကနေကြည့်နေပြီး ဘာလုပ်ရမလဲ စဉ်းစားနေတော့သည်။ ရေးဇိန်မင်းထင်နဲ့ဒီလိုကြီး ထဲထဲဝင်ဝင်ပတ်သက်သွားလိမ့်မယ်လို့ တွက်ဆမိထားတာမဟုတ်။ ကင်းကင်းရှင်းရှင်းနေမယ်လို့ လုပ်ထားပေမယ့် အသွေးအသားဆက်ယှက်သွားတဲ့အထိ ပတ်သက်သွားပြီဖြစ်သည်။ ဘုံ့ကတော့ ဖုန်းဆက်ပြီး ဘာမှမပြောပေ။ အလုပ်ဘယ်ရက်ပြန်တက်မှာလဲ လက်မှတ်ထိုးဖို့တွေနဲ့ ကိုဂုဏ့်ကိုတွေ့ဖို့ စောင့်နေသူတွေရှိတယ် ဘယ်တော့ ချိန်းလိုက်ရမလဲတဲ့။ သူဘုံ့ကိုပြောပြချင်ပါရဲ့။ ဘုံနဲ့သူ မဖြစ်နိုင်တော့ဘူးဆိုတာကို။ ဒါပေမယ့် ဒါကိုမျက်နှာပြောင်ပြောင်နဲ့ သူဘယ်လိုပြောရက်မလဲ။ တွဲကာစထဲက ကိုယ့်မျက်နှာပဲ ကြည့်နေသူက မင်္ဂလာဆောင်အထိ လက်ခံပေးပြီး နောက်ဆက်တွဲအစီအစဉ်အထိ လက်ခံပေးထားတာ။ ဒါတွေဖြေရှင်းပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ပြီး သူတို့နှစ်ယောက် အတူတူလျှောက်လှမ်းပြောထားတာ။ အခုမှထပြီး တိကနဲ မင်းနဲ့ကိုယ် ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး ပြောလိုက်ရမှာလား။

“ကိုယ့်ယောက်ျား ဘာတွေစဉ်းစားနေတာလဲ”

“မင်း အသံလေးဘာလေး ပေးလို့မရဘူးလား”

သူ့ခါးကိုနောက်ကဖက်လာပြီး ပုခုံးကိုမေးနဲ့လာထောက်ပြီး ပြောနေတာ။ ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတာကို ရုတ်တရက်လန့်သွားတောင်သွားသည်။

“မပေးပါဘူး ဒီအခန်းထဲမှာ မင်းနဲ့ကိုယ်ပဲ ရှိတာ မင်းက ဘာကိုလန့်နေတာလဲ”

“မင်းကိုပဲ လန့်နေတာ ရှင်းပြီလား ဖယ်”

“နေပါအုန်း ကိုယ့်ယောက်ျားရယ် ဒီလိုဖက်ထားချင်လို့”

“ရေးဇိန်မင်းထင်”

“အဟွန်း ရှက်နေတာ”

ဒီကောင်နဲ့စကားဘယ်လိုမှ ကောင်းကောင်းပြောလို့မရ။ ခြံထဲက သန့်ရှင်းရေးလုပ်နေတဲ့ သူတွေအားလုံး သူတို့ဆီကို ဖျတ်ကနဲ အကြည့်ရောက်လာသေးတာ။ ဝရန်တာမှာ ပူးပူးကပ်ကပ်နဲ့လူမြင်မကောင်း။

“ဖယ် အရှက်မရှိ လုပ်မနေနဲ့”

“ဟာ ဘာလုပ်ရသေးလို့လဲ ဖက်ရုံပဲဖက်ရသေးတာကို”

“မင်းငါပြောရင် တစ်ခါတစ်လေလောက် နားထောင်လို့မရဘူးလား”

“အင်းအင်း လာအထဲသွားလုပ်မယ်”

“ဟေ့ကောင်!”

“အဟွန်း စတာပါကွာ၊ နေ့လည်စာ သွားစားမယ် ဖိုးဖိုးစောင့်နေလောက်ပြီ”

အဲ့ဒိစကားက စောစောပြောသင့်တဲ့စကားမဟုတ်ဘူးလား။ အခုမှ ဘာဖြစ်လို့ ထပြောသလဲ။ အရေးကြီးတဲ့ စကားဆို အရင်မပြောဘူး။ လူကို ဟိုထိဒီပွတ်နဲ့။ ဘယ်လိုကောင်မှန်းကိုမသိဘူး။

///////////////////////////////////////

ရုတ်တရက် ကျောင်းရှေ့မှာ သူ့ကိုစောင့်နေတဲ့သူကြောင့် မြိုင်ဟေဝန် ဆက်ကနဲ့ဖြစ်သွားသည်။ ကိုကို့မင်္ဂလာဆောင်ပြီးထဲက တွေ့ဖို့မရှိတော့ဘူး မဟုတ်ဘူးလား။ သူနိုးတော့တောင် ဘေးမှာ soup တစ်ခွက်နဲ့ဆေးနဲ့ပဲ ရှိတဲ့မနက်က သူငိုမိသွားခဲ့တာ။ ညပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ်ပြီး မနက်မှာ အစတောင်ရှာမတွေ့ပဲ ပျောက်သွားတဲ့သူက အခု ကျောင်းရှေ့မှာ လာပေါ်နေသည်။ သူ့အိမ်မှာသူ့ကိုလုပ်ချင်တိုင်းတော့ လုပ်သွားပြီး ကျောတောင်ချမသွားဘူးထင်သည်။ ကိုယ့်ကိုချစ်တာ သဘောကျတာမရှိပဲ၊ မပြောပဲနဲ့ သူ့စိတ်ကြိုက်လူကိုလုပ်သွားတာ။ သူနဲ့ကိုယ်က ဘာဆက်ဆံရေးလဲတောင် သူအမည်ဖော်လို့မရပေ။ သူ အကြည့်လွှဲလိုက်ပြီး ကိုယ့်လမ်းအတိုင်းသွားဖို့လုပ်လိုက်၏။

“မြိုင်ဟေဝန် ဘယ်ကိုလဲ ငါ့ကိုမတွေ့ဘူလား”

“အော် အစ်ကိုမင်းခန့် ဒီဘက်ကိုကိစ္စရှိလို့လား”

မင်းခန့်ထည် မျက်မှောင်ကြုတ်လိုက်သည်။ ပြီးခဲ့တဲ့ရက်တွေက သူမျက်နှာချင်းမဆိုင်ရဲသေးလို့ ဒီအတိုင်းနေလိုက်တာ။ ဒီကောင်လေး ကျောင်းပျက်တာကိုလည်း သူသိသည်။ ကိုယ့်ဘက်က ဘာစကားမှမပြောပဲ ထားခဲ့တာကိုလည်း လွန်မှန်းသိသည်။ အခု သူစကားပြောဖို့ ကြိုးစားနေတာကို ရှောင်ဖို့လုပ်နေ၏။

“မင်းနဲ့စကားပြောရအောင် လာခဲ့”

“ဟို ကျွန်တော် အိမ်ကိုမြန်မြန်ပြန်မှဖြစ်မှာ အစ်ကိုဘာပြောစရာရှိလို့လဲ ဒီမှာပဲ မြန်မြန်ပြောလို့ရမလား”

“မရဘူး”

“ကျွန်တော်တို့ စကားပြောစရာက… မရှိဘူးမလား”

“ရှိတယ်”

“အစ်ကို ကျွန်တော် တကယ်ပြောတာ ဖွားဖွားကနေမကောင်းလို့ ကျွန်တော်မြန်မြန်ပြန်မှဖြစ်မှာ”

“လာ ငါလိုက်ပို့မယ်”

ဘယ်လိုငြင်းငြင်းမရပေ။ သူ့ကိုအတင်းဆွဲခေါ်ပြီး ကားထဲအတင်းထိုးထည့်သည်။
မင်းခန့်ထည်ကတော့ ကားပေါ်မှာတိတ်ဆိတ်နေတဲ့ ကောင်လေးကို တစ်ချက်တစ်ချက်ကြည့်လိုက်၏။ ဟိုညက ကိစ္စကိုသူတောင်းပန်ရအုန်းမှာ။ ဖြစ်ပျက်သွားတာတွေက မြန်ဆန်လွန်းသည်။ ကိုယ့်စိတ်က ဒီတစ်အပေါ်သဘောကျနေတာလား မသေချာပဲ ဖြစ်ပျက်သွားတာ။ အိမ်ပြန်ပို့ရင်း စိတ်မထိန်းနိုင်တဲ့သူက ဒီကောင်လေးအပေါ်ကိုမှားခဲ့တာ။ ကိစ္စပြီးလို့ အနားတိုးကပ်အိပ်ဖို့လုပ်လိုက်ပေမယ့် မွှေ့ယာမရှိတဲ့နေရာမှာ သူမအိပ်နိုင်။ ညတွင်းချင်းပြန်ခဲ့တာဖြစ်ပြီး မနက်နိုးတာနဲ့ ရေးဇိန်မှာတာသွားဝယ်ပြီး မြိုင်ဟေဝန်ကိုလဲ သွားပို့ခဲ့တာ။ သူသွားတော့ အိပ်ရာထဲမှာပဲရှိသေးတဲ့ မြိုင်ဟေဝန်က သူလာတာကိုသိမှာမဟုတ်။ စွပ်ပြုတ်ဗူးကိုသေချာဘေးမှာချပေးပြီး ဆေးကတော့ ပေါ်ပေါ်ထင်ထင်ပဲ ဆိုင်မှာဝင်မေးပြီးဝယ်ခဲ့တာ။ ဆေးဝယ်ပြီးမှတောင် မြိုင်ဟေဝန်က ဆရာဝန်လောင်းဆိုတာကို သတိရသွားသေးသည်။

“မြုင်ဟေဝန် ငါတောင်းပန်ပါတယ်”

အိမ်ရှေ့မှာကားရပ်လို့ဆင်းမယ်လုပ်တော့ အစ်ကိုမင်းခန့်ထည်ဆီက အသံထွက်လာသည်။ ကားတံခါးကိုဖွင့်နေရင်း ဆင်းဖို့ခြေတစ်လှမ်းတောင် ချပြီးနေပြီဖြစ်တဲ့သူက ရပ်သွား၏။

“ငါ..”

“ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး အဲ့ဒိမနက်က စွပ်ပြုတ်အတွက် ကျေးဇူးတင်ပါတယ် အစ်ကို”

စကားကို အဆက်မခံပဲ ကားပေါ်ကဆင်းကာ အိမ်ထဲဝင်သွားတော့သည်။ မြိုင်ဟေဝန် ပြောလိုက်တဲ့စကားကြောင့် မင်းခန့်ထည် ငူငူကြီး ကားပေါ်မှာထိုင်နေမိသည်။ ခြံကျယ်ထဲက ယိုင်နဲ့နဲ့အိမ်ကိုအကြောင်းမရှိပဲ ကြည့်နေမိ၏။ မိနစ်တော်တော်ကြာအောင် ကြည့်နေမိတဲ့ သူ့မြင်ကွင်းထဲ မြိုင်ဟေဝန် ပြန်ပေါ်လာသည်။ ဖုန်းပြောနေရင်း ငိုနေတာ။ မင်းခန့်ထည် ဘာမှမတွေးနိုင်ပဲ ခပ်မြန်မြန်ဆင်းသွားလိုက်သည်။

“အဟီး ကိုကို ဖွားဖွားက ကျွန်တော့်ကိုတောင် မစောင့်ဘူး ကိုကို အီးဟီး”

(ကိုကို အခုလာခဲ့မယ်နော်)

“မြိုင်ဟေဝန် ဘာဖြစ်လို့လဲ”

ကိုကိုဆိုထဲက ရေးဇိန်ကိုဆက်နေမှန်း မင်းခန့်ထည်သိလိုက်သည်။ မျက်ရည်စတွေနဲ့ ကောင်လေးက သူ့ကိုမော့ကြည့်လာ၏။

“ဖွားဖွား..ဖွားဖွားက အသက်မရှိတော့ဘူး အီးဟီး..”

ဟင်! သူ့အဖွား ဆုံးသွားတာလား။ မင်းခန့်ထည် ပုခုံးကိုကိုင်လိုက်ပြီး

“ဘာမှမဖြစ်ဘူး ငါတို့ရှိတယ်လေ”

မတ်တပ်ရပ်နေတဲ့သူ့ခါးကိုဖက်ပြီး ငိုလာတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွား၏။ မြေးအဖွားနှစ်ယောက်နဲ့နေလာတာကို အဖွားက ဆုံးသွားတော့ ဒီလောက်တော့ ခံစားရမှာပေါ့။

“မင်းက ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ”

“အဟမ်း ဒီလိုပဲ”

ချက်ချင်းရောက်လာတဲ့ ရေးဇိန်က အရင်ရောက်နေတဲ့သူ့ကိုမေးသည်။ မြိုင်ဟေဝန်ကတော့ သူ့အဖွားဘေးနားမှာ ကျုံ့ကျုံ့လေးထိုင်နေပြီး လက်ကိုကိုင်ထားရင်း အသံတိတ်မျက်ရည်ကနေ၏။

ရေးဇိန် ဖုန်းရတာနဲ့ ချက်ချင်းထွက်လာခဲ့တာ။ ဟေဝန်က မင်းခန့်နဲ့ပါ အဆက်အသွယ်ရနေတာလားတော့မသိ မင်းခန့်ထည်ကတောင် အရင်ရောက်နေသည်။ သူ ဟေဝန်နားကိုသွားထိုင်လိုက်ကာ ပုခုံးကိုဆွဲဖက်လိုက်၏။

“ဘာမှမဖြစ်ဘူး ဖွားဖွားက ကောင်းရာမွန်ရာ ရောက်မှာပါ၊ မင်းဘေးမှာ ကိုကိုရှိတယ် အားမငယ်နဲ့နော်”

မျက်ရည်ကျနေတဲ့ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ဒီအဖွားပဲရှိတာကို အဖွားက ဘေးကထွက်သွားတော့ ဘယ်ခံစားနိုင်ပါ့မလဲ။

“တစ်ခါထဲ အသုဘ ချချင်လား ဘာလုပ်ချင်လဲ ကိုကို့ကိုပြော”

“တစ်ခါထဲ ချလိုက်တာပဲ ကောင်းပါတယ် ကိုကိုရယ် အင့်!”

“အင်းအင်း ကိုကို စီစဉ်ပေးမယ် ထိုင်နေအုန်းနော်…မင်းခန့် လာလိုက်ခဲ့ ဘာတွေငိုင်နေတာလဲ လုပ်စရာရှိတာလုပ်ရအောင်”

ရေးဇိန်က တစ်ခါတစ်လေ လူကြီးဆန်သည်။ ကြုံဖူတာမရှိပဲနဲ့ ချက်ချင်းသိတဲ့သူတွေကိုဆက်သွယ်ပြီး ဘာလုပ်မလဲမေးကာ ချက်ချင်းလုပ်ပေးသည်။ သူတောင်ရေးဇိန်လို လူကြီးဆန်ဆန်မဖြေရှင်းတတ်ပေ။

“ကိုကို ဒီမှာအိပ်ပေးမယ်”

“ရပါတယ် ကိုကိုပြန်လေ၊ အစ်ကိုမြန်မာ့ဂုဏ်ရည် ပြောနေအုန်းမယ်”

“ဟုတ်သားပဲ မင်းပြန်လေ ငါစောင့်ပေးလိုက်မယ်”

“ရတယ် ငါ မြန်မာ့ကို ဖုန်းဆက်လိုက်မယ်”

ရေးဇိန် အသုဘ ရှိလို့ တစ်ညစောင့်အိပ်ပေးမယ့်အကြောင်းဖုန်းဆက်လိုက်သည်။ သူ့ကိုမချစ်သေးပဲ အသည်းမာသူကြီးကတော့ မင်းကြိုက်သလိုနေတဲ့လေ။

အဟွန်း! ပြန်ရောက်မှ မင်းကို သေချာချော့ပေးမယ်!


DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang